Tuesday, October 18, 2022

EV ခေါ် လျှပ်စစ်ကားဝယ်ဘို့စဉ်းစားကြမယ်ဆိုရင်

ဒီကိစ္စက လူတိုင်းပါးစပ်ဖျားမှာ ဆွေးနွေးနေရတဲ့အချိန်အခါရောက်ကြပြီမို့၊ မောင်မိုးညိုလည်းကိုယ့်ရဲ့ လေ့လာမှတ်သားချက်တွေနဲ့ ရှာဖွေစုဆောင်းတင်ပြလိုက်ပါတယ်။ သိကြတဲ့အတိုင်းဘဲ အမေရိနိုင်ငံ ကြီးမှာ Tesla အပါအဝင် လျှပ်စစ်ကားထုတ်လုပ်ရောင်းချတဲ့စက်ရုံကြီးတွေ နေ့ချင်းညချင်းတိုးပွား လာပြီး Elon Mask လိုကြွယ်ဝချမ်းသာသူတွေပေါ်ပေါက်လာတာ တကယ်တော့ဆယ်စုနှစ်တခု အတွင်းမှာပြောင်းလဲတိုးတက်လာတဲ့ကာလကြီးတခုဖြစ်နေပါပြီ။ သစ်လွင်ပြီး၊ ဆန်းသစ်တဲ့တီထွင်မှု တွေစုံလင်တဲ့အပြင်၊  လူတိုင်းကို ဆွဲဆောင်မှုအပြည့်ပေးနေတဲ့လျှပ်စစ်ကားတွေက လမး်တွေပေါ်ပ လူပျံလာတာ မျက်စေ့တဆုံးမို့လား။ အရင်က Tesla စီးနိုင်သူတွေဟာလက်တဆုပ်စာလူချမ်းသာများ ဆိုတဲ့ခေတ်ကနေ၊ ခုလေးငါးနှစ်အတွင်းမှာ၊ အိမ်နားချင်းတွေထဲမမှာတောင် သာမာန်လူတန်းစားကြား ထဲတိုးဝှေ့နေရာယူလို့နေပါပြီ။ အဓိကတွန်းအား ကတော့ Clean Energy ကိုတွန်းအားပေးတဲ့ ပါတ်ဝန်း ကျင်လေထုညစ်ညမ်းမှုကိုကာကွယ်တဲ့ တွန်းအားပေးမြှင့်တင်နေတဲ့ နိုင်ငံရေးရေစီးကြောင်း၊ စျေးကွက် ထဲအရောက်ပို့နိုင်တဲ့ယာဉ်တွေနဲ့ တရိပ်ရိပ်ကျဆင်း လာတဲ့ယာဉ်တန်ဘိုးတွေဟာ ဆွဲဆောင်မှုလက် နက်တွေပါဘဲ။ ပြိုင်ဆိုင်မှုကြီးမားတဲ့စျေးကွက်မှာ၊ ဖန်တီး သူပညာရှင်များရဲ့ဆန်းသစ်တဲ့အယူအဆနဲ့ နည်းပညာတွေဟာလဲ အရေးပါတဲ့မောင်းနှင်တံတွေဖြစ်လို့နေပါပြီ။ ခုဆောင်းပါးရေးချိန်မှာအဓိကစိမ်ခေါ်နေတဲ့အချက်(၂)ခုဖြစ်တဲ့ လျှပ်စစ်ကား များခရီးလမ်းမိုင် ပိုမိုရှည် လျားစွာမောင်းနိုင်မဲ့ဘက်ထရီအမျိုးအစားသစ်များပေါ်ထွက်လာရေးနဲ့ ၀ယ်ယူသူတွေလိုချင်တဲ့အချိန် မှာသင့်တင့်တဲ့စျေးနှုန်းနဲ့ဝယ်ယူနိုင်တဲ့ ယာဉ် inventory အဆင်သင့်ရှိနေဘို့ဆိုတဲ့ကိစ္စ ကြီးတွေဘဲ. ကျန်ပါတော့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဓါတ်ဆီ(စက်သုံးဆီ)ထဲ့ရတဲ့စရိတ်နဲ့အချိန် ကိုဖြေရှင်း ပေးနိုင်မဲ့အဖြေဟာ လျှပ်စစ်ယာဉ်များလို့ လူတွေစတင်လက်ခံလာကြပြီဆိုတဲ့အချက်ဖြစ်လို့နေပါတယ်။

ဒါပေမဲ့လဲဒီကြီးမားတဲ့ဝယ်ယူသုံးစွဲကြမဲ့ consumers တွေကြားထဲမှာ မချင့်မရဲဖြစ်မှုတွေကတော့ရှိနေ ဆဲလို့စျေးကွက်လေ့လာသူသုတေသီတွေကဝန်ခံထားကြပါတယ်။ စက်သုံးဆီကိုအခြေခံတဲ့ယာဉ်ထုတ် လုပ်သူတွေရဲ့အနေအထား၊ နိုင်ငံရေးရေစီးကြောင်း၊ စီးပွားရေးကမောက်ကမဖြစ်မှု၊ အဆမတန်ကြီး မားလာတဲ့ကုန်စျေးနှုန်းနဲ့ supply-chain shortage၊ လျှပ်စစ်ယာဉ်များရဲ့ သုံးစွဲသူတွေအတွက်လက် တွေ့နေ့တဓူဝလိုအပ်ချက်တွေကိုဖြည့်စွမ်းပေးနိုင်မှုအလားအလာ စသည်တို့ဟာ ဒွိဟပွားစေတဲ့အချက် တွေပါ။ အမှန်ပြောရရင် မိမိတို့ရဲ့နှစ်ပရိစ္ဆေဒကြာအရိုးစွဲနေကြတဲ့ ဓါတ်ဆီကိုအခြေခံတဲ့ယာဉ်တွေကနေ လျှပ်စစ်သုံးယာဉ်တွေပြောင်းသုံးကြမယ်ဆိုရင် ကြိမ်းသေရင်ဆိုင်ရမဲ့ Lifestyle ပြောင်းလဲမှုဟာ မဖြစ် မနေရှိလာမှာဖြစ်ပါတယ်။ Tesla လိုယာဉ်လက်ထဲရောက်ပြီးမှ အကြောင်းကြောင်းကြောင့် ဓါတ်ဆီကို အခြေခံတဲ့ယာဉ်တွေနဲ့ပြန်လဲလှယ်ကြတဲ့အဖြစ်တွေလဲကြားဘူးလာရပါတယ်။


ကဲ မှတ်စုလေးတွေလေ့လာကြရအောင်ပါ။


EV ၀ယ်ယူသုံစွဲခြင်းအားဖြင့် အစိုးရထံက ရနိုင်မဲ့ rebates များ

သမ္မတဘိုင်ဒင်အစိုးရက. တလောကလက်မှတ်ရေးထိုးထုတ်ပြန်တဲ့  $၇၄၀ဘီလီယံတန်ဘိုးရှိတဲ့ Inflation Reduction Act က EV တွေအတွက်အခွန်ကြေးသက်သာရေးအစီအစဉ်တွေပါနေပါတယ်။ အဲ့ဒီဥပဒေက အခွန်သက်သာခွင့်အနေနဲ့ EV အသစ်ဆိုရင် $7,500၊ အဟောင်းဆိုရင် $4,000 အထိရမယ်လို့ဆိုပါတယ်။ လက်ရှိ 2023 Nissan Leafe EV ဟာ $27,800 ရှိပြီး၊ ဓါတ်ဆီနဲ့မောင်းရတဲ့ 2022 Nissan Sentra ဟာ $19,500 မို့စျေးပိုကြီးတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့  rebate အရဆိုရင်၊ စျေးတူတူနဲ့တင် အဆင့်မြင့်တဲ့ EV ကိုမောင်နှင်နိုင်ခွင့်ရကြပြီပေါ့။ ဒါပေမဲ့  ဓါတ်ဆီနဲ့လျှပ် စစ်တဝက်ဆီလောက်သုံးတဲ့ hybrid တွေကတော့အဲ့ဒီလောက် rebate မရနိုင်ကြပါဘူး။ ဒီအပြင် အဲ့ဒီ EVs တွေဟာမော်တော်ယာဉ်ထုတ်လုပ်မှုနောက်ဆုံအဆင့် (“final assembly”) အမေရိကပြည်တွင်း မှာဆင်တဲ့ယာဉ်များသာဖြစ်ရပါမယ်။ လက်ရှိ models (၃၁)ခုဘဲခွင့်ပြုပါတယ်။ ဆိုလိုတာက Tesla ဆိုတိုင်းခံစားခွင့်မရကြောင်းပါ။ အစီးရေရောင်းချမှုကန်ုသတ်ချက်လဲရှိတာမို့ “ဦးရာလူ”စနစ်လဲပါသေး ပါတယ်။ California ပြည်နယ်ကတော့ ပြည်နယ်အစိုးရအစီအမံနဲ့ $7,000 အထိကို ယာဉ်အမျိုးအစား EVs တွေအတွက် rebates ပေးဘို့အစီအစဉ်ရှိနေပါတယ်။ California Fuel Reward Program အရ $750 တော့ လျှပ်စစ်ကားဝယ်ယူသူတိုင်းလိုလိုက ရရှိကြမယ်လို့ဆိုထားပါတယ်။ Southern California Edison (SCE) လိုလျှပ်စစ်ဓါတ်အားပေးကုမ္ပဏီတွေကလည်း $1,000 ပေးဘို့ရှိနေပါ တယ်။ 


EVs တွေအတွက်လိုအပ်မဲ့အိမ်တွင်း(ကားဂိုထောင်တွင်း)အပြင်အဆင်

EVအတော်များများဟာ လက်ရှိသုံးစွဲနေတဲ့ 110-volts လျှပ်စစ်ခုံမှာအားသွင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါကို (Level 1) charging အားသွင်းစနစ်လို့ခေါ်ပြီး၊ နေ့တပိုင်းလောက်အနည်းဆုံးအားသွင်းရတာမို့ သိပ်အဆင်မပြေကြပါ။ အဲ့ဒီအတွက် Level 2 လို့ခေါ်တဲ့ 220-volts ကိုပြောင်းလဲတပ်ဆင်သုံးကြသူ များပါတယ်။ အဲ့ဒီအတွက် လျျှပ်စစ်ဓါတ်အားခတဟုန်ထိုးတက်သွားတာကို သုံးစွဲကြသူတွေက မျက် လုံးပြူးကြရပါတယ်။ တွက်ချက်ကြည့်ရင် တလကိုပျမ်းမျှအနည်းဆုံး $80 ပိုမိုကုန်ကျမှာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါက်ရေရှည်ကိုကြည့်ရင် လက်ရှိဓါတ်ဆီစျေးအရ Nissan Sentra ပိုင်ရှင်တဦး ဟာ Nissan Leafe ပိုင်ရှင်ထက် ($1,100) ပိုကုန်တယ်လို့လဲဆိုထားပြန်ပါတယ်။ ဒါပျမ်းမျှသုံးစွဲကြသူတွေ ကိုလေ့လာကြည့်ရသလောက်ပါ။ အဲ့ဒီအတွက် အိမ်ပိုင်ရှင်တွေက Solar panels တွေပြောင်း လဲတပ် ဆင်ပြီး မိမိအိမ်လျှပ်စစ်သုံးစွဲမှုရေရှည်အတွက်ရော၊ ကိုယ့်ယာဉ်အတွက်လက်တွေကျစရိတ်ကာမိနိုင် မဲ့အစီအမံတွေလုပ်လာကြပါပြီ။ 


ပြင်ပအများသုံး public areas တွေမှာရှိတဲ့ charging stations တွေရဲ့အခြေအနေ

လက်ရှိ charging stations (California):

Level 1 – (၆၂၉)ခု

Level 2 – (၇၁၂၃၆)ခု

Level 3 – (၇၁၅၈)ခု ရှိနေပါတယ်။

Super chargers တွေကိုတော့ Level 3 stations (DC Fast Chargers  480 volts) တွေလို့ခေါ် ထားကြပါတယ်။ စျေးကြီးပေမဲ့တဖြေးဖြေးလျော့နညး် သွားမယ်လို့မျှော်မှန်းကြပါတယ်။ အချိန်အနေနဲ့ နာရီဝက်အတွင်းအားအပြည့်ဖြည့်နိုင်တယ်လို့ဆိုထားပါတယ်။ လက်ရှိအခြေအနေမှာ ဒီ Super-charger တွေဟာ $16 လောက်ပေးမှ အားအပြည့်ဖြည့်နိုင်ပါမယ်။ အချို့နေရာတွေမှာ၊ shopping centers တွေ (Amazon Centers) တွေ၊ ရုံးတွေမှာ အခမဲ့လို့ ဆိုကြပါတယ်။ ဒီ့အပြင် မိမိတို့သွားမဲ့. ခရီးစဉ်လမ်းကြောပေါ်မှာရှိနိုင်မဲ့ အားသွင်း charging stations တွေရဲ့တည်နေရာတွေကို navigations တွေမှာစတွေ့နေကြရပါပြီ။ 

California ပြည်နယ်အတွင်းမှာ charging stations (၈)သောငး်ဘဲရှိနေပေမဲ့ (၂၀၃၀)မှာ (၇)သိန်းခွဲ အထိတိုးချဲ့ဘို့ရှိနေပါတယ်။ (၂၀၃၅)မှာတော့ (၁.၂)သန်းအထိရှိလာနိုင်ပါလိမ့်မယ်။


လက်ရှိ EVs တန်ဘိုးများ (Kelly Blue Book အရ)

ပျမ်းမျှအနေနဲ့ ($66,997) ပါ။

Tesla - $75,000

Nissan Leaf - $28,495

Chevy Bolt - $32,495

VW ID.4 - $42,525


EVs ယာဉ်တွေအတွက် maintenance, ပြင်ဆင်မှုနဲ့ အာမခံ insurance

EVs တွေဟာ တည်ဆောက်ပုံရှင်းလင်းတဲ့အတွက် ပြင်ဆင်မှုဆိုတာထက် အဆင့်မြှင်မှု update/upgrades လို့ဆိုရင်ပိုမှန်လိမ့်မယ်လို့ ပညာရှင်များကဆိုကြပါတယ်။ မိမိတို့ရဲ့ cell phones များကို update လုပ်ကြရတဲ့သဘောပါ။ လျှပ်စစ်အိုးဘက်ထရိများရဲ့သက်တမ်းဟာခုချိန်မှာ (၁၀)နှစ် လောက်အထိကောင်းကောင်းသုံးနိုင်နေကြပါပြီ။ အရွယ်အစားပိုသေးတဲ့ဘက်ဖထရီအိုးမျိုးသုတေသန ပြုထုတ်ဖို့ အစီအစဉ်အတော်ခရီးရောက်နေပြီလို့ဆိုကြပါတယ်။ 

အာမခံပရိမီယံကြေးကတော့ သာမာန်ဓါတ်ဆီကိုအခြေခံတဲ့ယာဉ်ထက် $100 ပိုမိုကုန်ကျနေကြောင်း ဆိုထားပါတယ်။ စတင်ပေါ်ပေါက်စဉ်က အဆမတန်စျေးကြီးပေမဲ့ ခုချိန်မှာတော့ ပရီမီယံနှုန်းထားတွေ တရိပ်ရိပ်ကျဆင်းလာတာကိုဝမ်းမြောက်ဘွယ်တွေ့နေရပါပြီ။


ဒါဆို EV လက်ဝယ်ရှိတဲ့အတွက်ရေရှည်မှာ ဘယ်ယာဉ်ကပိုမိုခြိုးခြံချွေတာရာရောက် မလဲ?

ဒါဟာဖြေရခက်တဲ့မေးခွန်းပါ။ ဒါပေမဲ့ AAA ရဲ့တွက်ချက်ပြမှုကတော့ Nissan Leafe EV ပိုင်ရှင်တ ယောက်အနေနဲ့ (၅)နှစ်တာကာလအတွက် အထွေထွေကုန်ကျစရိတ်ပေါင်း ($40,754) ရှိပြီး၊ Nissan Sentra ပိုင်ရှင်ကတော့ ($52,868) ကုန်မယ်လို့တွက်ချက်ပြထားပါတယ်။ 


EVs များထုတ်လုပ်တည်ဆောက်နိုင်မဲ့အလားအလာ

California ပြည်နယ်က (၂၀၃၅)နောက်ပိုင်းလျှပ်စစ်ယာဉ်များသာထုတ်လုပ်ရေးဥပဒေသက်ရောက်မှု ဟာလူတိုင်းကိုမျက်စေ့လည်စေနေပါတယ်။ အဲ့ဒီဥပဒေက (၂၀၃၅)နောက်ပိုင်းထုတ်လုပ်ရောင်းချမဲ့ ယာဉ်အသစ်များနဲ့သာသီးသန့်ဆိုင်ပါတယ်။ လက်ရှိဓါတ်ဆီကိုအခြေခံတဲ့ယာဉ်ပိုင်ရှင်တွေစိုးရိမ်စရာ မလိုပါ။ ဆက်သုံးစွဲနိုင်သေးတယ်ဆိုပါတယ။် ဒါပေမဲ့လမ်းပေါ်မှာ ဓါတ်ဆီသုံးယာဉ်တွေစောနိုင်သမျှ စောစီးစွာပျောက်ကွယ်သွားရေးဟာ အစိုးရကဦးတည်နေတဲ့လမ်းကြောင်းဆိုတာကို သတိပြုမိကြရပါ မယ်။ အဲ့ဒီအတွက်လက်ရှိဓါတ်ဆီအခြေခံတဲ့ယာဉ်ပိုင်ရှင်များကလည်းအနှေးနဲ့အမြန်ဆိုသလို သူတို့ပိုင် ယာဉ်တွေကိုရောင်းချကြမယ်လို့တွက်ချက်ရပါတယ်။ California ပြည်နယ်နညး်တူ အခြားပြည်နယ်အ တော်များများကလည်းလိုက်လုပ်ကြဘို့အလားအလာများပါတယ်။ (၂၀၂၆)နောက်ပိုင်းယာဉ်အသစ်ထုတ် လုပ်တဲ့ကုမ္ပဏီများဟာ (၃၅%)သောယာဉ်အသစ်များဟာ လျှပ်စစ်ယာဉ်မျာဖြစ်ကြရပါမယ်။ နှစ်အလိုက် အဲ့ဒီ%ကတိုးသွားပါလိမ့်မယ်။ အဲ့ဒီမျှော်မှန်းချက်တွေအ တွက်လည်းဆုပေးဒါဏ်ပေးစနစ်ရှိမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ယာဉ်ပိုင်ရှင်များကိုတော့ဒါဏ်မရိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီဥပဒေတွေဟာ မော်တော်ဆိုက်ကယ်နဲ့ထရပ်အသေးစားတွေ (motorcycles & semi-trucks) တွေနဲ့မသက်ဆိုင်ပါဘူး။ ရာသီဥတု Climate change ကိစ္စက သွားလေသူသမ္မတ Ronald Reagan လက်ထက်ကတည်းက စတွန်းအားပေးတဲ့ကိစ္စပါ။ Clean energy/ renewable energy ဆိုတဲ့ကိစ္စတွေကအဲ့ဒီအတည်းက အစပျိုးခဲ့ကြတာပါ။


အဲ့ဒီမျှော်မှန်းချက်ကို မော်တော်ယာဉ်ထုတ်လုပ်သူတွေမှီနိုင်ပါ့မလား?

အမှန်တကယ်အားဖြင့်ကတော့ မော်တော်ယာဉ်ထုတ်လုပ်သူတွေကိုယ်တိုင် လျှပ်စစ်ယာဉ်ထုတ်လုပ် ရေးကိုစိတ်အားထက်သန်ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ပင်မကုမ္ပဏီကြီးများဖြစ်တဲ့ General Motors နဲ့ Ford တို့ကအင်တိုက်အားတိုက်လုပ်နေကြပါပြီ။ လက်ရှိမှာ models အမျိုးအစားပေါင်း (၁၂၂)ခုထိတောင်ရှိနေတာကိုကြည့်ကြပါ။ California ပြည်နယ်မှာယာဉ်ပိုင်ရှင်(၆)ဦးမှာ(၁)ဦးဟာ EVပိုင်ရှင်တွေဖြစ်နေပါပြီ။ လာမဲ့ (၂၀၃၅)မှာတနှစ်ကို ယာဉ်အစီးရေ(၂)သန်းထုတ်လုပ်ဖို့မျှော်မှန်း ပါတယ်။

Canada နိုင်ငံဟာလည်းလာမဲ့ (၂၀၃၅) နဲ့ Mexico ကလည်း (၂၀၄၀)မှာ လျှပ်စစ်ကားများကိုသာ ထုတ်လုပ်ရောင်းချဘို့အစီအမံတွေရှိနေပါပြီ။ ဓါတ်ဆီဆိုင်တွေရဲ့အရေအတွက်ကိုလည်းလျှပ်စစ် charging stations တွေကဝင်ရောက်နေရာယူလာပါလိမ့်မယ်။


 EVs ယာဉ်များဟာ နည်းပညာတိုးတက်ရေးအနာဂါတ်အိပ်မက်ကမ္ဘာရဲ့ ပြယုဂ်တွေပါ။ စက္ကန့်နဲ့အမျှ တိုးတက်ထွန်းကားနေတဲ့ IT နည်းပညာရဲ့အခြေခံအုတ်မြစ်ကိုလည်းရယူထားပါတယ်။ ကိုယ်စီးနေ တဲ့ယာဉ်နဲ့ပါတ်သက်ပြီး၊ အပြောင်းအလဲ၊ မိုင်နှုန်း၊ မောင်းနှင်မှု behavior တို့ဟာဆိုင်ရာ ကားထုတ် လုပ်တဲ့ကုမ္ပဏီအဆောက်အအုံမှာ စက္ကန့်မပြတ်မှတ်တမ်းတွေရေးသွင်းနေပါပြီ။ ကိုယ့်ရဲ့ယာဉ် မိုင် ဘယ်လောက်မောင်းထားလဲဆိုတဲ့မှတ်တမ်းကစလို့၊ ကားဘယ်နေရာမှာရပ်ထားခဲ့သလဲ၊ ဘက်ထ ရီနဲ့လိုအပ်တဲ့အင်ဂျင်တွေရဲ့ကျန်းမာရေး (vehicle health status) တွေဟာ ကိုယ်တိုင်မသိရခင်မှာ တင်မှတ်တမ်းအဖြစ်ထိမ်းသိမ်းထားနိုင်ပါပြီ။ မိမိရဲ့ကိုယ်ရေးအချက်အလက်နဲ့မောင်နှင်မှုဆိုင်ရာ ရာဇဝင်(driving history) တို့တောင်မှတ်တမ်းဝင်နိုင်တဲ့အတွက်၊ လုံခြုံမှုနဲ့ ကိုယ်ရေးကိုယ်တာကိစ္စ (personal data) တွေရဲ့ privacy ကိုကာကွယ်နိုင်ရန်အလို့ငှာ၊ မှတ်တမ်း tracking မလုပ်တာကို ကြည့်ရင် နည်းပညာအံ့မခန်းမှုကို ဘရိတ်အုတ်နေကြရတဲ့ကာလထဲရောက်နေပါပြီ။ မောင်းသူမဲ့ (driverless) ယာဉ်ဟာလက်တကမ်းမှာသာလိုတော့တဲ့အပြင်၊ အများသုံးလမ်းအန္တရယ်ဘယ်လောက် ကင်းနိုင်လဲဆိုတဲ့မေးခွန်းသာဖြေဘို့လိုပါတော့တယ်။ ဥပဒေကြောင်းကနောက်ကလိုက်နေရပါတယ်။

မြန်မာတွေ EV လျှပ်စစ်ယာဉ်ဝယ်ယူရာမှာ မိမိတို့ lifestyle နဲ့လိုက်လျောညီထွေလိုရင်းသက်သက်ပါ။


Tuesday, September 20, 2022

စီးပွားပျက်ကိန်းဖြစ်နိုင်ချေ ဟုဆိုကြရာဝယ်…

ဒီကိစ္စက အမေရိကနိုင်ငံနဲ့ကမ္ဘာတလွှားမှာခုနောက်ပိုင်းခပ်စိတ်စိတ်လေးပြောလာကြတာတွေ့ရပါ တယ်။ နေ့စဉ်သတင်းတွေကတော့ ကုန်ပစ္စည်းတွေအဆမတန်စျေးကြီးလို့ လိုချင်တာ၊၀ယ်ချင်တာ (တချို့ဆို နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းနဲ့စားသောက်ကုန်တွေ) အရောင်းဆိုင်တွေမှာ ကြက် ပျောက်ငှက်ပျောက်ပျောက်ကုန်ကြတာတွေကိုအလန့်တကြား သတင်းဗီဒီယိုတွေမှာတက်လာကြတာ မမြင်ချင်အဆုံးဖြစ်နေပါပြီ။ ဒီသတင်းတွေကြားမြင်ကြရသူ (အထူးသဖြင့်အိမ်ရှင်မတွေအတွက်) ထိတ် လန့်တုန်လှုပ်ကြတာတွေက လူသူမရွေးဘာသာမရွေးပါ။ အိမ်ရှင်မတွေ ထိတ်လန့်ကြရင် ထိမ်းမနိုင် သိမ်းမရဖြစ်တတ်စမြဲပါ။ အိမ်ဦးနတ်ခင်ပွန်းတွေကတော့ဝင်ငွေရှာဖွေရာမှာ ဦးဆောင်တတ်လေ့ရှိပေမဲ့ ခုခေတ်မှာတော့ လင်ရောမယားပါမက၊ အိမ်မှာ အရွယ်ရောက်သူတိုင်းအလုပ်မလုပ်လို့မဖြစ်တဲ့ခေတ် အခါရောက်နေပါပြီ။ 

ဒီအထဲမှာ ခင်ပွန်းတစ်ဦးထဲကအလုပ်လုပ်ပြီး၊ ကျန်အိမ်သားတွေမှီခိုစားသောက် ကြသူမိသားစုဝင် စနစ်ခေတ်ကိုယဉ်ပါးခဲ့ကြတဲ့ ပြည်ပရောက်မြန်မာမိသားစုအချို့ကတော့ ဒီသတင်း ရေစီးကြောင်းမှာ  လမ်းပျောက်တတ်ကြပါတယ်။ ဗဟုသုတနည်းသူတွေတော့ ယုံမှားသံသယစိုးရိမ်ပူပန်မှုပိုကြီးတတ်

ကြပါတယ်။ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် အပိုစုဆောင်းမှု နည်းပြီး၊ ချွေတာ ခြင်း ကိုအလေ့အထမရှိကြရင် ပိုဆိုးတတ်ပါတယ်။ အမှန်တော့လည်း စီးပွားပျက်ပြီ ဆိုရင် ကို်ယ့်အ လုပ်အ ကိုင်အပေါ်သက်ရောက်မှုရှိနေပြီလားဆိုတာကို မြင်အောင်ကြည့်တတ်ရင် သိသာပါတယ်။ ကိုယ်လုပ် နေတဲ့အလုပ်ဟာ ကို့ယ်မိသားစုရဲ့ စီးပွားဘဝကိုတိုက်ရိုက်ညွှန်ပြလေ့ရှိ ပါတယ်။ ဒါကသိပ် အရေး. ကြီးပါတယ်။ အလုပ်အကိုင်ဝင်ငွေမရှိတော့တာဟာ ရှေ့ပြေးလက္ခဏာပါ။

စျေးတွေအဆမတန်ကြီးလာခြင်းနဲ့ လိုချင်တဲ့စားသောက်ကုန်နဲ့ကုန်ပစ္စည်းရှာဖွေဝယ်ယူလို့မရခြင်း တွေဟာ လူတိုင်းကို စိုးရိမ်ပူပန်မှုနဲ့ မတည်ငြိမ်မှုကို မကွယ်မဝှက်ညွှန်ပြလေ့ရှိကြပါတယ်။ ဒါအရပ် ထဲမြင်တတ်တဲ့၊ မြင်နိုင်တဲ့သာဓကတွေပါ။ အမေရိကနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဘက်မှာကမ္ဘာကြီးက မော့ကြည့်ရလောက်တဲ့ ကြွယ်ဝတိုးတက်မှုနဲ့ စနစ်ကောင်းကြောင့် သူ့ရဲ့စီးပွားရေးအပြောင်းအလဲကို နိုင်ငံအားလုံးကစောင့်ကြည့်ရတဲ့ အခြေအနေမှာရှိပါတယ်။ နိုင်ငံရေးရေစီးကြောင်း၊ အုပ်ချုပ်မှု၊ နိုင်ငံ ရဲ့စီးပွားရေးစနစ်စီမံခန့်ခွဲမှု၊ စသည်တို့ကလွှမ်းမိုးနေပေမဲ့ အမှန်တကယ် လွှမ်းမိုးမှုရှိတာတွေကတော့ ငွေရေးကြေး ရေးလည်ပါတ်စီးဆင်းမှု၊ ကုန်ပစ္စည်းစီးဆင်းမှု၊ လူထုရဲ့တုန့်ပြန်မှုတွေဟာ ပိုမိုအခရာကျ တဲ့အချက်တွေ ဖြစ်လေ့ရှိတတ်ကြပါတယ်။ စီးပွားရေးလေ့လာသုံးသပ်သူနဲ့အရံအတားအစီအမံများစွာဟာ အမေရိက ရဲ့စီးပွားရေးတည်ငြိမ်မှုကို ကျားကန်ပေးတဲ့အခြေအနေကောင်းတွေကအဖြစ်ကိုဖန်တီးထားပါတယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ပါတ် သက်ပြီး ဘယ်သူမှထိန်းချုတ်နိုင်စွမ်းမရှိဘူးဆိုတဲ့အချက်ကိုတော့ လေ့လာသူကျွမ်းကျင်ပညာရှင် အားလုံးကတညီတညွတ်တည်းသဘောတူလေ့ရှိကြပါတယ်။ 

ဒီလမှာ လက်ရှိ မီဒီယာလောကနဲ့သတင်းဆောင်းပါးတွေမှာ လေ့လာသူပညာရှင်များရဲ့အဆိုအမိန့်နဲ့ ဒီစီးပွား မတည်ငြိမ်မှုဟာ အမေရိကရောက်မြန်မာကွန်မြူနီတီပေါ်သက်ရောက်နိုင်မဲ့အနေအထားကို စုဆောင်း ရှာဖွေတင်ပြပါမယ်။ 

မြောက်များလှစွာသော economic indicators တွေထဲမှာ အလုပ်အကိုင်စျေးကွက် (job markets) ဟာ အခရာကျတဲ့ညွှန်ပြကိန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဝက် (ဂျွန်လအထိ)မှာ အလုပ်အကိုင်အသစ် (၂.၇သန်း) ချဲ့ထွင်ခန့်အပ်ခဲ့တာမို့ (recession) ဆိုတဲ့ဝေါဟာရထက် (economic contraction) ဆိုတဲ့ ဝေါဟာရကိုသာဇောင်းပေးသုံးနှုန်းကြတာကိုလေ့လာတွေ့ရပါတယ်။ ဒါဟာလဲ ပြီးခဲတဲ့ ကပ်ရောဂါကာ လ (pandemic period) ကအလုပ်ပြန်လုပ်ခွင်ဝင်ကြသူတွေကြောင့်လဲဖြစ်နိုင်ကောင်းပါတယ်။ အမေရိကမှာ စီးပွားရေးအဆောက်အအုံအားလုံးကမျက်ခြေမပြတ်ကြည့်ရှုရတဲ့ ဗဟိုဘဏ် (Federal Reserve) ရဲ့အတိုးနှုန်းမြှင့်တင်မှုဟာ စီးပွားရေးကမောက်ကမ မတည်ငြိမ်မှုချိန်ခွင်လျှာကို မီးမောင်း ထိုးပြလို့နေပါတယ်။ Job Market အခြေအနေကိုထိခိုက်စေမဲ့အတိုးနှုန်းမြှင့်မှုကို FR ဥက္ကဌများက ရှေင်ရှားကြရတာဟာ ထုံးတမ်းစဉ်လာတခုဖြစ်နေပါပြီ။ ဒါပေမဲ့လညး်အရပ်ထဲနဲ့လုပ်ငန်းရှင်များကြား မှာ စိုးရိမ်ပူပန်မှု၊ မကြေနပ်ကန့်ကွက်မှု၊ ပစ်တင်ရှုတ်ချမှုတွေ နိုင်ငံရေးအတိုက်အခံများရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေဖြစ်တဲ့ အဓိကပြဿနာ(၂)ခုဖြစ်တဲ့ (inflation) နဲ့ (supply chain shortage) တို့ဟာ စီမံအုပ်ချုပ်သူတွေကိုကောင်းကောင်းကြီးဒုက္ခပေးလို့နေပါတယ်။ ခုလို mid-term elections တွေထဲ ရောက်တဲ့ကာလမှာဒီပြဿနာကြီးတွေဟာ ရေလဲနဲ့သုံးစရာလက်နက်တွေဖြစ်လို့နေပါပြီ။ inflation ဟာ (၄၁)နှစ်တာကုန်စျေးနှုန်းသမိုင်းမှာ အကြီးမားဆုံးစိမ်ခေါ်မှုအဖြစ် (၉.၁%)ရှိနေပါပြီ။ မိသားစု တိုင်းဟာခါတိုင်းသုံးစွဲကြတဲ့အလေ့အထကို လျှှော့ချကြရတဲ့အဖြစ်တွေရောက်နေပါပြီ။ နေ့စဉ်ထမင်း ၀ိုင်းတွေမှာ ကုန်စျေးနှုန်းအကြောင်း၊ မိမိတို့စားနေကျ အစားအစာတွေရဲ့စျေးနှုန်းတွေကို လက်ညှိုးထိုး ပြောကြရတဲ့ကာလထဲရောက်နေပါပြီ။ ခါတိုင်း(သို့မဟုတ်)သွားမဲ့အပျော်ခရီးစဉ် (vacations) တွေ ဆိုင်းငံ့ကြရတာတွေ၊ ဒါမှမဟုတ် မလိုအပ်တဲ့အစီအစဉ်တွေကိုပယ်ဖျက်နေကြရတဲ့အချိန်ရောက်မှန်း မသိရောက်နေကြရပါပြီ။ Life style တွေ မပြောင်းချင်ဘဲနဲ့ပြောင်းနေကြရပါပြီ။ 

Recession လို့ခေါ်တဲ့စီးပွားရေးကျဆင်းမှုဟာတကယ်တော့ Business Cycle Dating Committee လို့ခေါ်တဲ့ non-profit အဖွဲ့ရဲ့ စီးပွားရေးထိပ်တန်းပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့ National Bureau of Economic Research (NBER) ကသတ်မှတ်ပေးတာပါ။ “a significant decline in economic activity that spreads across the economy and last more than a few months” ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ရှိခဲ့တာမို့ ခုချိန်ဟာ စီးပွားပျက်တဲ့ခေတ်ထဲရောက်မရောက်ကို ကိုယ်တိုင်ဆန်းစစ် စေလိုတဲ့ပေတံအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ပညာရှင်တွေပေါ်မူတည်တဲ့အ ပြင်၊ နိုင်ငံရေးသိပ္ပံ ပညာရှင်များရဲ့ လွှမ်းမိုးမှုကလည်း အရေးကြီးနေပြန်ပါတယ်။ ဥပမာ သမ္မတလုပ်သူ က အထင်ကရ မိန့်ခွန်းတခုမှာ မကွယ်မဝှက်ဝန်ခံရင်တော့ recession ဖြစ်ပြီပေါ့။ ဒါပေမဲ့နားလည်ကြ ဘို့ဟာ ဒီလိုဝန်ခံ မှုဟာ အတော်လေးရိုက်ခတ်ပြင်းထန်လာပြီဆိုမှဖြစ်လေ့ရှိတာကို (၂၀၀၀)နှောင်းပိုင်း မှာ သမ္မတဘုရှ်ရဲ့ ကွန်ဂရက်မှာပြောဆိုဝန်ခံခဲ့တာကိုပြန်ပြောင်းသတိရကြမယ်ထင်ပါတယ်။ Economic recession မှာ အဆင့်(၂)ခုဖြစ်တဲ့ death of the economic expansion နဲ့ birth of recession တို့ဟာ ရှေ့ဆင့် နောက်ဆင့်ဖြစ်တတ်ပေမဲ့ တပိုင်းစီခွဲခြမ်းစိတ်ဖြာလေ့လာလေ့ရှိကြတာကို သတိပြုကြရပါမယ်။ အဲ့ဒီအဆင့်နှစ်ခုလုံးရဲ့ဖြစ်ရပ်ကို ထိပ်တန်းပညာရှင်တွေက ခြွင်းချက်မရှိလက်ခံ ကြရပါမယ်။ နိုင်ငံအုပ်ချုပ်သူအကြီးအကဲရဲ့ အခန်းကဏ္ဍသိပ်အရေးကြီးလို့နေပါတယ်။ သူ့ကိုဖြစ်ရပ် အခြေအနေတင်ပြကြတဲ့ အိမ်ဖြူတော်စီးပွားရေးကောင်စီဟာ ကိုယ်ထင်တာကိုယ်တင်ပြကြလို့မ ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားပျက်ကြောင်းကြေငြာပြီးရင် အစိုးရတာဝန်ကအဲ့ဒီမှာရပ်မသွားပါ ဘူး။ ဥပဒေတွေကသတ်မှတ်ထားတဲ့ economic relieving packages တွေလို့ခေါ်တဲ့အရံ ရံပုံ ငွေဖွင့် ထုတ်ဖြန့်ဝေမှုကို လုပ်ဖို့တာဝန်ရှိလာပါ တယ်။ ဒီလုပ်စဉ်တွေဟာ စည်းချက်ကျကျရှိဘို့အလွန်အရေး ကြီးပါ တယ်။ 

ဒီအချက်လေးတွေလေ့လာကြရအောင်။


(က) Economic contraction or shrinkage ဖြစ်သွားပြီလား?

၂၀၂၂ ခုနှစ်ဦး(၃)လက GDP (၁.၆%) ကျုံ့သွားတာမို့ဒီဂယက်ရိုက်သွားတာသေခြာသလောက်ဘဲလို့ ဆိုကြပါတယ်။ GDP ဟာတိုးလာဘို့ထက်၊ တည်ငြိမ်မှုရှိဘို့ ပိုပြီးရေးကြီးကြောင်းပညာရှင်များအားလုံး ကအမြင်တူရှိကြပါတယ်။ အဲ့ဒီအတွက် GDP (၁%)မှာတည်ငြိမ်နေဘို့လိုလားကြပါတယ်။ ဒါမှသာ စီးပွားပျက်ကပ်ကိုကျော်လွှား နိုင်မယ်လို့မြင်ကြပါတယ်။ ဒီနေရာမှာစိတ်ဝင်စားဘွယ်အချက်က အစိုးရ တိုင်းလိုလိုကအမှန်တကယ် ကြည့်တဲ့ညွှန်ပြကိန်းတခုကတော့ လူသိနညး်တဲ့ Gross Domestic Income (GDI) ဖြစ်ပါတယ်။ ဆိုခဲ့တဲ့ ခုနှစ်ဦးပိုင်း(၃)လပါတ်က GDI က (၁.၈%)တိုးတယ်လို့ဆိုထား တာမို့၊ စားသုံးသူလူထုကို GDP ကျံု့ဝင်သွားမှုကိုလူထုကခံနိုင်ရည်ရှိပြီး သိသာတဲ့ရိုက်ခတ်သက် ရောက်မှု မရှိဘူးလို့ဆိုကြပါတယ်။


(ခ) အရေးပါလှတဲ့ NBER ကအခြားတိုင်းတာဆန်းစစ်မှုတွေလုပ်ပါသေးလား?

၀င်ငွေအတိုင်းအတာ(income measurement)၊ အလုပ်အကိုင်အခွင့်အလမ်း (employment opportunity)၊ ငွေကြေးဖေါင်းပွမှုတွင်းသုံးစွဲမှုကိန်း (inflation-adjusted spending)၊ လက်လီ ကုန် စျေးနှုန်းအရောင်းအဝယ် (retail sales)၊ ကုန်ထုတ်လုပ်မှု (manufacturing power) ဆိုတာတွေ ဟာပဓါနကျတဲ့ အညွှန်းကိန်းတွေပါ။ သေသေခြာခြာလေ့လာရင်ဒီကိန်းတွေဟာ အလုပ်အကိုင်တည်ရှိ မှုနဲ့တည်ငြိမ်မှုရှိနိုင်ချေကိုဦးတည်နေကြပါတယ်။ ဒီနေရာမှာနားလည်ကြဘို့က Social Security payment လိုဝင်ငွေကိုထည်းသွင်းတွက်ချက်ခြင်းမပြုပါဘူး။ ဒီဝင်ငွေဟာမိမိ earned income မှာထဲ့တွက်ပြီးဖြစ်နေလို့ပါ။


(ဂ) recession ဖြစ်လုပြီလို့အများကထင်ကြပြီလား?

အဲ့ဒီပူပန်မှုကတော့လူထုကြားမှာအဆမတန်ကြီးမားလာတာကတော့အမှန်ဘဲဖြစ်ပါတယ်။ “စျေးတက် တယ်ဟေ့”ဆိုတဲ့စကားကလူတိုင်းပါးစပ်ဖျားမှာစွဲနေပါပြီ။ တခုခုဝယ်တော့မယ်ဆိုရင် ချီတုန်ချတုန်ဖြစ် နေကြရပါပြီ။ ကမ္ဘာမှာအကြီးဆုံး shopping center chain ကြီးဖြစ်တဲ့ Walmart ကခုနှစ်ဦး(၃)လ ပါတ်မှာ ရောင်းနှုန်းကျဆင်းကြောင်းကြေငြာခဲ့ပါတယ်။ ဓါတ်ဆီစျေးတက်မှု၊ စားသောက်ကုန်ရှားပါး ပြတ်လပ်မှု၊ တို့ဟာ ဒီအဖြစ်တွေကိုတွန်းအားကောင်းကောင်းပေးနေတဲ့လက်တွေ့ဘဝကဖြစ်ရပ်တွေ ဖြစ်နေပါပြီ။ Federal Reserve ရဲ့ အတိုးနှုန်းမြှင့်တင်မှုဟာ ပြီးခဲ့တဲ့နှစ်ထက်နှစ်ဆတိုးပြီး (၅.၆%) ရှိခြင်းဟာ အိမ်ယာသစ်ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ mortgage rates တွေတက်သွားတဲ့အတွက် အိမ်ယာ ရောင်းဝယ်မှုတန့်သွားပါတယ်။ ဒါပေမဲ့နားလည်ကြဘို့က ဒီဆိုးကျိုးတွေအားလုံးဟာကြိုတင် တွက်ချက်ပြီးသားကိစ္စတွေဖြစ်ပါတယ်ဆိုတာကိုပါဘဲ။ ဒီလိုဘေးထွက်ဆိုးကျိုးတွေဟာ တဖက် ဇောင်းနင်းဖြစ်နေတဲ့စီးပွားရေးကို ကုစားပေးနိုင်မယ်လို့တွက်ချက်ကြပါတယ်။ ဒါကိုလည်းအစိုးရနဲ့. ဘတ်ဂျက်ဆိုင်ရာပညာရှင်များအားလုံးကထောက်ခံသဘောတူကြတာတွေကို သတိပြုကြရပါမယ်။ ဒါဟာအစိုးရတရပ်အနေနဲ့ရှောင်လွှဲလို့ မရတဲ့ အရေးယူဆောင်ရွက်မှုအစဉ်အလာဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ အတိုးနှုန်းတိုးမြှင့်မှုဟာ အဲ့ဒီအရေးပါတဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ ပြည်သူတွေကငွေ ကြေးထဲ့ဝင်ရှုင်းနှီးမြှုပ်နှံမှုကိုအားပေးရာရောက်မယ်လို့လဲဆိုကြပါတယ်။ ခုနှစ်ကုန်ပိုင်းလောက်မှာ mild recession ၀င်နိုင်ကြောင်း Bank of America ကတွက်ကိန်းထုတ်ထားတာကိုလည်းတွေ့ရပါတယ်။


(ဃ) အလုပ်အကိုင်လက်လွတ်ဆုံးရှံုးမှုတွေရှိလာနိုင်မလား?

ဒီကိစ္စကိုအစိုးရရောစီးပွားရေးလုပ်ငန်းတွေက မလိုလားပါဘူး။ အလုပ်ရှင်ရော၊ အလုပ်သမားတွေနှစ် ဖက်လုံးဆုံးရှံုးတဲ့ကိစ္စကြီးဖြစ်သလို၊ စီးပွားရေးလုပ်ငန်းရဲ့နံမယ်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ အလုပ် တွေထုတ်ပြီး၊ လူလျှော့ချတဲ့သတင်းဟာဖုံးဖိလို့မရပါဘူး။ သတင်းစာထဲသတင်းတိုတခုအနေနဲ့သာမာန် ဖေါ်ပြခံရရင်တောင် ဆိုင်ရာစီးပွားရေးလုပ်ငန်းရဲ့ stock value ကိုနေ့ချင်းညချင်းထိခိုက်နိုင်ပါတယ်။ စီးပွားပျက်ခြင်းကိုနေ့ချင်းညချင်းဖြစ်နိုင်တဲ့ကိစ္စမို့ ဒီလိုအဖြစ်တွေကိုရှောင်ရှားကြပါတယ်။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ (၂၀၀၇ - ၂၀၀၉)ခုနှစ်ကစီးပွားပျက်ကပ်ဖြစ်တဲ့ sub-prime mortgage irregularities နဲ့ financial protection အစီအမံများစနစ်တကျမရှိမှုတွေမှာ၎င်း၊ ပြီးခဲ့တဲ့ (၂၀၂၀ - ၂၀၂၁) ကပ်ရောဂါ ကာလတွေမှာ၎င်း အစိုးရက ငွေရေးကြေးရေးပံ့ပိုးကူညီမှုများကို စီးပွားရေးလုပ်ငန်းတွေကိုပေးတဲ့နည်း အပြင် မိသားစုတိုင်းလိုလိုကို ငွေကြေးထောက်ပံ့မှုတွေပေးခဲ့ကြတာကိုပြန်ပြောင်းသတိရကြမယ်ထင် ပါတယ်။ ဒါတွေဟာ Economic Relief packages တွေဖြစ်ပါတယ်။ တနည်းအားဖြင့် employment protection packages တွေလည်းဇြစ်ကြပါတယ်။ ဒီအထောက်အပံ့တွေဟာ လုပ်ခွင်ပြန်ဝင်စေလိုတဲ့ အာသီသရှိစေမှု (getting back on employment mainstream/workforce) ကိုအဟန့်အတားဖြစ်. သွားစေတယ်လို့ဝေဖန်သူတွေတောင်ရှိတာမှတ်မိကြပါလိမ့်မယ်။ ကပ်ရောဂါကာလပျက်ချိန်ထောက်ပံ့ တဲ့ လစဉ်ပေးငွေတွေဟာ အလုပ်လုပ်ချိန်ရတဲ့ဝင်ငွေထက်တောင်ပိုကြသူတွေရှိလို့၊ အလုပ်လက်မဲ့ဘ ၀နဲ့အပျင်းကြီးကြသူတွေအလျှိုလျှိုပေါ်လာပါတယ်။ အလုပ်သမားရရှိရေးဟာမဟာပြဿနာကြီးဖြစ်ခဲ့ ကြတာတွေရှိခဲ့ပါတယ်။


(င) အရေးကြီးဆုံး စီးပွားပျက်ကပ်လက္ခဏာ?

အလုပ်လက်မဲ့နှုနး်တရိပ်ရိပ်တက်လာပြီး၊ ကိုယ်အနီးအနားအသိုင်းအဝိုင်းထဲအလုပ်တွေတယောက်ပြီး တယောက်ပြုတ်ကျပြီဆိုရင် အဲ့ဒီအချက်ဟာရှေ့ပြေးနမိတ်ပါဘဲ။ သတိရှိကြပါ။ နောက်အချက်တွေ ကတော့ အတိုးနှုန်းပေးဆပ်မှုကျဆင်းလာခြင်း (drop of interest payments)၊ ရှုင်းနှီးမှု စတော့များ အတိုးနှုန်းပေးနိုင်မှုလျော့နညး်လာရင် (less yield amount) တွေဟာစိုးရိမ်ရေမှတ်ကိုကြည့်တဲ့ လက္ခ ဏာအချို့ပါ။ 


(စ) အိမ်ယာစျေးကွက်ပျက်စီးနိုင်သလား?

(၂၀၀၇)၀န်းကျင်ကစီးပွားပျက်ကပ်မှာဖြစ်ခဲ့တဲ့အိမ်ယာစျေးကွက်ပျက်စီးမှုဟာ ခုချိန်တွေ့နေကြရတဲ့ စီးပွားရေးယုတ်လျော့မှုနဲ့အတော်ကွာတယ်လို့ National Association of Realtors ကဆိုထားပါ တယ်။ ကပ်ရောဂါဖြစ်ပွားတဲ့ကာလနဲ့နောက်ပိုင်းကာလ (post pandemic) ကိုပြန်လေ့လာကြည့်ရင် အိမ်စျေးတွေခေါင်ခိုက်လို့၊ နေအိမ်ရှားပါးမှုကိုသတိရကြမယ်ထင်ပါတယ်။ အိမ်ဝယ်တဲ့ mortgage တွေရဲ့ဆွဲဆောင်မှုတွေမျက်စေ့တဆုံးမြင်ခဲ့ကြပါတယ်။ ရောင်းသူရှားပါးပြီး၊ ၀ယ်သူများလို့ (Seller-market) လို့ဆိုကြပါတယ်။ (၂၀၀၇)မှာကြံုခဲ့ရတဲ့အိမ်ယာစျေးကွက်ပျက်စီးမှုကိုတားဆီးကာကွယ် တဲ့အစီအမံဥပဒေတွေခုချိန်အတည်တကျရှိနေပါပြီ။ အိမ်ယာပိုင်ဆိုင်ခွင့်ဟာ “American Dream” ဖြစ် သလို လွယ်လွယ်ငွေကြေးနောက်ခံနဲ့အိမ်ယာပိုင်ဆိုင်ပြီး၊ ချေးငွေပြန်မဆပ်နိုင်တာကိုတားဆီးနိုင်တဲ့ ပညတ်ချက်တွေအထပ်ထပ်ချလာပါတယ်။ ကျောထောက်နောက်ခံကောင်းလေ့ရှိတဲ့ အမေရိကရောက် မြန်မာတွေအိမ်ယာပိုင်ဆိုင်ကြတာ မထူးဆန်းပေမဲ့၊ ကျောထောက်နောက်ခံမရှိကြသူတွေ အိမ်ပိုင်ဆိုင် ဘို့မလွယ်တော့ပါဘူး။ FICO Score လို့ခေါ်တဲ့ Credit rating နဲ့ တည်ငြိမ်တဲ့ employment history ရှိကြသူတွေဟာ အဓိကပေတံတွေပါ။ FICO (၆၂၀) လောက်ဆိုရင်ဘဏ်ချေးငွေရနိုင်လောက်တဲ့ အနေအထားရှိတာမို့၊ ငွေရေးကြေးရေးမှာ အသုံးအစွဲသတိကြီးတဲ့မြန်မာတွေ အခက်အခဲမရှိသင့်ပါဘူး။ ကိုယ်ဝယ်ချင်တဲ့အိမ်အမျိုးအစားနဲ့အချိန်အခါသာလျင်အဓိကဖြစ်ကြပါတယ်။ အဲ့ဒီအတွက် အိမ်ယာ စျေးကွက်လေ့လာသူသုတေသီပညာရှင်များကတော့ “There is no housing bubble; just unhealthy housing growth” လို့မှတ်ချက်ပြုကြကြောင်းပါ။ (၂၀၂၃)ခုနှစ်နှောင်းပိုင်းလောက်မှာအိမ် ယာဝယ်ယူနိုင်ခွင့်ပြန်နလန်ထူလာဘွယ်ရှိတယ်လို့လည်းဟောကိန်းထုတ်ကြသူတွေလည်းရှိကြောင်းသိရပါတယ်။


(ဆ) Bull Market နဲ့ Bear Market

ဒီဝေါဟာရ(၂)ခုဟာကြားနေကျစကားတွေပါ။ ဒီဝေါဟာရတွေဟာတကယ်တော့ stock trading လောကမှာသုံးတဲ့ဝေါဟာရတွေပါ။ စီးပွားပျက်တဲ့အခြေအနေတွေနဲ့တိုက်ရိုက်ဆက်နွယ်လေ့မရှိြ့က ပါဘူး။ ဒါပေမဲ့ အချိန်ကာလတခုလောက်အတွင်းမှာ ရှေ့ဆင့်နောက်ဆင့်ဖြစ်လေ့ရှိပါတယ်။ အချို့ပညာ ရှင်တွေကဆက်စပ်မှုတစိပ်တဒေသရှိနေတယ်လို့လည်းဆိုကြပါတယ်။ ဒါပေမဲ့ထဲ့သွင်းပြီးမကြည့်လို့ မရတဲ့အခြေအနေတွေဖြစ်လေ့ရှိပါတယ်။ ဥပမာ- ငွေရေးကြေးဆိုင်ရာအထင်ကရအဖွဲ့အစည်းကြီးတခု ဟာပြိုလဲဖျက်သိမ်းရပြီဆိုရင်၊ နောက်နေ့(တခါတရံနေ့ချင်း)မှာ stock စျေးကျပါတယ်။ အဲ့ဒီပြိုလဲခြင်း ကအလားတူ အခြားငွေရေးကြေးရေးဆိုင်ရာအဖွဲ့တွေပေါ်သက်ရောက်မှုရှိပြီး “Snow-balling effect” ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအတွက် stock trading ဟာဒီအချက်တွေပေါ်မူတည်ပြီး စျေးကစားကြပါ တယ်။ ဒါပေမဲ့ နှစ်ကာလတခုတိုင်း bull and bear markets အတက်အကျဟာပြောင်းလဲမှုအတက် အကျရှိလေ့ရှိပါတယ်။ အဲ့ဒါဟာ စီးပွားပျက်ကပ်မဟုတ်ပါဘူး။ ဒါကိုသတိပြုကြရပါမယ်။ ဒါပေမဲ့ အဲ့ဒီ market ဟုတ်မဟုတ်ကိုတော့ stock ဆိုင်ရာပညာရှင်များကသာသုတေသနပြုမှတ်ချက်ပြုနိုင်ကြပါ တယ်။ သာမာန်သူတွေမလုပ်နိုင်ပါ။ ဒါတွေဟာ cycling events တွေပါ။


စီးပွားပျက်ကပ်ထဲဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်နေပြီဆိုတဲ့ ဆိုစကားဟာ ပြောရခက်ခဲပါတယ်။ စီးပွားအတက်အကျကို ဘယ်နိုင်ငံအစိုးရ၊ အုပ်ချုပ်မှုစနစ်ကမှကိုင်တွယ်ဖြေရှင်းနိုင်ခြင်းအလျင်းမရှိ ကြပါဘူး။ ဒါပေမဲ့သက်ရောက်မှုကို ကြိုတင်ကာကွယ်နိုင်မဲ့ငွေရေးကြေးရေးဆိုင်ရာအရံအတားတွေ၊ စည်းမျဉ်းတွေ၊ အေထာက်အပံ့ပေးနိုင်မှုတွေဟာ အခရာကျလှပါတယ်။ ရှင်းရှင်းပြောရရင် အစိုးရဟာ ဆန်းစစ်လေ့လာမှုအားအလွန်ကောင်းဘို့လိုတဲ့စနစ်ပေါ်မှာတည်ဆောက်ထားမှု၊ ငွေကြေးအဆက်မ ပြတ်လည်ပါတ်နိုင်မှု၊ ဘဏ်စနစ်၊ ငွေကြေးခိုင်မာမှု၊ အစိုးရဘဏ္ဍာရဲ့ကြွယ်ဝခမ်းသာမှု၊ စားသုံးသူများ အပေါ်ကာကွယ်ပေးနိုင်သောလွှမ်းခြံုမှုရှိမှုတွေပေါ်မှာများစွာတည်နေပါတယ်။ တခါ အမေရိကလိုနိုင်ငံ တကာမှာအခြေချနေထိုင်ကြတဲ့ကျွန်တော်တို့မြန်မာတွေရဲ့ငွေရေးကြေးရေးဗဟုသုတနှင့်အစီအမံများ စနစ်တကျရှိနေမှုဟာလည်းအားသာချက်တခုဖြစ်နေပါတယ်။ အချုပ်ဆိုရရင်တော့ စီးပွားပျက်ကပ်ဟာ panic state ကိုရောက်ပြီး၊ မြန်မာကွန်မြူနတီကိုရိုက်ခတ်နိုင်ပေမဲ့ မြန်မာတို့ရဲ့ချစ်စရာဓလေ့တခုဖြစ်တဲ့ ခြွေတာစုဆောင်းမှုနဲ့သုံးစွဲမှုစရိုက်တွေက ကောင်းစွာ အရံအတားပြုနိုင်မှာဖြစ်သလို၊အခက်အခဲကို ကျော်လွှားဘို့ အလားအလာကောင်းကြောင်းသတင်းကောင်းပါးအပ်ပါတယ်။