Tuesday, June 27, 2023

မျိုးရိုးစဉ်ဆက်ဇယား ဆွဲကြရအောင်…

အလုပ်ကအနားယူပြီးနောက်ပိုင်း မောင်မိုးညိုတယောက် ဆွေစဉ်မျိုးဆက်ဇယားတွေပြန်လည်ဖေါ် ထုတ်ရေးဆွဲတဲ့အထဲခေါင်းမြုတ်နေတာ တနှစ်ကျော်လို့နှစ်နှစ်ထဲရောက်နေပါပေါ့။ ပြောသာပြောရ တာပါ။ ကို်ယ့်မိဘစဉ်ဆက်အထက်ဖက်ကမျိုးရိုးစဉ်ဆက်ကိုကြိုတင်ရေးဆွဲပြီးသားရှိနေတော့ (သွား လေသူမိဘတွေရဲ့ကောင်းမှုကြောင့်) သိပ်နောက်ကြောင်းလိုက်စရာမလိုတော့ပါဘူး။ ကိုယ့် generations တွေကစပြီးခါးဆက်ပြတ်နေတဲ့အပိုင်းကိုသာ အာရုံထားစရာလိုပါတော့တယ်။ မိဘများရဲ့ ထဲထဲဝင်ဝင်ဖေါ်ထုတ်ရေးသားခဲ့တဲ့ manuscripts တွေကိုသာကြည့်ပြီး တအံ့တသြဖြစ်မဆုံးဖူးပေါ့။ သေခြာစဉ်းစားကြည့်တော့ ကိုယ့်မိဘတွေဒီကိစ္စတွေရေးဆွဲကြစဉ်က၊ ခုခေတ်လို ဖုံး၊ အင်တာနက် ဆိုတာနတ္ထိပါ။ သွားရေးလာရေးကလည်းခက်ခဲ၊ စရိတ်ကလည်းကြီးလေးပြီး၊ အရွယ်လွန် ချိန်တွေမှာ တောင် ဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားတာတွေကို မြင်ရတော့ လေးစားကျေးဇူးတင်မဆုံး နိုင်အောင် ပါ။ တကယ်တော့ မိဘဆွေမျိုးစဉ်ဆက်ဆိုတာကို ဖေါ်ထုတ်မှတ်တမ်းပြုစုရတာမလွယ်ကြောင်း၊ ကိုယ် တိုင်လုပ်ကြည့်မှသိရတာပါ။ ဒါတောင် ကိုယ့်မိဘကလုပ်ထားပြီးသားခူးခပ်ပြီးအဆင်သင့် ယခင် generations တွေကရှိပြီးအဆင်သင့်။ အထူးသဖြင့် ပြည်ပကိုရောက်နေပြီဆိုတော့ ပိုမလွယ်ပေါ့။ ဒါပေမဲ့အားသာချက်က ခုခေတ်တိုးတက်လာတဲ့ဆက်သွယ်ရေးလူမှုကွန်ယက်ရဲ့အား  ကအတော် ခရီးပေါက်စေတာကတော့အမှန်ပါ။ မြန်မာပြည်တွင်းလက်ရှိဖြစ်ပျက်နေတာတွေကတော့၊ ကြီးစွာသော အဟန့်အတားတွေပေါ့။ ပြောချင်တာက တိုးတက်တဲ့ အမေရိကားလိုနိုင်ငံမှာတော့ (23 & Me) လို services တွေ၊  Census Bureau ကမှတ်တမ်းအချက်အလက်တွေကိုကျော်ထောက်နောက်ခံပြု ထားတဲ့၊ လူတဦးချင်းဆီရဲ့မှတ်တမ်း၊ သန်းခေါင်စာရင်းနဲ့ဆက်စပ်တဲ့ demographic data တွေ က သက်သာတဲ့နှုန်းထားနဲ့ရဘို့ကအခွင့်အလမ်းကလက်တကမ်းအတွင်းမှာပါ။ လိုချင်တဲ့အချက်အလက် တွေကလည်း၊ သာမာန်နှုန်းအပြင်၊ နောက်ထပ်ဆောင်းအပိုကြေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။ ဒီလိုအထောက်အထားတွေကို လိုက်ခံစုဆောင်းနေကြတဲ့ (Holocaust)လိုမှတ်တမ်းများ၊ genealogical societies တွေက တိုးတက်တဲ့နိုင်ငံကြီးတွေမှာ စနစ်တကျရှိပြီး စဉ်ဆက်မပြတ်တဲ့မှတ် တမ်း၊ တိကျမှန်ကန်မှုတွေကို ဇောက်ချသုတေသနပြုနေကြတာတွေကလည်းအဆင်သင့်ရှိပြီးနေပြီမို့၊ သူတို့ကထုတ်ပြန်တဲ့အချက်အလက်တွေဟာ အင်တာနက်မှာ အလွယ်တကူရနေပြီပေါ့။

မရနိုင်ကြသူတွေကတော့ မြန်မာပြည်ပေါက်မြန်မာတွေအတွက်ပါဘဲ။ အလွန်ဆုံးရနိုင်ရင် မိမိတို့ရဲ့ salivary sample ကပြညွှန်းတဲ့ ကမ္ဘာ့ဒေသကြီးတွေရဲ့မြစ်ဖြားခံတဲ့အရပ်တွေရဲ့ roots တွေလောက်က အသားကုန်ပါ။ မြန်မာနိုင်ငံက သန်းခေါင်စာရင်းဌာနကြီးလို့ပြောတဲ့ “လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား” ဌာနကြီးဆီကအကူအညီကတော့ ဝေလားဝေးပါဘဲ ဆိုတာကလူတိုင်းအသိ။ အဲ့ဒီမှာတင် pedigree/ family lineage ခေါ် family hierarchy ဟာရှေ့ဆက်ရခက်တဲ့ “မိမိသမိုင်းကိ မိ်မိကရှာ ဖွေမှု” လို့ခေါ်တဲ့ ANCESTRY ရေးဆွဲရေးမှာ ကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်မှန်းမသိဖြစ်သွားရတတ်ပါ တယ်။ 

တိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ မိဘမျိုးရိုးစဉ်ဆက်မှတ်တမ်းဟာ မိမိတို့မျိုးစဉ်ဆက်အတွက် တန် ဘို့းဖြတ်မရတဲ့ (Family’s heirloom) ကြီးတခုဖြစ်နေပါတယ်။ ကျွန်တော်တို့မြန်မာတွေက မိဘရဲ့ လက်ဝတ်ရတနာလောက်ကိုသာ၊ အမွေခံတန်ဘိုးကြီးလို့ လွဲမှားစွာယူဆသတ်မှတ်ကြချိ်န်မှာ၊ ရုပ် ၀တ္ထုကိုအသားပေးတဲ့တိုးတက်တဲ့နိုင်ငံတွေမှာတော့၊ ဆိုခဲ့တဲ့မှတ်တမ်းက ပိုလို့အရေးကြီးပါတယ်။ ဘယ်နေရာမှာထင်ရှားလဲဆိုတော့ မီးဘေးရေဘေးလို သဘာဝဘေးအန္တရာယ်မျိုး၊ စစ်မက်ဖြစ်ပွားမှု တွေမှာ တန်ဘိုးကြီးပစ္စည်းကိုပျက်စီခြင်းဘေးကကင်းအောင် ဆွဲကြစတမ်းဆိုရင်၊ မိဘမျိုးရိုးမှတ်တမ်း တွေကို အခြားလက်ဝတ်ရတနာတွေကဲ့သို့ တတန်းတစားထဲထားပြီး ဆွဲယူထိန်းသိမ်းကြတာကိုကြည့် ရင် သိသာထင်ရှားစွာတွေ့နိုင်ပါတယ်။ လူတိုင်းဟာ ကိုယ်သမိုင်းကိုကိုယ် ရေးနေကြသူတွေချည့်ပါဘဲ။ ကိုယ်ပြောချင်တဲ့ကိစ္စတွေ၊ ကိုယ်သိစေချင်တဲ့ ကိစ္စတွေအားလုံးကို ကိုယ်ကတဆင့်ပေါက်ဖွားလာသူ သားသမီးတွေကို ပြန်ပြောပြချင်တာဟာ လူ့သဘာဝပါ။ ကျွန်တော်အပါအဝင် စာဖတ်ပရိဿတ်အားလုံး ကလက်ဆင့်ကမ်းသယ်ဆောင်သွားကြရမဲ့ကိစ္စကြီးဖြစ်ပါတယ်။ လူတိုင်းဟာ စားဝတ်နေရေးနဲ့ ဘဝ ရှင်သန်ရပ်တည်ရေးအတွက် နေ့တဓူဝမအားလပ်ကြသူချည့်ပါ။ ဒါပေမဲ့ ဒီကိစ္စ ဟာ “ကျွန်တော်တို့ ဟာဘယ်သူတွေဖြစ်တယ်ဆိုတဲ့” (Who we are and what our root is?) ဆိုတဲ့ အချက်ကိုရေရေလည်လည်သဘောပေါက်နားလည်ကြဘို့လိုပါတယ်။ တရှိန်ထိုး တိုးတက်လာတဲ့ အီ လက်ထရွန်နစ် စနစ်ကြီးရဲ့နည်းပညာတွေကိုရယူသုံစွဲတဲ့နည်းလမ်းတွေနဲ့ မိမိဖာသာလည်းပြုစုကြ၊ ရေ ရှည်တည်တန့်အောင်လဲဒီနည်းပညာတွေကိုဘဲသုံးပြီး ထိန်းသိမ်းကြတဲ့အလေ့အထကို အချိန်မနှောင်း ခင်မှာစတင် အကောင်အထည်ဖေါ်တတ်ကြဘို့လိုပါပြီ။


ဇာတ်လမ်းဘယ်ကစကြမလဲ?

တကယ်ပြောကြစတမ်းဆို ကိုယ့်မျိုးရိုးစဉ်ဆက်ဇယားကိုဘယ်ကစဆွဲမလဲဆိုတဲ့မေးခွန်းက ဘဲဥအစ ရှာမရနိုင်တဲ့အခက်အခဲလို့ထင်တတ်ကြပါတယ်။ ထင်သလောက်သိပ်မခက်ခဲလှပါဘူး။ အထင်ကရ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ “သမိုင်းကိုနားလည်ချင်ရင်၊ ကိုယ့်အ ကြောင်းကစပြီး လေ့လာကြရမယ်” ဆိုတဲ့ အဆိုအမိန့်ကိုသတိရကြပါ။ အသက်ကြီးပိုင်း (အနားယူချိန် မှစမယ်) ဆိုတဲ့ “အချိန်ကကိုယ့်ကိုမစောင့်တဲ့” ပျင်းရိမှုကိုခဝါချပြီး၊ ခုချိန်စကြဘို့လိုပါတယ်။ ကျွန် တော်ကိုယ်တိုင် ခုအသက်ကြီးမှ ကိုယ်သိချင်တာမေးဘို့ မိဘလို(ရှေ့မှီနောက်မှီတွေ)မရှိချိန်မှနောင်တ ရ ရတာမျိုး မဖြစ်စေချင်လို့ပါ။ ဒါကြိမ်သေပေါက်ရမဲ့နောင်တမျိုးပါ။

၁။ အချက်အလက်များစတင်စုဆောင်းခြင်း

(က) မိမိအမည်ကိုစပြီးချရေးပါ၊

(ခ) မိမိဇနီးခင်ပွန်းနဲ့သားသမီး၊ မြေးမြစ်များရဲ့အမည်တွေ၊

(ဂ) မိဘများနဲ့လက်လှမ်းမှီနိုင်သမျှဖိုးဘွားဘီဘင်များရဲ့အမည်၊

(ဃ) အားလုံးရဲ့ မွေး/ကွယ်လွန်ရက်စွဲနဲ့နေရပ်၊

(င) ဓါတ်ပုံများ (အကောင်းဆုံးက FaceBook ကဲ့သို့သောလူမှုကွန်ယက်မှရယူခြင်း)၊

ဒါဟာ မိမိရဲ့တစ်ဦးတည်းသောမျိုးရိုးစဉ်ဆက်ဝင်ရိုး (Family hierarchy axis) သာဖြစ်ပါတယ်။ ဒီက ဇာတ်လမ်းစကြရပါမယ်။ ဒါဟာ ကုန်ကြမ်း (raw data) စတင်စုဆောင်းခြင်းပါ။ 

၂။ အဲ့ဒီအချက်အလက်များမှန်ကန်တိကျမှုရှိမရှိကိုနောက်တဆင့်အနေနဲ့ အတည်ပြုရပါမယ်။ လို အပ်ရင်နီးစပ်ရာသားချင်းများကိုဆက်သွယ်ရပါမယ်။ (data validation) တိုက်ဆိုင်စစ်ဆေးနိုင်တဲ့ မှတ်တမ်းမူရင်းများ (original documents for support) တွေကတော့ -

(က) ဒိုင်ယာရီများ၊

(ခ) မွေး/သေ၊ ပညာသင်ကျောင်းအောင်လက်မှတ်၊ ဂုဏ်ပြုလက်မှတ်များ၊

(ဂ) မူရင်းလက်ရေးမူမှတ်တမ်းများ၊

(ဃ) ကျမ်းကြိမ်လွှာ၊ လက်ထပ်၊ သေတမ်းစာစာချုပ်များ၊

(င) ရေးစာ၊ ပေးစာများ၊

(စ) ကိုယ်ရေးရာဇဝင်ရေးသားထားမှု၊

(ဆ) ဓါတ်ပုံအယ်လ်ဘမ်များ၊

(ဇ) ကျောင်းနှစ်လည်စာစောင်များ၊  reunion မှတ်တမ်းမဂ္ဂဇင်းများ၊

(စျ) နံရံပေါ်/စားပွဲပေါ်တမြတ်တနိုးချိတ်ဆွဲထားရှိတတ်ကြသောဓါတ်ပုံများ၊ (အသုံးဝင်ပေမဲ့၊ မေ့တတ် ကြလေ့ရှိပါတယ်။)

(ည) မီးခံသေတ္တာ၊ ဘဏ်တို့တွင်ထားရှိသော အရေးကြီးစာရွက်စာတမ်းမှတ်တမ်းများ၊

(ဋ) သားချင်းဆွေမျိုးများထံမှဖုံး၊ ပေးစာ၊ text message/Messenger/Viper တို့မှပို့ပေးသော ဆွေ စဉ်မျိုးဆက်ဇယားအချက်အလက်များ၊ 

(ဌ) နှုတ်မှတ်တမ်းများကိုရေးသားမှတ်တမ်းတင်ထားမှုများ (oral histories)၊

(ဍ) ဘာသာရေး(ဘုန်းတော်ကြီးကျောင်း)နှင့်ရပ်ရွာအကြီးအကဲ နှင့် စာသင်ကျောင်းများ၊ လူမှုရေးဆိုင် ရာအဖွဲ့အစည်းများ၊ သာရေးနာရေးအဖွဲ့အစည်းများ မှတ်တမ်းများ၊၊ 

အဲ့ဒီအပြင် အလှမ်းဝေးနေတဲ့ သားချင်းများနှင့်ပါတ်သက်သော ခုနှစ်သက္ကရာဇ်အဖြစ်အပျက်များကို၊ အထင်ကရသမိုင်းစာအုပ်များနဲ့လည်းတိုက်ဆိုင်စစ်ဆေးဘို့လိုပါတယ်။ Google search နဲ့ ခုပေါ် ပေါက်လာတဲ့ ChatGPT (open artificial intelligent) တွေဟာအတော်အသုံးဝင်သွားနိုင်ပါတယ်။

၃။ ထိုနည်းတူဘဲ ၀မ်းကွဲမောင်နှမသားချင်း၊ ဦးလေးအဒေါ်၊ တူ/တူမမမျိုးနွယ်များကိုလည်း မှတ်တမ်း တင်ကြဘို့လိုပါတယ်။ အလှမ်းဝေးလို့ ပိုပြီးအခက်အခဲရှိနိုင်ပေမဲ့၊ မထင်မှတ်ဘဲ အသုံးဝင်နိုင်တဲ့အ ထောက်အကူတွေရှိတတ်ပါတယ်။

၄။ မိမိစုဆောင်းတဲ့အချက်တွေက demographic လောက်ကိုဘဲစ, စခြင်းမှာ အခြေခံကြဘို့အရေးကြီး ပါတယ်။ နောင်ရေရှည်အနေနဲ့ သူတို့ရဲ့ဘဝကြောင်း၊ ဆွေမျိုးများနဲ့ဆက်စပ်ပါတ်သက်ခဲ့ကြတဲ့ငယ်စဉ် ဘဝအခြေအနေ၊ ရှားပါးဓါတ်ပုံမှတ်တမ်း၊ အချက်အလက်တွေကို ချဲ့ထွင်နိုင်ရင်ချဲ့ထွင်နိုင်သလောက် အမယ်စုံဖြစ်လာနိုင်ပါတယ်။ ဒ့ါအပြင် လူမှုကွန်ယက်တွေမှာ ဆွေများသားချင်းများသက်သက်သာ. ကြည့်ရှုဆက်သွယ်နိုင်မဲ့ groups တွေ (“ဆုံဆည်းရာ”) အုပ်စုတွေဖွဲ့ပြီးအချိန်နဲ့တပြေးညီ ဆက်သွယ် နိုင်ကြ၊ စကားပြောနိုင်ကြပါတယ်။ ဆွေမျိုးသားချင်းများသက်သက်သာတွေ့ဆုံစကားပြောနိုင်မဲ့ (Virtual platforms, FaceTime) တွေလုပ်နိုင်မဲ့ လူမှုကွန်ယက်တွေကအပေါသားခေတ်ကာလပါ။ အချိန်နေ့ရက်သတ်မှတ်ပြီးဆုံဆည်းနိုင်ကြပါတယ်။

၅။ ကြိုတင်စဉ်းစားအတည်ပြုရမည့်အချက်အလက်များ

မိရိုးဖလာအစဉ်အလာဖြစ်တာကိုဘဲကြည့်မလား။ ဖြစ်ရပ်မှန်အချက်အလက်မှန်ကိုဘဲဦးစား ပေးမလား ဆိုတာဟာ ဦးစွာစဉ်းစားကြရမဲ့အချက်ပါ။ ကမ္ဘာကလိုက်စားတဲ့အစဉ်အလာကတော့ အချက်အလက် မှန်ကန်တိကျမှုဟာ ဆွေမျိုးသားချင်းကြား ရှိလေ့ရှိထရှိတဲ့ အမှန်ကိုဖေါ်ထုတ်ပြ သရန်ဝန်လေးမှု (တနည်း) လျှို့ဝှက်လိုမှု ထက်ပိုလို့အရေးထားလေ့ရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာမှာဆိုရိုးစကား တခုဖြစ်တဲ့ “မခေါ်ချင်နေလို့ရပေမဲ့၊ မတော်လို့မရဘူး” ဆိုတဲ့အချက်ဟာဒီ စံစနစ်နဲ့တထပ်တည်းသွား ကျနေပါတယ်။ ဒါကိုကြိုပြီးကာယကံရှင်တွေကိုဖွင့်ဟအသိပေးအသိ အမှတ်ပြုလက်ခံကြဘို့တိုက် တွန်းသင့်ပါတယ်။ ဥပမာအနေနဲ့ကတော့ အိမ်ထောင်ဖက်တခုထက်ပို ရှိတဲ့အခါ၊ ဆွေမျိုးမိသားစုအ တွင်းအကြောင်းကြောင်းကြောင့်ဖယ်ကျဉ်ခံထားရသူများရှိချိန်မှာ၊ အယူအဆအတွေးအခေါ်တွေမ တူညီကြတဲ့အတွက် မခေါ်မပြောရှိကြတဲ့အခါ၊ အဖေမပေါ်ဘဲမွေးတဲ့အဖြစ်မျိုး စသည်တို့ဟာ ဥပမာ အချို့ပါ။ ဆိုင်ရာကာယကံရှင်တို့ရဲ့ကိုယ်ရေးကိစ္စတိုင်းကိုအသိအမှတ် ပြုလေးစားရေးဟာ စာရင်း (၀င်)ပေါက်ကြသူ အားလုံးကတသွေမတိမ်းလိုက်နာကြရမဲ့လူမှုကျင့်ဝတ်ပါ။ မိမိတို့ရယူတဲ့အချက်အလက်စတင်ရရှိတဲ့နေရာ/ဌာန (facts sources) ရဲ့တိကျခိုင်ခန့်မှုတို့ဟာအခ ရာကျလှပါတယ်။ အဲ့ဒီ sources တွေကိုမှတ်တမ်းကော်ပီ ယူနိုင်တဲ့အပြင်၊ ကိုးကားမှုရှိပါကလည်း (footnotes/end-notes) တွေနဲ့ဖေါ်ပြကြဘို့လိုပါတယ်။


ဇယားစဆွဲကြပြီဆိုရင်

(က) ဒီကနေ့ခေတ်မှာ အင်တာနက်ဟာ များစွာသောအထောက်အကူပြု software/websites တွေ ပြည့်လျှံနေတတ်ပါတယ်။ Family tree လို့ခေါ်တဲ့ဇယားကို template အဖြစ်ရယူအသုံးချနိုင်မဲ့ ဇယား ကြမ်းတွေအလွယ်တကူရနိုင်ပါတယ်။ ဒါပေမဲ့သိထားကြဘို့က မျိုးရိုးစဉ်ဆက် (generations) (၃-၅) ခုလောက်သာအများဆုံးဆွဲနိုင်ပါတယ်။ ဒီထက်ပိုရင် တန်ဘိုးတခုပေးသွင်းရပါမယ်။ အဲ့ဒီတန်ဘိုးထက် အမေရိကနဲ့ကမ္ဘာမှာသုံးတဲ့ (template formats) တွေဟာ နိုင်ငံတကာစံနှုန်းကိုအခြေပြုကြတာမို့ လိုအပ်တဲ့အချက်အလက်တွေကိုဖြည့်သွင်းရာမှာ (ဥပမာ-မွေးရပ်၊ သက္ကရာဇ်တွေပေါ်မူတည်ပြီး hierarchy ကိုအလိုအလျောက်စဉ်ပေးတာမို့ မြန်မာသက္ကရာဇ်ကိုသုံးရင်) အမှားအဖြေတွေထွက်တတ် ပြီး၊ ကမောက်ကမဖြစ်သွားတတ်ပါတယ်။ ငွေကုန်အကျိုးမရှိဘူးလို့ဘဲ ကျွန်တော့်အတွေ့အကြုံအရ ပြောပါရစေ။

(ခ) အကောင်းဆုံးကတော့ Excel Spreadsheet ပါဘဲ။ software တွေဟာလည်းအဲ့ဒီအပေါ်အခြေခံ ထားတာမို့၊ ဒီနည်းဟာလက်တွေ့အသုံးအကျဆုံးပါ။ မျိုးဆက် axis တခုစီအတွက် spreadsheet အောက်ခြေမှာပြထားတဲ့ tabs တွေကိုသုံနိုင်တဲ့အပြင်၊ မြန်မာ fonts တွေကိုစိတ်ကြိုက်သုံးနိုင်ပါတယ်။ အထက်အောက်ဘေးကိုလည်းအကန့်အသတ်မရှိတိုးချဲ့နိုင်သလို၊ လိုအပ်တဲ့ designs, insertion, notes, labeling တွေကိုတွင်တွင်ကျယ်ကျယ်သုံးသွားနိုင်ပါတယ်။

(ဂ) တခုဘဲရှိပါတယ်။ အချိန်ယူပြီးလက်ဝင်တဲ့ (manual) နည်းဖြစ်တာမို့ စိတ်ရှည်ကြဘို့ဘဲလိုပါ တယ်။ 

(ဃ) အားလုံးပြီးပြီဆိုရင် (.pdf formt) (သို့မဟုတ်)အခြားသင့်တင့်ရာပြောင်းနိုင်သလို၊ တယောက်နဲ့ တယောက်မျှဝေကြရာမှာလည်းလွယ်ကူလျင်မြန် အသုံးတည့်တာကိုမြင်ကြရမှာပါ။ 

(င) အချက်အလက်များကိုဖြည့်သွင်းရာမှာ (Myanmar Unicode Font) ဟာအသုံးအတဲ့ဆုံးမို့၊ အဲ့ဒီ စနစ်ကိုဦးတည်တဲ့ ဇယားကိုဖေါ်ထုတ်နိုင်ဘို့လိုပါတယ်။

(စ) ကျွန်တော် ဖေါ်ထုတ်ထားတဲ့ဇယား (အညွှန်း)သရုပ်ပြသမှုကိုကြည့်ပါ။

စဉ်းစားရမဲ့၊ သတိပြုကြရမဲ့အချက်တွေ

(က) ပထမဆုံးဖြန့်ဝေမဲ့ ဇယားချုပ်ဟာအမှားများ၊ လွဲချော်မှုများပါနိုင်တာမို့၊ ပြန်လည်ပြုပြင်တဲ့အချက် အလက်မှန်ကို ရယူဘို့နဲ့ အကြောင်းပြန်ကြားဘို့အတွက်နည်းလမ်း (hotlines) တွေသတ်မှတ်အသိ ပေးရပါမယ်။

(ခ) ပြက္ခဒိန်လ/ရက်တခုကိုသတ်မှတ်ပြီး နှစ်ပါတ်လည်တိုင်း နောက်တိုးစာရင်းကို ဖွား/သေဖြစ်စဉ် တွေပေါ်မူတည်ပြီး၊ ပြန်အကြောင်းပြန်နိုင်ကြဘို့နည်းလမ်းကိုကြိုအသိပေးရပါမယ်။ 

(ဂ) ဆိုင်ရာစာရင်းပေါက်သူတိုင်းဟာ ဒီဇယားမှတ်တမ်းတွေရှိနေကြောင်း၊ ဘယ်လိုနည်းနဲ့ရယူနိုင် ကြောင်းစတဲ့အချက်တွေကို သိသာထင်ရှားစွာအသိပေးရပါမယ်။

(ဃ) ဆွေမျိုးစုတွေနေထိုင်တဲ့အရပ်ဒေသတွေပေါ်မူတည်ပြီး “ခေါင်သူကြီး (team leads)”တွေကို သတ်မှတ်ကြရပါမယ်။ အချင်းချင်းလဲသိအောင်ပုံမှန်ဆက်သွယ်မှုတွေရှိရပါမယ်။

(င) မူရင်းစာရင်းချုပ်ကိုထိန်းသိမ်း၊ ရေးဆွဲမဲ့ စာရင်းထိန်း (author/registrar) သတ်မှတ်ပြီး၊ အများက လေးစား အသိအမှတ်ပြုနိုင်မဲ့သူဖြစ်ဖို့လိုပါတယ်။ ဆက်သွယ်ရလွယ်ကူနိုင်တဲ့သူဖြစ်သလို၊ နည်းပညာ ပိုင်းကိုလည်း ကောင်းစွာနားလည်တဲ့သူဖြစ်နေသင့်ပါတယ်။ အချက်အလက်များကိုလုံခြုံစွာထိန်းသိမ်း နိုင်ပြီး၊ ယုံကြည်စိတ်ချရသူဖြစ်ဖို့ကလည်းအလွန်အရေးကြီးပါတယ်။ နောင်အမွေဆက်ခံနိုင်မဲ့ အလား တူစာရင်းထိမ်းကိုလည်း၊ ကြိုတင်ရှာဖွေပြီးလက်ပွန်းတတီးဆက်သွယ်ပြီး အပြန်အလှန်စဉ်ဆက်မပြတ် သတင်းဖလှယ်နိုင်တဲ့အ ခြေအနေမျိုးကိုဖန်တီးထားရပါမယ်။

(စ) လူတိုင်းဟာ မိမိတို့ဘဝနဲ့ပါတ်သက်ပြီးလှို့ဝှက်စရာကိစ္စကိုယ်စီရှိကြပါတယ်။ ဒီဓမ္မတာသဘောကို နားလည်လက်ခံကြဘို့လိုသလို၊ မှတ်တမ်းမှတ်ရာတွေရဲ့သိုသိပ်မှု၊ တိကျမှန်ကန်မှုကိုဦးစားပေးရမဲ့သ ဘောထားကို နားလည်ကြဘို့လိုပါတယ်။ international genealogical စံတွေကိုတိုင်းတာရာမှာ၊ အချက်အလက်မှန်ကန်တိကျမှုဟာဦးစားပေးကိစ္စဆိုတာကိုနားလည်သလို၊ ကာယကံရှင်တို့ရဲ့ လိုအင်၊ လှိျု့ဝှက်ချက်ကိုလေးစားအသိအမှတ်ပြုခြင်းနည်းနဲ့၊ လူမှုကွန်ယက်မှာ သတင်းဖလှယ်ခြင်းမပြုကြဘို့ ဟာ လူမှုစည်းကမ်းကြီးတခုဆိုတာကိုလိုက်နာကြဘို့လိုပါတယ်။

(ဆ) ငယ်ရွယ်သူတို့ရဲ့သဘဝအတိုင်း၊ နေ့တဓူဝများမြောင်လှတဲ့ကိစ္စဝိစ္စတွေဟာ ဒီမျိုးရိုးစဉ်ဆက် pedigree ကိစ္စမှာအားတက်သရော်မပါကြတာကို၊ နားလည်ခွင့်လွှတ်ကြဘို့လိုပါတယ်။ ဒီလူရွယ်လူ လတ်ပိုင်းတွေအသက်ရလာတာနဲ့အမျှ၊ တနေ့တချိန်မှာ မိမိတို့ရဲ့မျိုးရိုးစဉ်ဆက်အကြောင်း သိလိုစိတ်၊ စပ်စုလိုစိတ်ရှိလာကြမှာဧကန်မလွဲပါ။ အဲ့ဒီအချိန်မှာ သူတို့လက်ထဲမှာအဆင်သင့်လေ့လာနိုင်ဘို့ တိကျ ပြီးပြည့်စုံနိုင်သမျှပြည့်စုံတဲ့ မှတ်တမ်းရှိနေဘို့ဟာ အရေးအကြီးဆုံးအချက်ဖြစ်နေပါတယ်။

(ဇ) နောက်ဆုံးဆိုပေမဲ့အရေးအကြီးဆုံးအချက်ကတော့ ဆိုင်ရာစာရင်းပေါက်သူကလွဲရင်၊ အခြားမည် သူ့လက်ထဲမျှမှတ်တမ်းအချက်အလက်များပေါက်ကြားမသွားဘို့အရေးကြီးလှပါတယ်။ Privacy နဲ့ confidentiality ရဲ့အရေးပါမှုကိုမပြတ်သတိပြုကြပါ။


အချုပ်အားဖြင့်တိုက်တွန်းလိုတဲ့အချက်ကတော့

(က) မိမိတို့ရဲ့မျိုးဆက်နွယ်ဇယားဖေါ်ထုတ်ခြင်းကိုအချိန်မဆိုင်းဘဲ အားတဲ့အချိန်မှာစတင်နိုင်ကြဘို့၊ အားထုတ်ကြဖို့လိုပါတယ်။

(ခ) မိမိတို့ရဲ့နောင်လာနောက်သား၊ သားသမီးတွေလက်ထဲကိုအပြည့်စုံနိုင်ဆုံး Family Registry ကို “အမွေ”အဖြစ်လက်ဆင့်ကမ်းပေးနိုင်ဘို့လိုပါတယ်။

(ဂ) မျိုးရိုးစဉ်ဆက်ဇယားမှတ်တမ်းတွေဖေါ်ထုတ်ရာမှာ၊ တထိုင်တည်းနဲ့ပြီးတဲ့ကိစ္စမဟုတ်သလို၊ အလုံး စုံပြီးပြည့်စုံမှုဆိုတာတကယ်တော့မရှိနိုင်ဘူးဆိုတာကိုနားလည်ကြဘို့လိုပါတယ်။

စာဖတ်သူတို့ ကိုယ့်မျိုးရိုးဂုဏ်ကိုလက်ဆင့်ကမ်းထိန်းသိမ်းနိုင်တဲ့ “Family Heritage” အမွေကို လက် ဆင့်ကမ်းပေးနိုင်တဲ့ ၀ါယမစိုက်အားထုတ်မှုများ ပေါ်ပေါက်လာကြပါစေဟူ၍။



Friday, May 26, 2023

Crimes Against Humanity ဟုဆိုကြရာဝယ်…

ခုပြီးခဲ့တဲ့နှစ်ပိုင်းအနည်းငယ်အတွင်းမှာ မောင်မိုးညိုတယောက် Holocaust နဲ့ပါတ်သက်တဲ့ ပြတိုက် နေရာဒေသအတော်စုံစုံလင်လင်ကိုရောက်ခဲ့ပါတယ်။ Jerusalem က Yad Vasham, Los Angeles က Holocaust Museum, Museum of Tolerance နဲ့ ခုနောက်ဆုံး Washington DC က U.S. Holocaust Memorial Museum တို့ဟာ အထင်ကရနေရာတွေအဖြစ် လေ့လာကြသူတွေသုတေသ နပြုကြသူတွေ၊ ပညာသင်တွေ၊ scholars တွေရဲ့ ခြေချင်းလိမ်အောင်လေ့လာကြတဲ့နေရာတွေပါ။ အခြားပြတိုက်များနဲ့မတူဘဲ လူ့သမိုင်းမှာဇာတ်တူသားချင်းမျိုးပြုန်းအောင်ပြုခဲ့တဲ့ အာဏာရှင်စနစ်ဟာ တချိိန်ကရှိခဲ့တယ်ဆိုတဲ့ပြကွက်တွေနဲ့ စိတ်ထိခိုက်ဖွယ်ဖြစ်အောင် လာရောက်ကြသူတွေရဲ့စိတ်နှလုံးကို ဆွဲငင်သိမ်းကြုံးသွားစေနိုင်တဲ့ အသိပညာပေးဌာနကြီးတွေဖြစ်လို့နေပါတယ်။ အဲ့ဒီပြတိုက်ကြီးတွေကဘာကိုမီး မောင်းထိုးပြထားလဲဆိုတော့ မျက်မှောက်ကာလမှာလည်း လူသားမျိုး တုန်းနိုင်မဲ့ဖြစ်ရပ်တွေ၊ အလားအလာတွေကမလွတ်မြောက်သေးဘူးဆိုတာကိုအသေအခြာပြလို့နေပါ တယ်။ “လူမျိုးတုံုး”ဆိုတဲ့စကားရပ်လို့ဆိုတိုင်း “အာဏာရှင်”ဆိုတဲ့ဝေါဟာရတွဲပါလေ့ရှိတာမို့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေဆဲ စစ်တပ်ရဲ့ကျုးလွန်မှုတွေက ကမ္ဘာကြီးကိုသတိပေးနေပါတယ်။ Washington DC ကပြတိုက်ကြီးမှာတော့ “Burma’s Path to Genocide” တိုတဲ့အထူးပြခန်းကိုလက် ရှိပြသထားတာမို့ မြန်မာတွေမဖြစ်မနေလေ့လာသင့်တဲ့နေရာပါ။ ပြခန်းမှာတော့ (၂၀၁၇) ၀န်ကျင်က Rohingya တိုင်းရင်းသားလူမျိုးစုငယ် (သန်းနဲ့ချိီတဲ့) ဖိနှိပ်သတ်ဖြတ်မှုတွေကိုအလေးပေးပြသထား တာမဲ့ လက်ရှိအဖြစ်အပျက်တွေကပြကွင်းပေါ်မရောက်သေးပါဘူး။ ဆိုင်ရာလူထုလှုပ်ရှားအံတုမှုအဖွဲ့ တွေအနေနဲဲ့လက်ရှိဖြစ်ရပ်တွေကိုပါ ထပ်ဆောင်းဖြည့်သွင်းပြသဖို့တိုက်တွန်းသင့်တဲ့ကိစ္စလို့အကြံပြုပါ ရစေ။ ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုလာကြည့်တဲ့ နေ့စဉ်ဧည့်အရေအတွက်ဟာထောင်ပေါင်းမြောက် များစွာရှိတာမို့ ကမ္ဘာကို မြန်မ့ာအရေးအသိပေးရာမှာ ထိရောက်လျင်မြန်မဲ့နညး်လမ်းကြီးတခုဖြစ်နေလို့ ပါ။ ဒီဆောင်းပါးမှာတော့ လူသားမျိုးနွယ်တုံုးအောင်ပြုတဲ့ crime against humanity ရဲ့ သရုပ်အမျိုးမျိုး နဲ့ပါတ်သက်ပြီး အဖွဲ့အစည်းဥပဒေသတွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုအမျိုးမျိုးကိုဖေါ်ပြသွားပါမယ်။ ဒီဖွင့်ဆို ချက်တွေကိုသေခြာလေ့လာမယ်ဆိုရင် အာဏာရှင်စနစ် (Totalitarianism)ဟာလူသားမျိုး တုံးစေ ရေးကိုဦးတည်စေပြီး၊ အားကြီးသူကအားငယ်သူအပေါ်လက်နက်အားကိုးနဲ့ကြီးနိုင်ငယ်ညှင်း လုပ်တတ် တဲ့လက္ခဏာတွေကိုမကွယ်မဝှက်လှစ်ဟပြလို့နေတာကိုတွေ့ကြရပါမယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို မူရင်းအနှစ်သာရမပျက်အောင်ကြိုးစားဖေါ်ပြထားပေမဲ့ လိုအပ်ချက်၊ မှားယွင်းချက်တွေကို အယ်ဒီတာ ထံကတဆင့်ကျွန်တော့ထံအကြောင်းကြားနိုင်ပါတယ်။ ခွင့်လွှတ်ကြဖို့လဲကြိုတင်တောင်းပန်ပါတယ်။ ကဲ……လေ့လာကြည့်ကြရအောင်ပါ။ 

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Types of Mass Atrocities) 
ကျယ်ကျယ် ပြန့်ပြန့် သို့မဟုတ် စနစ်တကျ တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးလွန်သည့် အောက်ဖော်ပြပါ လုပ်ရပ်များကိုသတ်မှတ်သည်။ လူသတ်မှု၊ သုတ်သင်ရှင်းလင်းခြင်း၊ ကျွန်ပြုခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း ၊ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း (အခြား လိင်အခြေခံ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ)၊ အုပ်စုအခြေပြု နှိပ်စက်ညှဉ်းပန်းခြင်း၊ အတင်းအဓမ္မပြု ခြင်းနည်းဖြင့်ပျောက်ဆုံးသွားစေခြင်း၊ အသားအရောင် ခွဲခြားခြင်း နှင့် အလားတူ လူမဆန်သော လုပ်ရပ်များ ရည်ရွယ်ချက်ရှိရှိ ကြီးစွာသော ဒုက္ခများကို ဖြစ်စေသော အခြားလူမဆန်သော လုပ်ရပ်များ သို့မဟုတ် ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပြင်းထန်သော ဒဏ်ရာများပါဝင်သည်။ (အရင်းအမြစ်- ၁၉၉၈ အပိုဒ် ရ၊ နိုင်ငံတကာရာဇဝတ်တရားရုံး ၏ ရောမဥပဒေ) 

လူမျိုးတုံးသုတ်သင်ခြင်း Ethnic Cleansing 
ဤဝေါဟာရသည် လူမျိုးစုတစ်စုကို နယ်မြေတစ်ခုမှ အတင်းအကျပ် ဖယ်ရှားခြင်းကို ရည်ညွှန်းသည်။ ယခင် ယူဂိုဆလားဗီးယားကို စုံစမ်းစစ်ဆေးသည့် ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များကော်မရှင်က ၎င်းအား "နယ်မြေအတွင်းမှ အုပ်စုများမှ လူများကို ဖယ်ရှားရန်အင်အားသုံး၍ ခြိမ်းခြောက်ခြင်း" ဟု သတ်မှတ်ခဲ့သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများသာမက လူမျိုးတုံးသတ်ဖြတ်ခြင်းကို နိုင်ငံတကာဥပဒေအရ သီးခြားရာဇဝတ် မှုအ ဖြစ်သတ်မှတ်ခဲ့ပြီး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ဟုပြဆိုခဲ့သည်။ (အရင်းအမြစ်- ၁၉၉၃ ခုနှစ် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ထံမှလုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံ ပေးစာ) 

 လူမျိုးတုံးသတ်ဖြတ်မှု Genocide 
နိုင်ငံသား၊ လူမျိုးစု၊ ဘာသာကိုးကွယ်မှု အုပ်စုတစ်စုလုံးကိုဖြစ်စေ တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ် ပိုင်းဖြစ်စေ ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် စနစ်တကျကျူးလွန်သည့် အောက်ပါလုပ်ရပ်များဟု သတ် မှတ်သည်။ • သတ်ဖြတ်အစဖျောက်ဖျက်ခြင်း။ • ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာသေရာပါ ပြင်းထန်သောထိခိုက်မှုဖြစ်စေခြင်း ။ • ၎င်း၏ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖြစ်စေရန် တမင်တင်ကြိုစီမံ၍ ထိခိုက်စေခြင်း။ • လူမျိုးဒေသအစုအဖွဲ့အတွင်း မွေးဖွားခြင်းကို တားဆီးရန် ရည်ရွယ်သော စီမံချက်များ ချမှတ်ခြင်း။ • လူမျိုးဒေသအစုအဖွဲ့နေကလေးများကို အခြားအုပ်စုသို့ အတင်းအကျပ် ပြောင်ရွှေ့လွှဲပြောင်းခြင်း။ (အရင်းအမြစ်- ၁၉၄၈ အပိုဒ် ၂၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တားဆီးကာကွယ် ရေးနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း) 

အရပ်သားလူထုအပေါ် ကြီးမားသော၊ စနစ်တကျ အကြမ်းဖက်မှု Mass Atrocities 
အစုလိုက်အပြုံ လိုက်ရက်စက်ကြမ်းကြုတ်မှု ဟူသော ဝေါဟာရသည် တရားဝင် အဓိပ္ပါယ်ဖွင့်ဆိုထား ခြင်းမရှိသော်လည်း၊ ၎င်းသည် လူမျိုးတုံးသတ်ဖြတ်မှု (အထက်ဖော်ပြပါအတိုင်း)၊ လူသားမျိုးနွယ်အ ပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ရည်ညွှန်းလေ့ရှိသည်။ (အရင်းအမြစ်- လူမျိုးတုံးသတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှု ကာကွယ် ရေးအခြေခံများ၊ Scott Straus, Professor of political science of UC Berkeley – an author of “The Order of Genocide”) 

Mass Killing 
ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များ၊ သူပုန်တပ်များနှင့် အခြားပြည်သူ့စစ်များအပါအဝင် လက်နက်ကိုင်အဖွဲ့ များ တမင်သက်သက်ရည်ရွယ်လုပ်ဆောင်မှုများကြောင့် တစ်နှစ်(သို့မဟုတ်)တစ်နှစ်ကျော်ကာလအ တွင်း အရပ်ဒေသတခုအတွင်းတစ်စိတ်တစ်ပိုင်းအဖြစ် ပစ်မှတ်ထားတိုက်ခိုက်ကြောင့် အရပ်သား (၁,၀၀၀) ထက်မနည်း သေဆုံးခဲ့ရသည့်အဖြစ်အပျက်မျိုးဖြစ်သည်။ (အရင်းအမြစ်- ကြိုတင်သတိပေး ချက် ပရောဂျက်) 

စစ်ရာဇဝတ်မှုများ War Crimes 
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ပြီး လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အခြေအနေကိုဖန်တီးဖြစ်ပေါ်စေခြင်းမျိုးဖြစ်သည်။ သို့အတွက် ရောမ ဥပဒေက အရပ်သားများ ကို တိုက်ခိုက်ခြင်း၊ ကလေးစစ်သားများကို အတင်းအကြပ်စုဆောင်းခြင်း နှင့် အသုံးပြုခြင်း၊ ပညာရေး နှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို ဖျက်ဆီးခြင်း အပါအဝင် စစ်ရာဇ ၀တ်မှုမြောက်မြားစွာကို ဤပြစ်မှုတွင်အကြံုးဝင်စေပြီး နောင်အရေးယူအပြစ်ပေးနိုင်ခြင်းအလို့ငှာ တိကျ သောစာရင်းပြုစုထားသည်။ (အရင်းအမြစ်- နည်းဥပဒေ ၁၅၆၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော် မီတီ) 

“လူမျိုးတုံးသတ်ဖြတ်မှု” Genocide 
ဤဝေါဟာရသည် (၁၉၄၄) ခုနှစ်မတိုင်မီက မရှိခဲ့ပါ။ ၎င်းသည် ေးသလူနေမှုအဖွဲ့အဖွဲ့အစည်း၏ တည် ရှိမှုကို ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် အုပ်စုများအပေါ် ကျုးလွန်သော အကြမ်းဖက်ရာဇဝတ်မှု များကို ရည်ညွှန်းထားသော အလွန်တိကျသောအသုံးအနှုန်းဖြစ်သည်။ US Bill of Rights (သို့မဟုတ်) 1948 United Nations Universal Declaration of Human Rights တွင်ဖော်ပြထားသည့်အတိုင်း လူ့အခွင့် အရေးသည် လူတစ်ဦးချင်း စီ၏အခွင့်အရေးကို အလေးထားပါသည်။ Background of Genocide (၁၉၄၄) ခုနှစ်တွင် ပိုလန်ဂျူးရှေ့နေ Raphael Lemkin (1900-1959) သည် ဥရောပဂျူးများကို အစု လိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပါအဝင် နိုင်ငံနှင့်လူမျိုးစုများကို စနစ်တကျဖျက်ဆီးသည့် နာဇီမူဝါဒ များကို မှတ်တမ်းတင်သည့်စာအုပ်တွင် "လူမျိုးတုံးသတ်ဖြတ်ခြင်း" ဟူသောအသုံးအနှုန်းကို စတင်ရေး သားခဲ့သည်။ သူသည် [geno-] ဂရိစကားလုံးမှ လူမျိုး သို့မဟုတ် မျိုးနွယ်၊ [-cide]၊ လက်တင်စကား လုံးမှ သတ်ဖြတ်ခြင်းနှင့်ပေါင်းစပ်ခြင်းဖြင့် စကားလုံးကို ဖန်တီးခဲ့သည်။ သူက လူမျိုးတုံးသတ်ဖြတ်မှု အား "လူမျိုးစု များ၏ ဘဝအခြေခံအုတ်မြစ်များကို ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာညှိနှိုင်း ဆောင်ရွက်မှု အစီအစဉ်တစ်ခုအဖြစ်၊ အုပ်စုများကို ချေမှုန်းပစ်ရန် ရည်ရွယ်ချက််အဖြစ်" ဂျာမနီနိုင်ငံ၊ နူရမ်ဘာ့ဂ်တွင် ကျင်းပသည့် နိုင်ငံတကာစစ်ခုံရုံးက နာဇီခေါင်းဆောင်များကို လူသားမျိုး နွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။ 

Holocaust ဟူသောအဖြစ်အပျက်သမိုင်းကိုဗြောင်အသိအမှတ်မပြုခြင်း/ ဗြောင်ငြင်းကွယ်ခြင်း (Denial of the Holocaust) 
နာဇီများက ဂျူးများကို အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းခြင်းမှာ ဘယ်သောအခါမှ မဖြစ်ပွားခဲ့ ကြောင်း အခိုင်အမာဆိုသည်။ ဂျူးလူမျိုးဆုံးရှုံးမှု အရေအတွက်သည် ကြီးကြီးမားမား ချဲ့ထွင်ခဲ့သည်ဟု စောဒကတက်ကြသည်။ Holocaust သည် စနစ်တကျမဟုတ်သလို တရားဝင်ပေါ်လစီ၏ ရလဒ်တစ်ခု မဟုတ်ကြောင်း၊ ထို့အပြင် Holocaust သည်ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးဟုရိုးရိုးရှင်းရှင်းငြင်းဆိုကြ သည်။ ဤကဲ့သို့သော အဓိပ္ပါယ်မဲ့သော အခိုင်အမာပြောဆိုမှုများကို နာဇီများ၊ နာဇီလက်သစ်များ၊ 'ပြန် လည်ပြင်ဆင်သူများ' ဟုခေါ်သော သမိုင်းပညာရှင်များနှင့် ကြီးမားသောရက်စက်ကြမ်းကြုတ်မှုများ အမှန်တကယ်ဖြစ်လာနိုင်သည်ကို မယုံကြည်လိုသော(သို့မဟုတ်)မယုံကြည်နိုင်သော ပညာတတ်နှင့် ပညာမဲ့သူများမှဖုံးဖိ ပြောဆိုခဲ့ကြသည်။ သို့မဟုတ်ဖုံးကွယ်ရန်နည်းမျိုးစုံသုံးကြိုးစားခြင်းမျိုးဖြစ်သည်။ ဤအယူအဆသည်ခေတ်ပညာတတ်သိုင်းအဝန်းအတွင်းတွင် ကျယ်ပြန့်နက်ရှိုင်းစွာထိုးဖေါက်နေရာယူ နေသည်ကိုဝမ်းနည်းဘွယ်တွေ့နေရပြီဖြစ်သည်။ အမှန်တရားကိုအမှန်တရားကဲ့သို့သက်ခံရန် “ဘူး”ခံ သည့်အဖြစ်များဖြစ်သည်။ မိမိတို့ယုံကြည်ရာနိုင်ငံရေးအယူအဆကြောင့်လည်းအယူသီးကြသူများစွာ ရှိသည်။ 

Antisemitism 
ဤစကားလုံးသည် ဂျူးများအပေါ် မုန်းတီးခြင်း သို့မဟုတ် မုန်းတီးခြင်းကို ဆိုလိုသည်။ နာဇီဂျာမဏီနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်သူများ ၏ ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဥရောပဂျူးများကို နိုင်ငံတော် က ကမကထပြု နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုသည် Holocaust အဖြစ်သမိုင်းတွင် အဆိုးရွားဆုံး သော ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ဥပဒေသဖြစ်ခဲ့သည်။ လူမျိုးစုတစုကမိမိတို့အမည်နာမကိုအသုံးပြု ခြင်း ကို “ဤလူမျိုးစုဘယ်သောအခါကမရှိ”ဟုအတင်းအကြပ်သမုတ်ခြင်း၊ ပညတ်ခြင်းသည်လည်းပါ ၀င်သည်။ အသားအရောင်၊ လူမျိုးရေးအစွန်းရောက်ဝါဒီများအတွင်းနက်ရှိုင်းစွာဝင်ရောက်နေပါသည်။ ဘေးမှဝင်ရောက်စွက်ဖက်ခြင်း၊ ကင်းကင်းနေခြင်း၊ ရပ်ကြည့်ခြင်း၊ ၀င်ရောက်အရေးဆိုရန်ပျက်ကွက်ခြင်း (Bystander) Holocaust ၏ စကားရပ်တွင် “ဘေးလူ” ဟူသော ဝေါဟာရကို ပုံစံနှစ်မျိုးဖြင့် သုံးသည်။ ပထမအချက် မှာ ပြင်ပသို့မဟုတ်နိုင်ငံတကာအိမ်နီးချင်းများကို ရည်ညွှန်းသည်။ အမှန်တကယ် ဖြစ်ရပ်များနှင့် ဝေး ကွာခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ဤ “ဘေးလူများ” သည် မဟာမိတ်အစိုးရများနှင့်ကြားနေနိုင်ငံ များမှ ဘာသာရေးအဖွဲ့အစည်းများနှင့် ဂျူးအဖွဲ့အစည်းများအထိ ကျယ်ပြန့်စွာပါဝင်သည်။ ဒုတိယအ နေဖြင့်ဤဆောင်းပါးတွင် မီးမောင်းထိုးပြသောအုပ်စုကား အနီးနားရှိ လူ့အဖွဲ့ အစည်းအတွင်း မကြာခ ဏ ဆိုသလို အဖြစ်အပျက်များကို ရုပ်ပိုင်းဆိုင်ရာပါရှိနေသည့် “ဘေးရန်သူ” ကို ရည်ညွှန်းသည်။ “Bystanders” သည် အမှန်တကယ်ဖြစ်ရပ်များနှင့် နီးစပ်သော ဂျာမန်နှင့် ဥရောပလူဦးရေများကို ရည်ညွှန်းရာတွင် ၎င်းတိုနှင့်မဆိုင်သောအရာအဖြစ် သတ်မှတ်လေ့ရှိသည်။ ၎င်းတို့သည် “ကျူးလွန်သူ များ” သို့မဟုတ် “တရားခံများ” မဟုတ်ပါ။ ၎င်းတို့သည် “ဒုက္ခသည်များ” ၏ “ကယ်တင်ရှင်များ” ၏ လူနည်းစုအနည်းစုထဲတွင်လည်း မပါခဲ့ပါ။ အုပ်စုတစ်ခုအနေဖြင့် "ဘေးမှနေသူများ" ကို "passive" သို့မဟုတ် "indifferent" အဖြစ် သတ်မှတ်လေ့ရှိသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် လူမျိုးခြားများ ဖြစ်သောကြောင့် သို့မဟုတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအဆင့်တွင် ပုန်းအောင်းနေသူများကို ခိုလှုံခွင့်မပေးဘဲ ပစ်မှတ်ထားသည့် လူတစ်ဦးချင်းစီ၏ နှိပ်စက်ညှဉ်းပန်းမှုကို မျက်မြင်တွေ့သောအခါ တွင် ထုတ်ဖော်ပြောဆိုခြင်းမပြုကြသူများ ပါဝင်ပါသည်။ "passive" နှင့် "indifferent" ဟူသော စကားလုံးနှစ်လုံးသည် ကွဲပြားသော အဓိပ္ပါယ်များရှိသည်။ "Passive" သည် "လှုပ်ရှားမှုမရှိခြင်း" ကို ဆိုလိုသည်။ Passivity သည် အလွန်ကွဲပြားသော ခံစားချက် အမျိုးမျိုးမှ ဆင်းသက်လာနိုင်သည်။ စွမ်းအားမဲ့ခြင်းသဘော၊ တစ်ဦး၏ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက် ကြောက်ရွံ့မှု၊ အုပ်စု သို့မဟုတ် အသိုင်းအဝိုင်းအတွင်း လူမှုရေးဆိုင်ရာ ဖိအားများ၊ သို့မဟုတ် ကျူးလွန် သူ၏လုပ်ရပ်အတွက် ပံ့ပိုးမှု သို့မဟုတ် သည်းခံခြင်းမှဆင်းသက်လာနိုင်သည်။ "Indifferent" သည် တစ်စုံတစ်ခုကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှု မရှိခြင်း၊ ဂရု ဏာသက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကာယကံရှင်များအတိဒုက္ခအတွက် “ဘေးနားရှိသူများ” ၏ “လျစ်လျူရှုခြင်း” သည် စစ်အတွင်းချို့တဲ့မှုနှင့် ဆင်းရဲဒုက္ခများရင်ဆိုင်ရသည့် ၎င်းတို့၏မိသားစုများ ၏ ရှင်သန်မှုအပေါ် အာရုံစိုက်ခြင်းအထိ လူတို့၏နေ့စဉ်စိတ်ဝင်စားမှုများကြောင့်ဟု ယူဆလေ့ရှိသည်။ စစ်ပွဲအပြီးတွင် ၎င်းတို့သည် “မပါဝင်” ကြောင်း အခိုင်အမာဆိုကြသည်၊ အနှစ်သာရအားဖြင့် ၎င်းတို့ သည် “ဘေးနေများ” ဖြစ်ကြသည်ဟု ဆိုကြသည်။ သို့သော်လည်း ဖြစ်ပျက်ခဲ့သည့်အတွက် မည်သည့် တာဝန်ကိုမျှ မယူရန် ငြင်းဆိုခြင်းသည် လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းနှင့် ပြင်ပမှ လူများ၏ ပါဝင်ပတ် သက်မှု၏ အဖြစ်မှန်ကို ဖုံးကွယ်ထားသည်။ သူတို့မျက်မြင်တွေ့ခဲ့ရတာကို အတည်ပြု ပျက်ကွက်သူအ များအပြားလည်း ပါဝင်သည်။ အကြောက်တရားလွှမ်းမိုးမှုကိုကာလကြာနေသားကျသောလူစုအဖွဲ့အ စည်းမျိုးတွင်တွေ့မြင်ရလေ့ရှိသော လူတန်းစားမျိုးဖြစ်ကြသည်။ အရွယ်လွန်ပိုင်းများတွင်တွေ့ရလေ ရှိ သည်။ ၎င်းတို့ကို “ခြံစည်းရိုးခွထိုင်ကြသူများ”အဖြစ် သမိုင်းအလှည့်အပြောင်းတိုင်းတွင်သမုတ်လေ့ရှိ သည်။ ဖိနှိပ်ခံဘဝဖြင့်မွေးဖွားကြီးပြင်းကြသူများအတွင်းဤ “အကြောက်တရား(Fear)” သည်များစွာ နေရာယူတတ်လေ့ရှိသည်ကိုတွေ့နိုင်သည်။ U.S. Holocaust Memorial Museum ကြီးရဲ့ အထင်ကရ သုတေသနအဖွဲ့ကြီးရဲ့ နိုဝင်ဘာ၊ ၂၀၂၂ ထုတ်ပြန်တဲ့စစ်တမ်း (၂၀၂၂/၂၀၂၃ ရှေ့ပြေးခန့်မှန်းခြေ) Statistical Risk Assessment of the “Early Warning Project” အရ (၂၀၂၁)မြန်မာစစ်တပ်ကအာဏာသိမ်း ပြီးနောက်ပိုင်း ဒီနေ့အထိ စဉ်ဆက်မပြတ်လူထုအပေါ်ဖိနှိပ်သတ်ဖြတ်မှုဟာ နိုင်ငံတကာကိုထိတ်လန့် တုန်လှုပ်စေပြီး၊ ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ (တတိယ)အဆိုးရွားဆုံးနိုင်ငံ (ပထမနဲ့ဒုတိယနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ယီမင် မှာရပ်စဲသွားပြီဖြစ်)အဖြစ်သမိုင်းတွင်မြန်မာကနေရာယူနေတာကိုထင်ရှားစွာပြဆိုနေပါတယ်။ 
• အစိုးရလုံုံခြုံရေးတပ်ဖွဲ့များသည် ၁၉၄၈ ခုနှစ်မှစ၍ တိုက်ပွဲမရှိသော တိုင်းရင်းသားလူနည်း စုများမှ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ 
• တိုက်ပွဲမရှိသော ရိုဟင်ဂျာအရပ်သားများကို ၂၀၁၆ ခုနှစ်ကတည်းက အစိုးရလုံခြုံရေးတပ် ဖွဲ့များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ 
• ၂၀၂၁ ခုနှစ်ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်တယ်လို့ သံသယရှိတဲ့ အရပ်သားတွေ ကိုအစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။ သမိုင်းပညာရှင်တို့၏ Crimes against Humanity နှင့်ပါတ်သက်၍ အဓိပ္ပါယ်နှင့်ဝေါဟာရစုံသတ်မှတ် ကြတာမှန်ပေမဲ့လည်းအသေအခြာလေ့လာကြည့်ရင်၊ ပြုသူ (tyranny/actors) များမှာအာဏာရှင်များ ဖြစ်လေ့ရှိကြပြီး၊ အပြုခံကြရသူများမှာ လူများစုအဖိနှိပ်ခံများဖြစ်လေ့ရှိပါတယ်။ အများအားဖြင့်လူ နည်းစု/လူမျိုးစုငယ်များဟာ အတိဒုက္ခရောက်ကြသူတွေဖြစ်လေ့ရှိကြပါတယ်။ ဖိနှိပ်သူတို့ရဲ့သဘာဝ အတိုင်းမိမိတို့ပြုလုပ်သမျှတွေကိုပြန်လည်တွန်းလှန်နိုင်ခြင်းမရှိတော့၊ အခြားပြင်ပအဖွဲ့အစည်းနိုင်ငံတ ကာက ဖိအားပေးရှုတ်ချပြစ်တင်မှုတွေဟာအပြောသက်သက်သာရှိနေရင် တဖြေးဖြေးလက်ရဲဇက်ရဲ ဖြစ်လာလေ့ရှိကြပါတယ်။ ဒါဟာ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ် (totalitarianism) ရဲ့လမ်းပြမြေပုံခရီး စဉ်ပါ။ အထူးသဖြင့်ဒီကျင့်စဉ်တွေဟာ ဆင်းရဲပြီးဒီမိုကရေစီအင်အားနည်းတဲ့နိုင်ငံဒေသရပ်ဝန်းတွေမှာ ထွန်းကားလေ့ရှိသလိုနှစ်ပရိစ္ဆေဒကြာမြင့်စွာအမြစ်တွယ်လေ့ရှိကြပါတယ်။ (သတ်မှတ်တနှစ်တာအတွင်း အရပ်သားစဉ်ဆက်မပြတ်သေဆုံးမှု တစ်ထောင်နှင့်အထက်ရှိသောအ ဓိပ္ပါယ်သတ်မှတ်ချက်အရ။)