Monday, April 30, 2018

Credit ကို “အကြွေး” ဟုဆိုကြသူတွေ



ပြီးခဲ့တဲ့ရက်များအတွင်းက လူမှုကွန်ယက်တွေမှာပြန့်နှံ့ခဲ့တဲ့ အမေရိကနိုင်ငံရောက်အခြေချနေထိုင်တဲ့ လူငယ် နှစ်ဦးရဲ့စကားပြောခန်းဗီဒီယိုဖိုင်တခုကိုအမှတ်မထင်ကြည့်ရှုမိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ဆွေးနွေးချက်ကိုအတိုချုပ် ပြောရရင်တော့ အမေရိကမှာပြောင်းရွှေ့အခြေချနေထိုင်ကြရတဲ့ဘ၀ဟာ အလွန်းကြမ်းတမ်းကြောင်းဆိုတဲ့အ ချက်ပါဘဲ။ ဒါဟာငြင်းစရာမလိုတဲ့အချက်ဆိုတာကို စာဖတ်ပရိတ်နားလည်ထားပြီးသားပါ။ ဒီဗီဒီယိုဖိုင်ဟာရုတ် တရက်ကြည့်ရင်ဟုတ်တာတွေပြောနေတာဘဲလို့ယေဘူယျထင်စရာရှိစေမဲ့ စိုးရိမ်စရာ/အထင်လွဲစရာ သတင်း မှားဖြစ်နေတာမို့၊ မောင်မိုးညိုအနေနဲ့စိုးရိမ်မိရာက ဒီဆောင်းပါးရေးဖြစ်တာပါ။ သူတို့လေးတွေရဲ့ဆွေးနွေးချက် အကြောင်းရင်းခံကတော့၊ ဘာလုပ်လုပ်၊ ဘာဝယ်ဝယ်ဝယ်၊ ဘာသုံးသုံးအကြွေးတွေချည့်ပါဘဲဆိုပြီးငြီးတွားရင်း၊ “အကြွေး”စနစ်ကိုအပြစ်ပုံချကြတဲ့အကြောင်းပါ။ အထူးသဖြင့် ဗီဒီယိုပါဆယ်ကျော် သက်ရွယ်လူငယ်တွေဖြစ်နေ တာမို့၊ ပြောင်းရွှေ့အခြေချသူမြန်မာလူငယ်တွေကြားမှာ၊ မှားယွင်းတဲ့အယူအဆ၊ ထိုးဖေါက်ဝင်ရောက် နေရာ ယူနေပြီဆိုတဲ့လက္ခဏာတွေ ၀မ်းနည်းဖွယ်တွေ့နေရပါတယ်။
အဲ့ဒီအပြန်အလှန်ပြောဆိုကြတဲ့စကားဝိုင်းမှာ “အကြွေး”ဆိုတဲ့ဝေါဟာရကိုအလေးထားပြောသွားတာ ကိုတွေ့ ရပါတယ်။ အမေရိကနိုင်ငံအပါအ၀င် တိုးတက်တဲ့နိုင်ငံကြီးငယ်မဟူမှာ credit ဆိုတဲ့ စနစ်ကိုစတင် အသုံးပြုခဲ့၊ ပြုနေကြတာနှစ်ပရိစ္ဆေဒအတော်ကြာပါပြီ။ သမိုင်းနဲ့ချီပြောရရင်ပထမနဲ့ဒုတိယကမ္ဘာစစ်ကာလထဲက ဒီအယူ အဆသစ် စတင်ပေါ်ထွန်းခဲ့ခြင်းပါ။ စီးပွားပျက်ကပ်တွေကြောင့်လူ့ဘ၀ကနေနေ့ချင်းညချင်းဒုက္ခအတိရောက်ကြ သူတွေသိန်းသန်းနဲ့ချီတဲ့အဖြစ်တွေကိုကာကွယ်နိုင်မဲ့အစီအမံတွေကိုကြံစည်တီထွင်ရာကနေ၊ လူတိုင်းကြုံတွေ့ရ နိုင်ချေများတဲ့ ငွေရေးကြေးရေးပျက်ပြုန်းမှု (financial crisis/bankruptcy) ကိုမျှဝေခုခံနိုင်မဲ့ (spreading of risk burden) အာမခံစနစ် (insurance) ပေါ်ပေါက်လာခြင်းပါဘဲ။ အဲ့ဒီနောက်ဆက်တွဲမှာဘဲ ထုတ်ကုန်ပစ္စည်း ရဲ့ ၀ယ်လိုအား (buying power) ကိုမြှင့်တင်ပေးနိုင်မဲ့ ငွေကြေးကြိုတင်သုံးစွဲခွင့် (loaning) ကိုဘဏ်တွေက စတင်ပြီး၊ ဈေးကွက်တွေမှာအသုံးပြုလာကြပါတယ်။ ဘဏ်များရဲ့ရပ်တည်နိုင်ရေးနဲ့တည်ငြိမ်ရေးအသက်သွေး ကြောဟာ ငွေလည်ပါတ်မှု (everlasting cash flow)ပါ။ ဒီအတွက်ကိုယ့်ဘဏ်ရဲ့ငွေကိုကိုယ်စိတ်ချရသူတွေက၊ သုံးချင်လာအောင်စည်းရုံးဆွဲဆောင်ကြရပါတယ်။ အဲ့ဒီအတွက် “မိမိစိတ်ချရမဲ့” စားသုံးသူ (တနည်း)မိမိငွေကို သုံးစွဲမဲ့သူကသုံးချင်လာအောင်မက်လုံးအမျိုးမျိုးတီထွင်ပေးလာကြရပါတယ်။ “မိမိစိတ်ချရမဲ့” စားသုံးသူ လို့ဆို တဲ့အတွက်ကြောင့် အဲ့ဒီငွေကိုပုံမှန်သုံးပြီး၊ ပုံမှန်ပြန်ဆပ်နိုင်မဲ့သူတွေများများပေါ်ပေါက်လာရေးဟာ၊ ဘဏ်များ အတွက် နောက်တဆင့်လိုအပ်တဲ့အခရာကျတဲ့အချက်ပါ။ ဒီကနေ့မှာ ပွိုင့်စနစ်နဲ့ငွေကြေး cash reward စနစ်၊ traveling point စနစ်စသဖြင့်ပေါ်ပေါက်လာတဲ့ credit cards တွေကိုတွေ့မြင်နိုင်ကြမှာပါ။
ဆိုခဲ့တဲ့ ဘဏ်များရဲ့သက်ဇိုးရှည်ရေးကိစ္စမှာ“မိမိစိတ်ချရမဲ့” စားသုံးသူ ရရှိလာရေး၊ ပေါများလာရေးအတွက်၊ တိုးတက်တဲ့နိုင်ငံကြီးတွေမှာ credit rating (score) system ကိုစတင်အသုံးခဲ့ကြတာဟာ၊ ခုဆိုရင် လူတိုင်း ဘ၀ရှင်သန်ရပ်တည်ရေးအတွက်အရေးပါတဲ့အစိတ်အပိုင်းတခုဖြစ်မှန်းမသိဖြစ်နေပါပြီ။
ဒီနေရာမှာ Credit ဆိုတဲ့ဝေါဟာရကို “အကြွေး” လို့ဘယ်သူကဘယ်တုံးကတီထွင်လိုက်တယ်ဆိုတာအစရှာ မရဖြစ်နေပါတယ်။ ပိုဆိုးတာက “အကြွေး”ဆိုတဲ့ဝေါဟာရဟာ မြန်မာ့လူမှုဆက်ဆံရေးနဲ့စီးပွားရေးနယ်ပါယ်မှာ “အကျဉ်ခံ”ဝေါဟာရအနေနဲ့ရှိခဲ့တဲ့ဓလေ့ဟာအရိုးစွဲနေပါတယ်။ “အကြွေး”ရှိသူတွေလူရာမ၀င်ဖြစ်ပြီး၊ အကူ အညီပေးချင်ကြသူတွေလက်တွန့်တဲ့အနေအထားပါ။ ညီအစ်ကိုမောင်နှမအရင်းအခြာဆွေမျိုးသားချင်းတွေ တောင် “အကြွေး”ရှိသူဆိုရင်မေးငေါ့ခံကြရယုံမက၊ လူရာအသွင်းမခံရပါဘူး။
“အကြွေး” နဲ့ အမေရိကလူမှုစီးပွားဘ၀မှာမရှိမဖြစ်ရှိနေဘို့လိုတဲ့ credit လောကကြီးနဲ့ ထိပ်တိုက်တွေ့ကြတာ ကြာပါပြီ။ နီးစပ်ရာအချင်းချင်းလက်တို့ပြီး၊ “အကြွေး”မထားကြဘို့၊ “အကြွေး”မ၀ယ်ဘို့၊ တန်ရာတန်ဘိုးကိုအပြီး ပေးဝယ်ဘို့စတဲ့ စကားတွေပလူပျံနေတာမတားနိုင်မဆီးနိုင်အောင်ပါဘဲ။ “အကြွေး”မ၀ယ်ဘဲ ငွေအပြည့်ပေးချေ ၀ယ်ယူရတာကို ဂုဏ်ယူဝင့်ကြွားကြသူတွေကိုလည်းမြင်ဘူးပါတယ်။ Credit card သုံးတာကိုရှုတ်ချကြသူတွေ လဲဒုနဲ့ဒေးပါ။
ဒါတွေအားလုံးဟာကြီးမားလွန်းတဲ့ မှားယွင်းတဲ့အယူအဆကြီးတခုဖြစ်ယုံမက တဖက်သားရဲ့အနာဂါတ်ဘ၀ ကိုရိုက်ချိုးဖျက်ဆီးရာရောက်တယ်ဆိုတဲ့အချက်ကို၊ တိုက်တွန်းပြောဆိုကြသူတွေမသိကြလေရော့သလားလို့ စိုးရိမ် စိတ်ဝင်မိပါတယ်။ Credit ဟာ “အကြွေး” မဟုတ်ပါဘူး။ Credit ဟာ သက်ဆိုင်သူ (ရယူသုံးစွဲသူ) အတွက် ခံစားရတဲ့ အသိအမှတ်ပြုခံနံမယ်ကောင်းတခုလို့ဆိုရရင်ပိုပြီးမှန်လိမ့်မယ်လို့ယူဆပါတယ်။ ငွေကြို တင်သုံး စွဲခွင့်ပြုသူ(Debtor/borrower) ဘဏ် (lender/creditor/bank)၊ လုပ်ငန်း(သို့မဟုတ်)ကုန်ပစ္စည်း (သို့မဟုတ်) ငွေကြေးသတ်မှတ်ချက်တခုခုတို့ပါဝယ်တဲ့ (၃)ဦး(၃)ဖလှယ်အ၀န်းအ၀ိုက်ကြားမှာ(ဥပဒေအရ) ထားရှိတဲ့ “ယုံကြည်အပ်နှံမှု” (Trust) ပါ။ အဲ့ဒီ trust မှာပါဝင်ပြီး၊ တာဝန်ကြေအချိန်မှန်ငွေပြန်လည်ပေးသွင်း ခြင်းနည်းနဲ့ ရယူသုံးစွဲသူဟာငွေချေးငှားသူမဟုတ်တော့ဘဲ၊ credit ရရှိသူဖြစ်သွားပါတယ်။ Good Credit ရှိသူတွေမျက်နှာ ရှိကြပါတယ်။ ဘဏ်တွေဝိုင်းဝိုင်းလည်ခြင်းခံကြရပါတယ်။ ဒီcredit ကောင်းမကောင်းကို စဉ်ဆက်မပြတ်စိစစ်နေ တဲ့အဖွဲ့အစည်းတွေရှိပြီး၊ ဒီအဖွဲ့တွေရဲ့ credit rating ဟာ တိုးတက်တဲ့နိုင်ငံကြီး တွေမှာနေထိုင်ကြသူ ဆင်းရဲချမ်း သာမရွေးတို့အတွက် အရေးပါအရာရောက်လှတဲ့ လူ့ဘ၀အစိတ်အပိုင်း တွေဖြစ်နေပါတယ်။ တမဟုတ်ခြင်းရတဲ့ အကျိုးကျေးဇူးတွေ -
(က) လူ့ဘ၀ရဲ့အိပ်မက်ဖြစ်တဲ့၊ အိမ်/ခြံ၊ ကားဝယ်ယူရာမှာ ဘဏ်ငွေချေးရာတွင်လွယ်ကူခြင်း။
(ခ) အတိုးနှုန်းသက်သာခြင်း၊
(ဂ) မိမိနှင့်တကွမိမိသားသမီးများရဲ့ အဆင့်မြင့်ပညာရေးအတွက်ပညာသင်ကြားစရိတ်လျှောက်ထားရာတွင် နှင့်ဘဏ်ငွေချေးရာတွင်လည်းရရှိနိုင်မည်ူ့အခွင့် အလမ်းကောင်းခြင်း၊
(ဃ) အိမ်ငှားရမ်းရာတွင်ကောင်းစွာအထောက်အကူပြုခြင်း၊
(င) မိမိလိုအပ်မည့် Credit card အမျိုးစားအမျိုးမျိုးတို့ကိုစိတ်ကြိုက်ထားရှိသုံးစွဲခွင့်ရှိခြင်း၊ ယင်း ကတ်များက ပေးလာမည့်နောက်ဆက်တွဲအကျိုးထူးများဖြစ်သော reward နှင့်အကျိုးအမြတ် ပွိုင့်များခံစားရရှိနိုင်ခြင်း၊
(စ) ကုန်ပစ္စည်း(သို့မဟုတ်) စီးပွားရေးလုပ်ငန်းများဖွင့်လှစ်ရာတွင်၎င်း၊ တိုးချဲ့ရာတွင်၎င်း၊ မိမိလိုလားချက်ကို တိုးတက်တောင်းဆိုခြင်း၊ ယှဉ်ပြိုင်အရေးဆိုခွင့်ရှိခြင်း၊
(ဆ) cell phones၊ Utilities ကဲ့သို့သော services များရရှိရန်လွယ်ကူခြင်း၊
Credit ဟူသောအရာသည် “အကြွေး” ဆိုသည့်မှားယွင်းသောအယူအဆကိုမိမိကိုယ်တိုင်လည်းခ၀ါချပြီး၊  သူ တပါးကိုအလွယ်တကူလမ်းမှားသို့တွန်းပိုခြင်းများရပ်တန်းကရပ်ကြ၍၊ Credit ကိုကောင်းနိုင်သမျှ ကောင်းအောင် ထိန်းသိမ်းနိုင်သော ပြည်ပရောက်မြန်မာမိသားစုများပေါ်ထွန်းလာရေးသို့။    

Saturday, March 31, 2018

ယာဉ်တိုက်မှုဖြစ်ခဲ့သော် …..



ယခင်လများက အမေရိကရောက်မြန်မာများအတွက် မသိမဖြစ်သိသင့်တဲ့ ကျန်းမာရေးအာမခံရဲ့အခြေခံသဘော တရားတွေတင်ပြခဲ့ပါတယ်။ ဒီလမှာတော့ နေ့စဉ်အလုပ်ခွင်(သို့မဟုတ်)ကိစ္စကြီးငယ်တို့အတွက် ဘ၀ပျားပန်း ခတ်ကြရသူမြန်မာတွေအတွက် နားလည်လိုက်နာသင့်တဲ့ ယာဉ်တိုက်မှုအာမခံ (Road Traffic Accidents)တွေ ဘက်လှည့်ကြရအောင်ပါ။ ဒီကိစ္စကလည်းအရေးကြီးပြီး၊ မိသားစုတိုင်းနဲ့ကင်းလို့မရတဲ့ကိစ္စကြီးတခုပါ။ ကြိုတင် အသိပေးလိုတဲ့အချက်ကတော့ အာမခံကိစ္စအရေးယူဆောင်ရွက်မှုတိုင်းဟာ၊ မိမိအာမခံဝယ်ယူရာကုမ္ပဏီကြီး များရဲ့လုပ်ထုံးလုပ်နည်းမူဘောင်စည်းမျဉ်း(framework) ရဲ့သဘောထားထားနဲ့ဆုံးဖြတ်ချက်ဟာ အခရာမို့ ဒီဆောင်းပါးဟာ၊ Casualty property insurance လို့ခေါ်တဲ့သူတပါးယာဉ်ထိခိုက်မှုအာမခံရဲ့ဘောင်တွေ ကိုချပြ တဲ့ ယေဘူယျ ဖွင့်ဆိုချက်တွေလို့ဆိုပါရစေ။
ယာဉ်တိုက်မှုလို့အရပ်စကားကနားလည်တဲ့Road Traffic Accident ဟာ accident လို့ဆိုတဲ့အတွက်ကြောင့်၊ မတော်တဆဖြစ်မှုဆိုတဲ့အချက်ကို၊ သိနားစေကြလိုပါတယ်။ အဲ့ဒီအတွက်တမင်ကြိုတင်ကြံရွယ်မှု (premeditated act) မပါတဲ့အတွက်ကြောင့်ပေါ်ပေါက်လာရတဲ့ဖြစ်ရပ်ကို၊ ဥပဒေနဲ့ အာမခံရှူဒေါင့်တွေကကြည့် ရာမှာ၊ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းကိုဖေါ်ထုတ်ကြရပါတယ်။ (Cause of accident) ယာဉ်တိုက်မှုအားလုံး လိုလိုတို့ဟာ တဖက်ဖက်ကယာဉ်စည်းကမ်းကိုဖေါက်ဖျက်ကြရာကနေပေါ်ပေါက်ရခြင်းဖြစ်ပါတယ်။ ဒီ့အတွက် ကြောင့်တင်ကြို ကြံရွယ်မှုရှိခဲ့ရင် မှူခင်းဆိုင်ရာကိစ္စဖြစ်သွားစေတဲ့အတွက် ရာဇ၀တ်မှုကြောင်းအဖြစ်ပြောင်းလဲ သွားပါတယ်။ စာရေးသူဆွေးနွေးလိုရင်းကတော့၊ တင်ကြိုကြံရွယ်ခြင်းအလျင်းမရှိတဲ့မတော်တဆမှုကြောင့်၊ ပေါ်ပေါက်ရတဲ့ ယာဉ်တိုက်မှုကို လေ့လာကြည့်ကြရအောင်။
ယာဉ်တိုက်မှုဖြစ်ခဲ့သော်
ယာဉ်တိုက်မှုဖြစ်ချိန်မှာ သတိဘယ်လိုဘဲကောင်ပြီးဗဟုသုတကြွယ်ဝမှုရှိပါစေ၊ လိုက်နာသင့်တဲ့ကိစ္စတွေလစ် ဟင်းမှုရှိတတ်ကြတာဓမ္မတာပါ။ စာဖတ်ပရိဿာတ်အားလုံးသိပြီးဖြစ်ပေမဲ့ ပြန်သတိပေးပါရစေ။
-       ထိခိုက်နာကျင်မှုရှိရင် (911) မှတဆင့်ဆေးအကူအဖွဲ့ (Emergency Tech) နှင့်ရဲကိုခေါ်ပါ။ ထိခိုက်မှု မရှိပါက ယင်းအကူအဖွဲ့ရောက်လာလေ့မရှိပါဘူး။ လာခဲ့လျင်လည်း နှစ်ဦးနှစ်ဖက်(သို့မဟုတ်) ပါတ် သက်သူ အားလုံးတို့၏စာရွက်စာတမ်းများကိုကူညီဖလှယ်ပေးခြင်းသာပြုလုပ်ပါတယ်။
-       ရဲအရာရှိက စစ်ချက်ယူခဲ့ရင်၊ အများအားဖြင့်ယာဉ်စည်းကမ်းကျူးလွန်သူကိုဦးစွာပထမစစ်ဆေးမေးမြန်း လေ့ရှိတာကိုသတိချပ်ပါ။ ရဲအရာရှိကပေးတဲ့ Case (အမှုတွဲနံပါတ်) ကိုသိမ်းဆည်းပါ။ ရဲအရာရှိရဲ့မှတ် ချက်အရ၊ ကျူးလွန်သူဟာပြစ်ဒါဏ် (charge) အဖြစ်သတ်မှတ်ခံရသော်လည်း၊ အာမခံကုမ္ပဏီရဲ့ ပြစ် ဒါဏ်သတ်မှတ်ချက်ဟာရဲအရာရှိရဲ့ အယူအဆနဲ့ကွာခြားနိုင်တယ်ဆိုတာကိုသတိချပ်ပါ။
-       တိုက်ခံရသူနှစ်ဖက်လုံးက စာရွက်စာတမ်းလဲလှယ်ရာမှာ၊ အာမခံကတ်ပြား၊ ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်တို့ရဲ့ Year,Make နဲ့ model တွေပါဘို့လိုပါတယ်။ အကောင်းဆုံးကတော့၊ ကိုယ့်မှာပါလာတဲ့ Cell Phone နဲ့ဓါတ်ပုံရိုက်ယူထားလိုက်ပါ။ ဖြစ်နိုင်ရင်မိမိလိပ်စာ/ဖုံးနံပါတ်တို့ကို တဖက်သူကိုမပေးတာအ ကောင်းဆုံးပါ။ အကျိုးထက်အပြစ်များတတ်ပါတယ်။
-       အမြန်ယဉ်လမ်းမကြီးဖြစ်ရင် ကိုယ့်ကားထဲကအပြင်ကိုမထွက်ပါနဲ့။ ထိခိုက်နာကျင်မှုအလျင်းမရှိခဲ့ရင်၊ နီးစပ်ရာ လမ်းဆုံကိုကိုယ့်ကားကိုရွှေ့ပြီးမှ၊ ကားထဲကထွက်ပါ။
-       နောက်ဆုံးဆိုပေမဲ့အရေးကြီးဆုံးအချက်ကတော့၊ ကိုယ်ကကျူးလွန်မိရင်တောင်၊ ၀န်ခံစရာမလိုပါဘူး။ အာမခံကုမ္ပဏီနဲ့ရဲအရာရှိတို့ရဲ့ ကျွမ်းကြင်မှုဆိုင်ရာအဆုံးအဖြတ် (Technical Impression/ Conclusion) ဟာ ပဓါနဖြစ်ပါတယ်။
-       မိမိရဲ့ယာဉ်မောင်းနှင်မရအောင်၊ ဘီးရွေ့မရအောင်ဖြစ်ခဲ့ရင်၊ နီးရာယာဉ်ပြင်ဆင်ရာဌာနကို ကိုယ့်ကားကို သယ်သွားဘို့ Tow Company ကိုခေါ်ရပါမယ်။ ရဲများကတာဝန်ယူပေးပါမယ်။ ဒါပေမဲ့ သယ်သွားတဲ့ Tow Company နဲ့သယ်သွားမဲ့ Body shop အမည်/လိပ်စာတွေကိုမှတ်သားထားဘို့အရေးကြီးပါ တယ်။ မိမိကား(ပျက်စီးရာအစိတ်အပိုင်းများ) နဲ့တဖက်ကယာဉ်တို့ကိုဓါတ်ပုံရိုက်ယူထားပါ။
အာမခံကုမ္ပဏီကိုအကြောင်းကြားခြင်း
ယာဉ်တိုက်မှုဖြစ်ပြီး အချိန်ရရင် (သို့မဟုတ်) အချိန်မရခဲ့ရင်လည်း နောက်တနေ့အတွင်း ကိုယ့်ရဲ့အာမခံကုမ္ပဏီ ကိုအကြောင်းကြားဘို့လိုပါမယ်။ ဒီနေရာမှာ ကိုယ့်ကုမ္ပဏီကိုအကြောင်းကြားတာအကောင်းဆုံးလို့ဆိုချင်ပေမဲ့၊ ကိုယ့်မှာအပြစ်မရှိဘူးဆိုတာကြိမ်းသေပေါက်သေခြာခဲ့ရင်တော့ တဖက်အာမခံကုမ္ပဏီကိုအကြောင်းကြားနိုင်ပါ တယ်။ ဒါတွေကို ဆောင်ရွက်ပေးဘို့တာဝန်အတွက်ကိုယ်ကငွေကြေးပရီမီယံပေးသွင်းရတာကိုး။ ဒီကိစ္စဟာအ မြင်အမျိုးမျိုးကွဲနိုင်သလို၊ အကျိုးအမြတ်လည်းကွာနိုင်တာမို့အကျယ်တ၀င့်မဆွေးနွေးတော့ပါဘူး။ နောက်တချက်က ဟာဉ်တိုက်ခိုက်မှုကြောင့်ကိုယ်ခန္ဓာထိခိုက်ဒါဏ်ရာရနာကျင်မှုမဖြစ်ခဲ့ရင်၊ ပါဝင်ပါတ်သက်ကြ သူတွေမေးလေ့ရှိတဲ့ကိစ္စက အာမခံကုမ္ပဏီများကိုအကြောင်းကြားသင့်၊ မကြားသင့်ဆိုတဲ့ကိစ္စပါဘဲ။ ထိခိုက်တဲ့ ပျက်စီးမှုကမိမိတို့ အိပ်စိုက်သတ်မှတ်ငွေ (Deductible) ထက်မများခဲ့ရင်၊ အကြောင်းမကြားဘဲနေလို့ရပါတယ။် ဒါပေမဲ့တဖက်ကသူက သက်ဆိုင်ရာယာဉ်စည်းကမ်းထိန်းသိမ်းရာဌာနကြီး (Motor Vehicle Department) ကို အကြောင်းကြားခဲ့ရင်တော့၊ ကိုယ်မှာအပြစ်ရှိမရှိကိုသက်သေထူဘို့လိုသွားတတ်ပါတယ်။ ယခုခေတ်ကာလမှာ တရိပ်ရိပ်တက်နေတဲ့ယာဉ်ပြင်ဆင်စရိတ်တွေကြောင့်၊ ဆိုခဲ့တဲ့ Deductible ထက်ပိုမိုများလေ့ရှိပါတယ်။ အရေးကြီး တာကတော့ ပထမဆုံးဖုံးခေါ်အကြောင်းကြားခြင်း (First Report)ဟာ မိမိဘက်ကအစပျိုးတဲ့ကိစ္စ တခုသာဖြစ် ပြီး၊ အာမခံကုမ္ပဏီကဆက်လုပ်ရမဲ့လမ်းကြောင်းအတွက်ပြီးပြည့်စုံသွားပြီလို့ယူဆို့မရပါဘူး။ မိမိရဲ့တိုင်ကြားချက် ပေါ်မှာ တာဝန်ချထားခြင်းခံရတဲ့ Claims Adjuster ကမိမိထံဖုံးပြန်ခေါ်ပြီး၊ မိမိရဲ့ တိကျတဲ့ ထွက်ဆိုချက် (Statement) မတောင်းမချင်း၊ ဇာတ်လမ်းမစရသေးဘူးလို့မှတ်ပါ။ Statement ပေးရာမှာ-
-       ဖြစ်စဉ်လိုရင်းကိုတိတိကျကျပြောပါ -နေ့ရက်အချိန်၊ နေရာ၊ ရာသီဥတုအခြေအနေ၊ ယာဉ်လမ်းကြော အခြေအနေ၊ ယာဉ်တိုက်ခိုက်ပုံ၊ ဖြစ်စဉ်တဆင့်ပြီးတဆင့်။
-       မျက်မြင်သက်သေ(မိမိယာဉ်ထဲကပါလာသူမဖြစ်စေရ။) ရှိပါက ရှိကြောင်း - အမည်နဲ့ဖုံးနံပါတ်။
-       မိမိကဦးစွာလမ်းအသုံးပြုခွင့်ရှိ/မရှိ Right of the way
-       မိမိယာဉ်ပြင်ဆင်ရန် Collision center  (Body Shop ဟုအများကသိ) တောင်းခံရပါမယ်။ ဒီနေရာမှာ မိမိစိတ်ကြိုက် Body shop ကိုသုံးခွင့်ရှိတာမို့ ဆန္ဒရှိရင်လုပ်နိုင်ပါတယ်။ မိမိအာမခံကုမ္ပဏီ ကအဲ့ဒီပြင် ဆင်တဲ့ရုံ ကိုတိုက်ရိုက်ငွေချေချင်လဲချေမယ်။ ဒါမှမဟုတ် တန်ဘိုးနည်းတယ်လို့ယူဆရင်မိမိဆီကိုငွေ ထုတ်ပေး ပါမယ်။ ဒီနေရာမှာသိထားဘို့ကငွေထုတ်ပေးပြီးမပြင်ဆင်ခဲ့ရင်၊ အာမခံကုမ္ပဏီများကမိမိ ကားပြင်မပြင်၊ နောက်ကြောင်းလိုက်တတ်တာကို သတိပြုကြပါ။
-       အာမခံကုမ္ပဏီက မည်သူ့မှာ ရာနှုန်းဘယ်လောက်အထိအပြစ်ရှိကြောင်းစာကိုအမှုတွဲပိတ်ပြီးရင်ထုတ် ပေးလေ့ရှိတတ်ပါတယ်။ အဲ့ဒီစာကအရေးကြီးပြီးနောင်မှာသက်သေအနေနဲ့သုံးဘို့လိုကောင်းလိုနိုင်ပါ တယ်။
-       အရေးကြီးဆုံးကတော့ သည်းခံစိတ်မွေးပါ။
ရှေ့နေသုံးသင်/မသုံးသင့်
ကျွန်တော်တို့မြန်မာများဟာ အမှုကိစ္စတခုဖြစ်လာရင်ရှေ့နေအားကိုးတတ်တဲ့စရိုက်အလွန်ကြီးပါတယ်။ ဘာသာ စကားအကျွမ်းမ၀င်မှုနဲ့ စာရွက်စာတမ်းကြောက်တတ်ကြတဲ့အတွက်၊ ရှေ့နေများကစရိတ်စကပေးစရာမလိုဘူး ဆိုတဲ့ကမ်းလှမ်းချက်များ (အများအားဖြင့်မိမိအိပ်စိုက်ပေးစရာမလိုလို့ကမ်းလှမ်းကြလေ့ရှိပါတယ်။) ရှိခဲ့ရင်၊ ဘယ်သူတွေကဘယ်လိုဘဲတားတား၊ ရှေ့နေငှားကြလေ့ရှိပါတယ်။ စရိတ်ရော၊ ကရိကထကင်းတာကိုး။ ဒီကိစ္စနဲ့ပါတ်သက်ပြီးအမြင်မျိုးစုံရှိတာမို့၊ သတိပေးလိုတဲ့အချက်ကြီးခုကတော့၊ မိမိကရှေ့နေငှားရမ်းခဲ့ရင်၊ ရှေ့နေများရဲ့ ညွှန်ကြားချက်ကိုသံသယစည်းခြားပြီးယုံဘို့လိုပါတယ်။ ရှေ့နေကဘက်လိုက်နေလား၊ လုပ်စရာကိစ္စ ကိုပြည့်စုံအောင်၊ ကျေပွန်အောင်မလုပ်ဘူးလားဆိုတဲ့သံသယစိတ်တွေပွားတတ်ကြပြီး၊ စိတ်ပူပန်မှုတွေပေါ်လာ တတ်ပါတယ်။ ဒီဟာဘာ့ကြောင့်ပြောရလဲဆိုတော့၊ ရှေ့နေများဟာ ရှေ့နေဆိုတဲ့အတိုင်း၊ ကိုယ့်ဘက်ကလက် မှတ်ထိုးပြီးတာနဲ့ချည်နှောင်ပြီးသားဖြစ်သွားဖြစ်အာင်လုပ်တတ်သလို၊ သူတို့ဘက်ကအသာစီးကိုယူထားလေ့ရှိ ကြပါတယ်။ ဒီအတွက်ကြောင့်ရှေ့နေငှားတော့မယ်ဆိုရင်ကြိုတင်မေးသင့်တဲ့မေးခွန်းကြီး(၂)ခုကိုဖေါက်သယ်ချ ပါရစေ။
(က) အမှုတွဲအစမှအဆုံးအထိ၊ မိမိအိပ်ကပ်မှတပြားတချပ်မှအကုန်ကျခံစရာလိုခြင်းရှိမရှိ။ (ဒီနေရာမှာစာရွက် စာတမ်းခ နဲ့တရားရုံးစရိတ်လိုခဲ့ရင်တို့ကိုပါရှင်းရှင်းလင်းလင်းမေးပါ။) ကုန်ကျခံရနိုင်မဲ့ စရိတ်ကိုပွင့်ပွင့်လင်းလင်း မေးပါ။
(ခ) မိမိအမှုတွဲနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အစမှအဆုံးတိုင် မိမိကို၊ မပျက်မကွက်ကိုယ်စားပြုခြင်းရှိမရှိ၊ (Representation of the entire legal process even the appeal is required) အမှုရှုံးနိုင်ချေရှိရင်၊ တ၀က်တပျက်နဲ့ ရှေ့နေကဆက်လက်လိုက်ပါနိုင်ခြင်းမရှိတော့ကြောင်း၊ စာပို့ခံရသူတွေဒုနဲ့ဒေးပါ။
ယာဉ်တိုက်ခိုက်ရာတွင် အာမခံနှင့်ရဲတို့မှအဓိကကြည့်တတ်တဲ့အချက်များ
(က) ယာဉ်ပြင်ဌာန (Collision Center) ကပျက်စီးမှုအစီရင်ခံစာနှင့်စရိတ်တွက်ချက်မှု၊
(ခ) ရဲအရာရှိရဲ့သဘောထား (ရှိခဲ့ရင်လည်း အမြဲတမ်းတော့မဟုတ်)
(ဂ) ယာဉ်ချင်းထိခိုက်မိသောနေရာ (Point of contact) ဒီအချက်ဟာ ဘယ်သူအပြစ်ရှိတယ်၊ ဘယ်လောက် အပြစ်ရှိတယ်ဆိုတဲ့အချက်ကိုသက်သေထူစေနိုင်တဲ့ညွှန်ပြချက်တခုပါ။
(ဃ) ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပါတ်ဝန်းကျင်ကြောင်းချင်းရာ၊ လမ်းကြောင်းအပေါ်ဦးစွာရောက်ရှိနေသောယာဉ်ရဲ့ right-of-the-way
(င) ယာဉ်စည်းကမ်းဖေါက်ဖျက်မှုပါတ်နေသက်နေမှု အတိုင်းတာ (moving violation) (မီးနီကိုဖြတ်ပြေးတာ၊ ယာဉ်မောင်းရင်းဖုံးစကားပြောတာ၊ စသဖြင့်)
ဆိုခဲ့တဲ့အတိုင်း ယာဉ်တိုက်မှုတို့ဟာ မတော်တဆမှုလို့ဆိုတဲ့အချက်ကြောင့်၊ တဖက်ဖက်သောယာဉ်မောင်းသူ ဘက်က၊ ပေါ့ဆမှုကြောင့်ဖြစ်တတ်ကြတာမို့၊ ယာဉ်စည်းကမ်းလိုက်နာရေးဟာမိမိကိုယ်ကိုယာဉ်မောင်းစဉ်မှာ အကာအကွယ်ပေးနိုင်မှုရဲ့အသက်သွေးကြောတခုပါဘဲ။ အမေရိကပြည်ထောင်စုတ၀ှမ်းမှာ၊ ယာဉ်စည်းကမ်း ဆိုင်ရာလမ်းညွှန်အမှတ်အသားများဟာ၊ တမင်သက်သက်ချဲ့ထွင်ထားခြင်းတွေမရှိပါဘူး။ လမ်းအသုံးပြုကြသူ တိုင်းမဖြစ်မနေလိုက်နာကြဘို့အရေးကြီးပါတယ်။
မိမိတို့နေထိုင်ရာနေအိမ်များသို့ဘေးကင်းရန်ရှင်းစွာပြန်ရောက်လာမှာကိုမျှော်လင့်ကြတဲ့၊ စာဖတ်ပရိဿတ်တို့ရဲ့ မိသားစုတွေရဲ့တောင့်တချက်တွေကို အမြဲသတိရကြပါလို့။