Wednesday, February 22, 2023

၂၀၂၁ American Community Survey (ACS) ကပြဆိုသော မြန်မာလူမျိုးစုတို့၏လူမှုစီးပွားရေးဆိုင်ရာညွှန်ပြကိန်းမျ

 ၂၀၂၀ လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုကြီးပြီးမြောက်အောင်မြင်သွားတာ ခုဆို(၃)နှစ်တင်းတင်း ပြည့်ပါတော့မယ်။ ၂၀၁၀ သန်းခေါင်စာရင်းတုံးက မြန်မာလူဦးရေစစ်တမ်း head counts ကိုနောက် တနှစ်(၂၀၁၁)နှစ်နှစ််လယ်လောက်မှာ အမေရိကန်လူထုကတရားဝင်သိရှိခွင့်လေ့လာခွင့်ရခဲ့ကြပေမဲ့၊ ခု (၂၀၂၀)စာရင်းကတော့ ခုထိသိခွင့်မရကြသေးပါဘူး။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လူမျိုးခြားများရဲ့ immigration ကိုစိစစ်ကောက်ခံမယ်ဆိုတဲ့ကြွေးကြော်သံကြောင့် အဲ့ဒီသန်းခေါင်စာရင်း ကောက်ခံမှု ကိုပြန်ကြားပေးတဲ့သူတွေအတော်သိသိသာသာယုတ်လျော့သွားတယ်ဆိုတဲ့ သတင်း ဟာထိမ်းမနိုင် သိမ်းမရပျံ့နှံ့ခဲ့ကြတာကိုသတိရကြမယ်ထင်ပါတယ်။ အခြားနိုင်ငံရေးဖိအားပေးခဲ့မှုများကြောင့် (၂၀၂၀) သန်းခေါင်စာရင်းရဲ့တိကျမှန်ကန်နိုင်မှုကို တတ်ကြွမ်းတဲ့ပညာရှင်တွေကကြီးစွာသံသယဖြစ်ခဲ့ကြပါ တယ်။ အဲ့ဒီဂယက်နဲ့အတူများစွာသောဌာနတွင်းနောက်ကျမှု (Covid-19 ကြောင့် နှောင့်နှေးမှုများက လည်းအဓိကကျတဲ့အ ကြောင်းရင်းခံတခုပါ။) တွေကြောင့် (၂၀၂၀)သန်းခေါင်စားရင်းစာရင်းချုပ်ကို မဲဆန္ဒနယ်အပေါ်အခြေခံ တဲ့ demographic redistricting အတွက်ဦးစားပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် (၂၀၂၂)နှောင်းပိုင်း Census Bureau ရဲ့ product schedule အရတော့ မြန်မာလူမျိုးအပါအဝင် လူမျိုး စုအသေးစိပ် demographic data ကိုတော့ ခု (၂၀၂၃၊ သြဂုတ်လောက်)မှထုတ်ပြန်နိုင်လိမ့်မယ်လို့ ပြဆိုထားပါတယ်။

၀မ်းသာစရာအချက်တခုကတော့ (၁)နှစ်တကြိမ်၊ (၅)နှစ်တကြိမ် စစ်တမ်းကောက်ယူခြင်းတခုဖြစ်တဲ့ American Community Survey (ACS) ဟာလူမှုစီးပွားဘဝကိုထဲထဲဝင်ဝင်ဖေါ်ပြနိုင်တဲ့အပြင်၊ အစိုးရ. ဌာနများ နဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကအလွန်အားထားရတဲ့စစ်တမ်းကြီးအဖြစ်ရှိနေတာနှစ်အ တော်ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၁၊ဇွန်လထုတ် “မြန်မာဂဇက်”မှာလည်း(၂၀၂၁)မတိုင်မှီ မှာထုတ်ဝေခဲ့တဲ့ (၁)နှစ်နဲ့(၃)နှစ်ပါတ်လည် မြန်မာလူမျိုးစုရဲ့စစ်တမ်းကိုဖေါ်ပြခဲ့ပါတယ်။

ဒီလဆောင်းပါးမှာခုနောက်ဆုံး(၂၀၂၁)ကစနစ်တကျစစ်တမ်းကောက်ယူထုတ်ပြန်ခဲ့တဲ့အချက်အ လက်များကိုတင်ပြပါမယ်။ ကြိုတင်သိသင့်တဲ့အချက်ကတော့ ACS ဟာ လူဦးရေစုစုပေါင်း(၃.၅ သန်း) ကိုသာကောက်ခံတဲ့ ပြန်တမ်းဖြစ်ပါတယ်။ လူတိုင်းစေ့ head count မဟုတ်ပါဘူး။ ဒါပေမဲ့သူ့ရဲ့ projected အချက်အလက်တွေဟာ (၁၀)နှစ်တကြိမ်ကောက်ခံတဲ့သန်းခေါင်စာရင်းကောက်ခံမှုလိုမတိ ကျပေမဲ့အဲ့ဒီကိန်းဂဏန်းတွေဟာလက်တွေ့နယ်ပယ်မှာအသုံးအလွန်ဝင်လှတဲ့ scientific tool တခုဖြစ် နေတာကတော့ထင်ရှားပါတယ်။ 

နောက်ဆုံးထုတ်ပြန်တဲ့ ACS ကပြဆိုတဲ့အောက်ပါဇယားကိုအချိန်ယူလေ့လာစေချင်ပါတယ်။ Census Bureau ကြီးက မကြခဏဆိုသလိုခေတ်ရဲ့ေြ့ပာင်းလဲနေတဲ့ရေစီးကြောင်းတွေပေါ်မူတည်ပြီး “ပုံပြင်များ” (stories) များဖေါ်ပြလေ့ရှိပါတယ်။ ပုံပြင်များဆိုပေမဲ့ယုံတမ်းပုံပြင်များမဟုတ်တာကိုနားလည်ကြစေ ချင်ပါတယ်။ ဥပမာ-ကုန်စျေးနှုန်းကြီးမားမှု၊ စက်သုံးဆီရှားပါးမှုရဲ့ရလာဒ်ကြောင့်လူထုအတွင်းသက် ရောက်မှုတွေကိုဖေါ်ပြတဲ့ကိန်းဂဏန်းလိုမျိုးတွေ၊ LGBTQ လိုဒေသအလိုက်ခံစားနေကြရတဲ့နစ်နာမှူု တွေစသဖြင့်တွေဟာ stories များလို့ဆိုပေမဲ့အချက်အလက်တွေရဲ့ထူးခြားမှုူကိုပေါ်ပေါ်လွင်လွင် ချယ်မှုန်းပြနိုင်နေပါတယ်။ 

အခုဖေါ်ပြမဲ့ အမေရိကနိုင်ငံတွင်းအခြေချနေထိုင်သူအပါအဝင်၊ ခနလာရောက်လည်ပါတ်ကြသူတွေ၊ ကျောင်းလာနေကြသူတွေ၊ ဖြစ်တဲ့မြန်မာလူမျိုးစုတွေရဲ့ ထူးခြားတဲ့ကိန်းဂဏန်းညွှန်းပြချက်များကို သေသေခြာခြာလေ့လာရင် စိတ်ဝင်စားဘွယ်တွေ့ရမှာဖြစ်ပါတယ်။

နောက်လမှာလည်းဒီအညွှန်းကိန်းများကို ပိုမိုထင်ရှားစေနိုင်မဲ့နှိုင်းယှဉ်မှုတွေ၊ သင်္ခန်းစာယူသင့်တာ တွေကိုဆက်လက်တင်ပြပေးဘို့ရှိပါကြောင်းကြိုတင်အသိပေးပါရစေ။


American Community Survey (ACS 1 year) မြန်မာလူဦးရေစစ်တမ်းကောက်ယူမှု လူမှုစီးပွားရေးဆိုင်ရာ ခြုံငုံလေ့လာချက်အညွှန်းကိန်းများ (၂၀၂၁ ခုနှစ်)

စုစုပေါင်းလူဦးရေ (လူမျိုးစပ်များအပါအဝင်) ၂၄၈,၈၂၂ - ဦး

အိမ်ထောင်စုပေါင်း ၆၁,၆၂၂ - ခု

မိသားစုပေါင်း% ၈၅.၃%

ကျား/မအချိုး% ၅၁.၅ % / ၄၈.၅%

အိမ်ထောင်စုတစ်စု/မိသားစုတစ်စုတွင်ပါ၀င်ဦးရေ ၃.၉၄ - ဦး / ၄.၂၈ - ဦး

လက်ထပ်ထိမ်းမြားထားသူမိသားစု% ၆၄.၂ %

အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုပေါင်း ၁၂.၁ %

အသက်အရွယ်လိုက်လူဦးရေ% ၅-နှစ်အောက်   = ၉ %

၅ မှ ၁၇နှစ်       = ၂၅%

၁၈ မှ ၂၄ နှစ်    = ၁၀%

၂၅ မှ ၃၄ နှစ်    = ၁၈%

၃၅ မှ ၄၄ နှစ်    = ၁၇%

၄၅ မှ ၅၄ နှစ်    = ၁၁ %

၅၅ မှ ၆၄ နှစ်    = ၅%

၆၅ မှ ရ၄ နှစ်    = ၄%

၇၅နှစ်နှင့်အထက်= ၂%

အိမ်ထောင်ရေးအခြေပြ% (က) လူပျိုလူလွတ်                = ၃၅.၅%

(ခ) လက်ရှိအိမ်ထောင်ရှင်များ   = ၅၄.၆%

(ဂ) သီးခြားစီနေလင်မယား      = ၁.၈%

(ဃ) အိမ်ထောင်ကွဲ                = ၃.၆%

(င) မုဆိုးဖို/မ                        = ၄.၅%

ကျောင်းအပ်နှံမှုအခြေပြ% (က) မူကြိုကျောင်း                      = ၃.၉ %

(ခ) အခြေခံပညာ (၁၂)တန်းအထိ   = ရ၆.၅%

(ဂ) ကောလိပ်နှင့်ဘွဲ့လွန်တန်းများ   = ၁၉.၇ %

ပညာသင်ကြားဘွဲ့ရမှုအခြေပြ% (က) အခြေခံပညာ အဆင့်              = ၄၆.၈%

(ခ) တက္ကသိုလ်ဝင်တန်း အဆင့်       = ၁၈.၇%

(ဂ) ဘွဲ့ကြို Associate degree        = ၁၁.၆%

(ဃ) အခြေခံ Bachelor degree       = ၁၅.၂%

(င) ဘွဲ့လွန် post-graduate degree = ရ.၆%

(ဆ) အမျိုးသား/အမျိုးသမီးဘွဲ့ရရှိမှု% = ၄၇.၇% / ၅၂.၃%

အဖိုးအဖွားနှင့်နေထိုင်သူ (၁၈)နှစ်အောက်% (အဖိုးအဖွားမှဥပဒေအရစောင့်ရှောက်ထားရသူမြေးအရွယ်များ) ၆.၁% (၁၆.၃%)

လွန်ခဲ့သော (၁)နှစ်အတွင်းနေရင်းနေအိမ်လိပ်စာ တွင်နေထိုင်သူ% ၈၈.၃%

လွန်ခဲ့သော (၁)နှစ်အတွင်းနေရင်းနေအိမ်လိပ်စာမှပြောင်းရွှေ့ နေထိုင်သူ% ၁၀.၄%

ဘာသာစကားပြေားကြားနိုင်မှုအခြေပြ% (က) မြန်မာ(သို့မဟုတ်)လူမျိုးစုဘာ

သာစကားအိမ်တွင်ပြောသူ   = ၈၆.၁%

(ထိုအထဲတွင် အမေရိကန်အင်္ဂလိပ်စကား ကြားညှပ်ပြောသူ  = ၅၇.၆% ပါ၀င်သည်။)

(ခ) အမေရိကန်အင်္ဂလိပ်စကားသက်

            သက်သာပြောသူ                = ၁၃.၉ %

မွေးဖွားရာဒေသ နှင့် နိုင်ငံသားဖြစ်မှုအခြေပြ% (က) မြန်မာပြည်ဖွားလူမျိုးများ            = ရ၃.၈%

(ယင်းအထဲတွင် - 

အမေရိကန်နိုင်ငံသားခံယူပြီးသူ  = ၅၄.၅%

အမေရိကန်နိုင်ငံသားမခံယူ/မခံယူရသေးသူ = ၄၅.၅%)

(ခ) အမေရိကနိုင်ငံတွင်မွေးဖွားသူ      = ၂၆.၂%

အလုပ်အကိုင်အခြေပြ% (က) အလုပ်အကိုင်ရှိသူ                      = ၆၃.၅%

(ခ) အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခံရသူ = ၂.၉ %

(ဂ) အလုပ်လုံးဝမလုပ်သူ                    = ၃၃.၆%

လုပ်ငန်းကဏ္ဍအလိုက်အလုပ်လုပ်ကိုင်မှု% (က) ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့်ဆောင်ရေး၊ 

၀န်စည်ကုန်သွယ်ရေး                             = ၄၄%

(ခ) ၀န်ဆောင်မှုလုပ်ငန်းအမျိုးမျိုး                    = ၁၆.၆%

(ဂ) သိတတ်ပညာရှင်၊ စီမံခန့်ခွဲ့ရေးနှင့်လုပ်ငန်း

ပိုင်ရှင်များ                                          = ၂၄.၂%

(ဃ) ရုံးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများ     = ၁၁.၆%

(င) ဆောက်လုပ်ရေး၊ သယံဇာတနှင့်ပြုပြင်

ထိန်းသိမ်းရေး                                      = ၃.၆%

ကျား/မ အလုပ်လုပ်ကိုင်မှုအချိုးအစား% ၄၄.၅%/၅၅.၅%

၀င်ငွေအခြေပြ (က) အိမ်ထောင်စုတခု၏ပျမ်းမျှနှစ်ပါတ်လည်ဝင်ငွေ   =  $ ၆၂,၃၅၂

(ခ) အလုပ်နှင့်ဝင်ငွေတမျိုးမျိုးပုံမှန်ရှိသူ%   = ၉၃.၇%

(ဂ) Social Security ၀င်ငွေခံစားနေသူ  = ၁၁.၂%

(ဃ) Supplemental Social Security Income ခံစားနေသူ  = ရ%

(င) အစိုးရထောက်ပံ့ကြေးရယူနေသူ  = ၆.၇%

(စ) အငြိမ်းစားခံစားနေကြသူ  = ၈%

(ဆ) Food Stamp/SNAP ခံစားနေကြသူ  = ၃၂.၃%

(စျ) Per capita income = $၂၂,၅၁၈

ကဏ္ဍအလိုက် အလုပ်လုပ်ကိုင်မှု% (က) ပုဂ္ဂလိက = ၈၅.၄%

(ခ) အစိုးရ    = ၉ .၄%

(ဂ) ကိုယ်ပိုင်၊ အစုစပ်  = ၄.၆%

(ဃ) လုပ်ခမရသောမိသားစုလုပ်ငန်း   = ၀.၆%

ကျန်းမာရေးအာမခံ အခြေပြ% (က) လက်ဝယ်ရှိသူ          = ၄၃.၅% 

(ခ) Medicare/Medicaid = ၅၂.၄%

(ခ) လက်ဝယ်မရှိသူ          = ၁၀.၈%

အိမ်ယာပိုင်ဆိုင်မှု အခြေပြ% (က) အိမ်ငှား           = ၄၁.၁ %

(ခ) အိမ်ပိုင်             = ၅၈.၉ %

မော်တော်ယာဉ်ပိုင်ဆိုင်မှု (က) (၁)စီး(သို့မဟုတ်)(၁)စီးထက်ပိုရှိသူ = ၈၉.၉ %

(ခ) လုံးဝမရှိသူ = ၁၀.၁%

IT နည်းပညာအသုံးချမှု% (က) ကွန်ပျူတာအသုံးပြုသူ  = ၉၉%

(ခ) broadband အင်တာနက်အသုံးပြုသူ  = ၉၅.၉%

ယခင် Census များမှ ကောက်နှုတ်ဖေါ်ပြသော စုစုပေါင်း မြန်မာလူမျိုးဦးရေ
၃၇၉၁ - ဦး (၁၉၈၀ ခုနှစ်) ၁၈,၃၈၆ - ဦး (၂၀၀၀ ခုနှစ်) ၁၀၀,၂၀၀ - ဦး (၂၀၁၀ ခုနှစ်)


American Community Survey (ACS 1 year) မြန်မာ/all Asians/Total Population တို့၏ U.S. လူဦးရေစစ်တမ်းကောက်ယူမှု လူမှုစီးပွားရေးဆိုင်ရာ ခြုံငုံလေ့လာချက်အညွှန်းကိန်းများ နှိုင်းယှဉ်ချက် (၂၀၂၁ ခုနှစ်)
မြန်မာ All Asians U.S.
စုစုပေါင်းလူဦးရေ (လူမျိုးစပ်များအပါအဝင်)(ဦးရေ) ၂၄၈,၈၂၂ ၂၃,၅၄၅,၂၃၈ ၃၃၁,၈၉၃,၇၄၅
ကျား/မအချိုး% ၅၁.၅/၄၈.၅ ၄၈.၂/၅၁.၈ ၄၉.၅/၅၀.၅
အိမ်ထောင်စုတစ်စု/မိသားစုတစ်စုတွင်ပါ၀င်(ဦးရေ) ၃.၉၄/၄.၂၈ ၂.၈၈/၃.၄ ၂.၅၄/၃.၁၅
လက်ထပ်ထိမ်းမြားထားသူမိသားစု% ၆၄.၂ ၅၇.၁ ၄၇.၃
အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုပေါင်း% ၁၂.၁ ၉ .၁ ၁၂.၃
အိမ်ထောင်ရေးအခြေပြ%
(က) လူပျိုလူလွတ်                
(ခ) လက်ရှိအိမ်ထောင်ရှင်များ   
(ဂ) သီးခြားစီနေလင်မယား      
(ဃ) အိမ်ထောင်ကွဲ                
(င) မုဆိုးဖို/မ                        
၃၅.၅
၅၄.၆
၁.၈
၃.၆
၄.၅
၃၃.၈
၅၅.၃
၁.၁
၅.၆
၄.၁
၃၄.၂
၄၈
၁.၇
၁၀.၆
၅.၅
ပညာသင်ကြားဘွဲ့ရမှုအခြေပြ%
(က) အခြေခံပညာ အဆင့်        
(ခ) တက္ကသိုလ်ဝင်တန်း အဆင့်  
(ဂ) ဘွဲ့ကြို Associate degree     
(ဃ) အခြေခံ Bachelor degree       
(င) ဘွဲ့လွန် post-graduate degree
(ဆ) အမျိုးသား/အမျိုးသမီးဘွဲ့ရရှိမှု%
၄၆.၈
၁၈.၇
၁၁.၆
၁၅.၂
၇.၆
၄၇.၇/၅၂.၃
၁၁.၅
၁၄.၆
၁၈.၈
၃၀.၃
၂၄.၈
၅၆.၄/၅၄
၁၀.၆
၂၆.၃
၂၈.၁
၂၁.၂
၁၃.၈၃
၃၃.၉/၃၆.၁
အဖိုးအဖွားနှင့်နေထိုင်သူ (၁၈)နှစ်အောက်% (အဖိုးအဖွားမှဥပဒေအရစောင့်ရှောက်ထားရသူမြေးအရွယ်များ) ၆.၁
(၁၆.၃) ၄.၆
(၁၄.၄) ၃.၂
(၃၁.၃)
ဘာသာစကားပြေားကြားနိုင်မှုအခြေပြ%
(က) မြန်မာ(သို့မဟုတ်)ကိုယ့်လူမျိုးစုဘာသာစကားအိမ်တွင်  ပြောသူ(ထိုအထဲတွင် အမေရိကန်အင်္ဂလိပ်စကားကြား ညှပ်ပြောသူ%)
(ခ) အမေရိကန်အင်္ဂလိပ်စကားသက်သက်သာပြောသူ%            
၈၆.၁
(၅၇.၆)

၁၃.၉
၆၂.၉ 
(၂၆.၃)

၃၇.၁
၂၁.၆
(၈.၃)

၇၈.၄
မွေးဖွားရာဒေသ နှင့် နိုင်ငံသားဖြစ်မှုအခြေပြ%
(က) မြန်မာပြည်(သို့်မဟုတ်)ကိုယ်နိုင်ငံဖွားလူမျိုးများ       
(ယင်းအထဲတွင် အမေရိကန်နိုင်ငံသားခံယူပြီးသူ / 
အမေရိကန်နိုင်ငံသားမခံယူရသေးသူ%)
(ခ) အမေရိကနိုင်ငံတွင်မွေးဖွားသူ%
၇၃.၈
(၅၄.၅/၄၅.၅)

၂၆.၂
၅၄.၀၂
(၆၁.၆၄/၃၈.၃၆)

၄၅.၉၈
၈၆.၄
(၅၃.၁/၄၆.၉)

၁၃.၆
အလုပ်အကိုင်အခြေပြ%
(က) အလုပ်အကိုင်ရှိသူ  
(ခ) အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခံရသူ 
(ဂ) အလုပ်လုံးဝမလုပ်သူ    
၆၃.၅
၂.၉ 
၃၃.၆
၆၆.၆
၃၃.၄
၆၃
၃.၉ 
၃၇
ကျား/မ အလုပ်လုပ်ကိုင်မှုအချိုးအစား% ၄၄.၅/၅၅.၅ ၃၉.၁/၆၀.၉ ၅၈.၄/၄၁.၆
၀င်ငွေအခြေပြ
(က) အိမ်ထောင်စုတစ်စု၏ပျမ်းမျှနှစ်ပါတ်လည်ဝင်ငွေ($)
(ခ) အလုပ်နှင့်ဝင်ငွေတမျိုးမျိုးပုံမှန်ရှိသူ% 
(ဂ) Social Security ၀င်ငွေခံစားနေသူ% 
(ဃ) Supplemental Social Security Income ခံစားနေသူ%  
(င) အစိုးရထောက်ပံ့ကြေးရယူနေသူ%
(စ) အငြိမ်းစားခံစားနေကြသူ%
(ဆ) Food Stamp/SNAP ခံစားနေကြသူ% 
(စျ) Per capita income ($)
၆၂,၃၅၂
၉၃.၇
၁၁.၂
၆.၇
၃၂.၃
၂၂,၅၁၈
၉၇,၆၂၆
၈၆.၆
၂၀.၂
၄.၈
၄.၉ 
၁၄.၄
၉ .၄
၄၃,၇၉၄
၆၉,၇၁၇
၇၇
၃၁.၂
၅.၂
၃.၄
၂၄
၁၂.၄
၃၈,၃၃၂
ကဏ္ဍအလိုက် အလုပ်လုပ်ကိုင်မှု%
(က)ပုဂ္ဂလိက 
(ခ) အစိုးရ    
(ဂ) ကိုယ်ပိုင်၊ အစုစပ်  
(ဃ) လုပ်ခမရသောမိသားစုလုပ်ငန်း  
၈၅.၄
၉ .၄
၄.၆
၀.၆
၈၂.၂
၁၂.၄
၅.၂
၀.၃
၇၉ .၁
၁၄.၆
၆.၁
၀.၂
ကျန်းမာရေးအာမခံ အခြေပြ%
(က) လက်ဝယ်ရှိသူ  
(ခ) Medicare/Medicaid
(ခ) လက်ဝယ်မရှိသူ    
၄၃.၅
၅၂.၄
၁၀.၈
၇၄.၆
၂၇.၅
၅.၈
၆၇
၃၆.၈
၈.၆
အိမ်ယာပိုင်ဆိုင်မှု အခြေပြ%
(က) အိမ်ငှား       
(ခ) အိမ်ပိုင်            
၄၁.၁
၅၈.၉
၃၈.၄
၆၁.၆
၃၄.၆
၆၅.၄
မော်တော်ယာဉ်ပိုင်ဆိုင်မှု%
(က) (၁)စီး(သို့မဟုတ်)(၁)စီးထက်ပိုရှိသူ
(ခ) လုံးဝမရှိသူ
၈၉.၉
၁၀.၁
၈၉.၁
၁၀.၉
၉ ၂
IT နည်းပညာအသုံးချမှု%
(က) ကွန်ပျူတာအသုံးပြုသူ 
(ခ) broadband အင်တာနက်အသုံးပြုသူ
၉၉
၉၅.၉
၉၇.၉ 
၉၄.၇
၉၅
၉၀.၁

Saturday, January 21, 2023

ခရီးသွားခြင်းတည်းဟူသော အတတ်ပညာ (တတိယနောက်ဆုံးပိုင်း)

Florence Tours (၄ ရက်မှ ၆ ရက်အပြည့်လောက်အချိန်ပေးသင့်ပါတယ်။)

(၁) (၁၂)ရာစုကတည်ဆောက်ခဲ့တဲ့ နံမယ်ကြီး Pisa (leaning tower) ကြီးကိုတနေ့ကုန်သွားလို့ရပါ တယ်။ tour bus တွေရှိပါတယ်။  towers များစွာတို့ဟာ စောင်းနေကြတာကိုတွေ့နိုင်ပေမဲ့ Pisa ဟာ ကမ္ဘာ့အံ့သြဘွယ်ကောင်းအောင်စောင်း နေတဲ့အတွက် ဓါတ်ပုံရိုက်ကြသူတွေအများဆုံးနေရာပါ။ အပေါ်ဆုံးထိတက်မယ်ဆိုရင်တော့ ခရီးစဉ်ကပေးတဲ့အချိန်နဲ့ လက်မှတ်အတွက်တန်းစီရတာကိုထဲ့ စဉ်းစားပါ။ ကိုယ့် tour operator ကိုကြိုတင်ဆက်သွယ်မေးမြန်းရပါမယ်။ Baptistry နဲ့ Duomo Cathedral တွေမှာ အံ့ဘွယ်အနုလက်ရာများပြည့်နှက်နေတဲ့ gothic architecture တွေမြင်ရမှာပါ။ 

(၂) Pisa ဘက်သွားရင်း Siena နဲ့ Tuscany နံမယ်ကြီးဒေသတွေရဲ့အလှအပတွေကို tours တွေက ထဲ့သွင်းလေ့ရှိပါတယ်။ wine tasting လည်းပါလေ့ရှိပြီး၊ အစားအသောက်နံမယ်ကြီးပါတယ်။ ကမ္ဘာကျော် gelato ဆိုင်တွေမှာ စားဖြစ်အောင်စားပါ။

(၃) walking tours တွေ Florence မှာရှိပါတယ်။ Pizza della Signoria ဟာရင်ပြင်တခုမှာ များစွာ သော သမိုင်းဝင် Michelangelo ရဲ့ David ပန်းပုရုပ်ကြီးအပါအဝင် အခြားပညာရှင်များရဲ့ လက်ရာ မြောက်လက်ရာတွေကိုတွေ့နိုင်ပါတယ်။ အခြားအထင်ကရပြတိုက်ကတော့ Galleria ဖြစ်ပါတယ်။ Duomo, Baptistry စတဲ့နံမယ်ကြီးအနုပညာလက်ရာ paintings, fiasco, glass paintings တွေ ပြည့်နှက်နေတဲ့ ဘုရားကျောင်းတွေက ကြည့်သင့်တဲ့နေရာတွေပါ။

(၄) အနီးအနားမှာ central marketplace တခုရှိပြီး leather ပစ္စည်းစစ်စစ်တွေစျေးပေါပေါနဲ့ဝယ်နိုင် ကြပါတယ်။ အစားအသောက်ကောင်းဆိုင်တွေ၊ အခြားနံမယ်ကြီး (Louie Vuitton ကဲ့သို့သော) brand name ဆိုင်တွေအပြည့်ရှိပါတယ်။

(၅) (၁၆)ရာစုကစပြီးရှိခဲ့တဲ့ Uffizi Museum ဟာ Italy ရဲ့အထင်ကရထိပ်တန်းပြတိုက်ကြီးဖြစ်ပါ တယ်။ Florence ရဲ့စီးပွားရေးလူမှုရေးကိုကြီးစိုးခဲ့တဲ့ Medici Family ရဲ့ပိုင်ဆိုင်မှုတွေ၊ စုဆောင်းခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အနုပညာလက်ရာတွေထိမ်သိမ်းပြသထားတဲ့နေရာတွေထဲမှာ ဒီပြတိုက်က ကမ္ဘာ ကျော်ပါ။ ပြခန်းပေါင် (၅၀)လောက်ရှိတာမို့ မကြည့်မဖြစ်ကြည့်သင့်တဲ့နေရာတွေကြည့်မိလိုက်စေဘို့ tour guides တွေမပါဘဲမလေ့လာသင့်ပါဘူး။ Leonardo da Vinci, Michelangelo, Raphael, Titan, Sandro Boticelli စတဲ့ထင်ရှားတဲ့ ပန်းချီပန်းပုပညာရှင်များရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရာတွေ တစုတဝေးထဲ လေ့လာခွင့်ရမှာမို့ လက်မလွတ်တမ်းကြည့်ရမဲ့နေရာပါ။ နေ့တပိုင်းလောက်တော့ အနည်းဆုံးကုန်ပါတယ်။ အနားမှာ Ponte Vecchio စျေးတန်း ဟာ Arno မြစ်ပေါ်ဖြတ်ဆောက်ထားပြီး၊ နှစ်ထပ်ဆောက်ထားပါတယ်။ ရွှေဆိုင်တန်းတွေရှိပါတယ်။

(၆) အချိန်ရရင် Michelangelo Plaza, Boboli Gardens, Santa Croc Basilica တို့ဟာလည်း လေ့လာသင့်တဲ့နေရာတွေပါ။

(၇) Florence ရောက်တုံး UNESCO စာရင်းဝင် အလွန်လှပတဲ့ပင်လယ်ဆိပ်ကမ်းဘေးမှာရှိတဲ့ Cinque Terra ခေါ်တဲ့ကမ္ဘာကျော် ကျေးရွာ(၅)ရွာကို tours နဲ့သွားသင့်ပါတယ်။ ရွာတခုနုံတခုကို ရထားနဲ့အ လွယ်တကူကူးသန်းနိုင်သလို၊ ပင်လယ်ထွက်အစားအသောက်ကောင်းတွေ စျေးပေါပေါနဲ့စားနိုင်ပါ တယ်။ America လိုနေရာမှာ $(၅၀-၁၀၀)လောက်ကျမဲ့ seafood mix  အကျော်အလှော်စုံကို (၂၀) လောက်နဲ့စားနိုင်မယ်ဆိုရင်ယုံနိုင်ကြမလား? ခရီးသွားတွေရဲ့ထိပ်တန်းစားတဲ့အစာပါ။ လမ်းလျှောက်၊ ရေကူး၊ လှေစီးခြင်းစတဲ့ဝါသနာပါရာတွေအချိန်ရရင်ရသလိုလုပ်နိုင်ကြပါတယ်။ ထူးခြားတဲ့ attraction တခုကတော့ ရောင်စုံဆေးချယ်ထားတဲ့ အိမ်တန်းတွေနဲ့ဓါတ်ပုံဟာကမ္ဘာကျော်မို့ ဓါတ်ပုံရိုက်ကြသူတွေ များပါတယ်။


Venice Tours (၃ ရက်မှ ၅ ရက်အပြည့်လောက်အချိန်ပေးသင့်ပါတယ်။)

(၁) Grand Canal gondola tour ဟာ မဖြစ်မနေလုပ်သင့်တဲ့ tour ပါ။ မိမိတို့စုံတွဲ၊ မိသားစုသက် သက်သာ သီးသန့်စီးချင်ရင်တော့ private ride တွေက €100 လောက်အနည်းဆုံးပါ။ group အလိုက်မိမိနဲ့မသိတဲ့ခရီးသွားနဲ့ထိုင်စီးမယ်ဆိုရင်တော့ အများကြီးသက်သာပါတယ်။ သီချင်းဆိုတဲ့ serenade ride နဲ့ commentary ride တွေဆိုရင်တော့ နဲနဲပိုပေးရပါတယ်။  canal တွေကြားထဲ gondola စီးရင်း အထင်ကရနေရာတွေကိုမြင်ခွင့်ရနိုင်ပါတယ်။ Venice မြို့ဟာ ကားလုံးဝမမြင်ရဘဲ၊ လှေသင်္ဘောများ သာမြင်နိုင်တာမို့ မြန်မာပြည်ကအင်းလေးဒေသထဲရောက်သလိုခံစားရပါမယ်။ 

(၂) ချောင်းတွေမြောင်းတွေ ကိုဖြတ်ဆောက်ထားတဲ့တံတားကြီးငယ်ရှိတဲ့အထဲမှာ Rialto Bridge Ponte degli Scalzi နဲ့ Ponte dell’Accademia Bridge တို့ဟာအထင်ရှားဆုံးပါ။ ဒီအထဲမှာ ရှေး ခေတ်ကအကျဉ်းသားတွေ အကျဉ်းမကျမှီနောက်ဆုံးမျှော်ကြည့်ခွင့်ရတဲ့ ပြတင်းများပါတဲ့ Bridge of Sigh ဟာလူသိများကြပါတယ်။ Doge’s Palace ကနေဝင်ကြည့်ရင်တွေ့နိုင်သလို၊ အနားက Ponte della Paglia တံတားပေါ်ကနေဆိုရင် အဲ့ဒီတံတားတခုလုံးကိုမြင်နိုင်ပါတယ်။

(၃) Saint Mark Square နဲ့ Saint Mark Basilica တို့ဟာ အနုလက်ရာမြောက်တွေမြောက်များစွာ တွေ့နိုင်ပါတယ်။ gothic architecture တွေကိုတဝကြီးတွေ့နိုင်ပါတယ်။ Square ဟာVenice မြို့ရဲ့ လူအစည်ကားဆုံးနေရာပါ။ စားကောက်ဆိုင်၊ အရောင်းဆိုင်၊ ဖြေဖျော်မှုတွေမျိုးစုံရှိပါတယ်။ Basilica ကတော့ အကြီးဆုံး basilica တွေမှာတခုအပါအဝင်ဖြစ်ပြီး၊ နံမယ်ကြီးပညာရှင်များရဲ့လက်ရာမြောက် ပန်းချီ၊ ပန်းပုတွေပြည့်နှက်နေပါတယ်။ tours နဲ့သွားရင် dome climbing မပါပေမဲ့ €7 လောက်ပေးပြီး၊ အမိုးမှာရှိတဲ့လက်ရာမြောက်ပန်းချီများနဲ့ ပြတိုက်ငယ်တခုမှာအံ့သြဘွယ်လက်ရာများတွေ့နိုင်သလို၊ အောက်မှာရှိတဲ့ ပိသုကာလက်ရာတွေကိုအပေါ်ကစီးမြင်နိုင်ပါတယ်။ ဘုရားကျောင်းရဲ့အမိုးပေါ်ကနေ မျက်နှာချင်းဆိုင်မြစ်ဝရှုခင်းနဲ့တမြို့လုံးကိုစီးပြီးမြင်နိုင်ပါတယ်။

(၄) Doge’s Palace ဟာမဖြစ်မနေလေ့လာသင့်တဲ့ပြတိုက်တခုပါ။ Venice ကို republic အဖြစ်ထူ ထောင်ချိန်မှ grand duke တွေကရုံးစိုက်ခဲ့တဲ့သမိုင်းဝင်နေရာပါ။  duke တွေနေထိုင်တဲ့ apartment အပြင် senate ခန်းမနဲ့ ရုံး၊ စာကြည့်ခန်း၊ အလှပြင်ခန်း၊ ပြဇာတ်ရုံ စတာတွေမှာ နံမယ်ကျော်နုပညာရှင် များရဲ့လက်ရာတွေကိုမြင်နိုင်ပါတယ်။ Giovanni, Bartolomeo စသူတွေရဲ့ဆေးရေးလက်ရာတွေပါ။ မူရင်းအသုံးအဆောင်ပစ္စည်းများ၊ တရားစီရင်ရေးမှာ၊ လူထုတိုင်ကြားနိုင်တဲ့စာတိုက်ပုံး စသည်တို့ဟာ စိတ်ဝင်စားစရာတွေပါ။ လှေခါးများကိုပြင်ညီဆောက်ထားတာဟာထူးခြားချက်တွေပါ။ ခမ်းနားကြီး ကျယ်မှုတွေ များစွာတွေ့နိုင်ပါတယ်။

(၅) (၁၃)ရာစုအလယ်ပိုင်းလောက်မှာ Venice မြို့ကနေပြောင်းရွှေ့အခြေချခဲ့တဲ့ glass-making businesses စီးပွားရေးလုပ်ငန်းတွေဟာ ခုချိန်မှာကမ္ဘာ့အကျော်ကြားဆုံးလုပ်ငန်းဖြစ်ပါတယ်။ Murano မိသားစုဟာအကြီးဆုံးဖြစ်ပြီး၊ ၎င်းတို့ပိုင်ပြတိုက်မှာ  (ဓါတ်ပုံရိုက်ခွင့်မပေးတဲ့) လက်ရာတွေဟာ ဘယ်နေရာမှာမှမတွေ့နိုင်တဲ့လက်ရာတွေပါ။ စီးပွားရေးပျက်ချိန်မှာတောင်၊ ကမ္ဘာအနှံ့ကအမှာစာနဲ့ ပစ္စည်းဝယ်ယူသူတွေဆီပို့ပေးရမဲ့ သေတ္တာတွေဟာ တောင်ပုံရာပုံပါ။ blowing glass ပြကွင်းပြကွက် လက်တွေ့ပြသမှုတွေကို tours တွေနဲ့လိုက်ပါရင် စိတ်ဝင်စားဘွယ်မြင်တွေ့နိုင်ပါတယ်။ လူဦးရေငါး ထောင်ရှိတဲ့မြို့မှာ ခေတ်မှီအိမ်ကြီးအိမ်ယာရပ်ကွက်တွေမြင်ရင် စီးပွားရေးအောင်မြင်မှုတွေကိုခန့်မှန်း နိုင်ပါမယ်။ အဲ့ဒီခရီးစဉ်မှာဘဲ Burano ကျွန်းမှာ lacing လက်ချုပ်ဇာထိုးလုပ်ငန်းကိုလက်တွေ့လေ့ လာနိုင်ပါတယ်။ အနီးအနားကစျေးတန်းတွေဟာ နေ့စဉ်လာလည်ကြသူတွေနဲ့မပြတ်ပါဘူး။ Lorenzo Quinn (Steve McQuinn ရဲ့သား)ရဲ့ပန်းပုလက်ရာဧရာမ “Building Bridges” လက်ချောင်းများယှက် ပြီးသရုပ်ဖေါ်မှုဟာစိတ်ဝင်စားသူများပါတယ်။ ကျွန်းမှာရှိတဲ့ကျေးရွာတွေမှာရှိတဲ့ အိမ်ရှေ့တံခါးတွေကို အမြဲဖွင့်ထားရခြင်း၊ ခန်းဆီးရောင်စုံနဲ့ကာဆီးထားတဲ့ ဓလေ့ကိုထူးဆန်းဖွယ်တွေ့ရပါတယ်။ 


Paris tours (အနည်းဆုံး ၅ ရက်လောက် အချိန်ယူသင့်ပါတယ်။)

(၁) Seine River မြစ်ဟာထင်ရှားတဲ့ဆက်သွယ်ရေးနဲ့အလှအပတွေရှိယုံမက၊ အချက်အခြာအထင်က ရနေရာတွေကိုလမ်းလျှောက်သွားနိုင်တဲ့နေရာဖြစ်ပါတယ်။ Hop-on hop-off river boat ဟာ အဲ့ဒီအ ချက်အခြာနေရာရှိတဲ့ဆိပ်ကမ်းကိုကပ်နိုင်သလို၊ စရိတ်နည်းလျင်မြန်မှုရှိပါတယ်။ မိမိတို့အသုံးပြုချင်တဲ့ ရက်အချိန်ပေါ်မူတည်ပြီးကြိုတင် reserve လုပ်လို့ရပါတယ်။ ဆိုလိုတာက လက်မှတ်ကိုစအသုံးပြုချိန် ကစပြီး (၂၄)နာရီ (မိမိ၀ယ်တဲ့လက်မှတ်အမျိုးအစားပေါ်မူတည်ပြီး)အတွင်းမို့ နောက်နေ့ကူးချိန်အထိ သုံးနိုင်ပါတယ်။ ဒါပေမဲ့သတိရှိဘို့က နံက်(၈)နာရီလောက်ကစပြီးညနေ(၆)နာရီသာပြေးဆွဲတာမို့ မိမိ သွားလိုတဲ့နေရာ tours meeting point ပြတိုက်ဖွင့်ချိန်တို့ကိုသတိထားပါ။ ညစာ၊ ညဘက် night boat တွေဟာ စျေးအလွန်ကြီးတာမို့ မြန်မာတွေကြိုက်ကြမယ်မထင်ပါ။

(၂) Paris မြို့ပေါ်အနှံ့ကိုလိုက်ပြတဲ့ night open top bus tours တွေဟာအလွန်ကောင်းပါတယ်။ BigBus Tour ဟာအကောင်းဆုံးပါ။ အလွန်အေးတဲ့အတွက် နွေဘက်မှာတောင် အဝတ်အစားအထူ ကုတ်အကျီဝတ်ဘို့လိုပါတယ်။ နေရာအနှံ့ကိုရောက်တာမို့ မိမိနောက်နေ့တွေမှာသွားမဲ့နေရာတွေရဲ့ nightlife ကိုကိုယ် တွေ့ကြုံကြရမှာပါ။ လေ့လာကြည့်ရသလောက် bus hop-on hop-off က river hop-on hop-off လောက် မိမိတို့လေ့လာချင်တဲ့နေရာရောက်တဲ့အထိမပို့နိုင်ပါ။

(၃) Eiffel Tower ကတော့ မဖြစ်မနေသွားသင့်တဲ့နေရာပါ။ အနည်းဆုံး second level အထိသွားတဲ့ tour ကိုဝယ်ပါ။ ထိပ်ဆုံး summit ကိုထပ်တက်ချင်ရင်တော့ အဲ့ဒီအဆင့်ကိုရောက်တဲ့ tour ကိုဝယ်ပါ။ meeting point နေရာကိုအနညး်ဆုံး(၁)နာရီလောက်စောသွားပြီး၊ ဓါတ်ပုံလိုက်ရိုက်နိုင်ကြပါတယ်။

(၄) နှစ်ထောင်နဲ့ချီတဲ့သမိုင်းကြောင်းရှိတဲ့ Louvre ဟာကမ္ဘာမှာဧည့်အများဆုံးဝင်တဲ့ပြတိုက်အဖြစ် ထင်ရှားတာမို့ မဖြစ်မနေtour နဲ့သွားသင့် ပါတယ်။ ပြခန်းတွေအကုန်စုံဘို့ရက်အများကြီးယူရတာမို့၊ ထိပ်တန်းနံမယ်ကြီးပြခန်းတွေကြည့်ဘို့နဲ့ သမိုင်းကြောင်းကိုနားလည်ဘို့ tour reservation လုပ်ဖို့လို ပါတယ်။ Leonardo da Vinci ရဲ့ “Mona Lisa” ပန်းချီကားနဲ့ Venus de Milo, Victory de Samothrace, Sphinx Tanis, Hermaphrodite  စတဲ့ပန်းချီပန်းပုများ အပြင်၊ ပညာရှင် Rafael, Delacroix စသူတို့ရဲ့ထင်ရှားပြီးတန်ဖိုး သတ်မှတ်လို့မရအောင်တန်ဖိုးကြီးတဲ့ အနုလက်ရာတွေတစု တစည်းထဲတွေ့နိုင်ပါတယ်။ ကိုယ်တိုင်ကအနုပညာပန်းချီပန်းပုစတာတွေကို ၀ါသနာမပါ၊ စိတ်မဝင်စား ကြသူတွေတောင် အဲ့ဒီပြတိုက်ကိုကြည့်ပြီးရင် နောင််တသက်လုံးဆက်စိတ်ဝင်စားကြတယ်လို့ဆိုစမှတ် ရှိကြောင်းပါ။

(၅)  အခန်းပေါင်း ၂၅၀၀ကျော်ရှိတဲ့ Versailles Palace ဟာ ရှေးဧကရာဇ်အများကနေထိုင်ခဲ့ကြတဲ့ အပြင်၊ ပြင်သစ်တော်လှန်ရေးနဲ့အထင်ကရခေါင်းဆောင်များ၊ အရေးကြီးသမိုင်းဝင်စာချုပ်များချုပ်ဆိုခဲ့ ကြတဲ့နေရာပါ။ မြို့ကနေတနာရီကျော်ကြာကားမောင်းသွားရတာမို့၊ day trip လို tour တွေနဲ့သာသွား သင့်ပါတယ်။ တအံ့တသြ ကြည့်စရာတွေများလွန်းလို့ တခုချင်းစုံအောင်ကြည့်မယ်ဆို လနဲ့ချီမယ် လို့ဆိုကြပါတယ်။ နန်းတွင်းသုံးပစ္စည်းနဲ့အခန်းများကို ခမ်းခမ်းနားနားပြထားပါတယ်။ ကပ်လျက်မှာရှိတဲ့ ပန်းခြံဟာလည်းမျက်စေ့တဆုံးပါ။ တနေကုန်နေသင့်ပါတယ်။

(၆) အခြားလေ့လာသင့်တဲ့နေရာတွေကတော့ Musee d’Orsay,  Center Pompidou, Notre Dame Cathedral (၂၀၁၇ ကမီးလောင်မှုကြီးကြောင့်ပြင်ဆင်နေတာတွေ ၂၀၂၄ လောက်မှပြီးမယ်လို့ဆိုပါ တယ်။), Paris Pantheon, Arc de Triomphe တို့ဟာအချိန်ပေးနိုင်ရင်ပေးနိုင်သလောက်သွားလေ့ လာသင့်ကြောင်းပါ။ အဲ့ဒီအထဲက Musee d’Orsay ကတော့ထင်ရှားလူကြိုက်များကြပါတယ်။ လက် မှတ်ကြိုဝယ်ဘို့လိုပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ပန်းချီပန်းပုလက်ရာတွေထဲမှာ ကမ္ဘာကျော်ထိပ် တန်း ပညာရှင်များဖြစ်တဲ့ Claude Monet, Renoir, Van Gogh, Picasso, Manet, Gustav, Eugene Delacroix တို့ရဲ့ တန်ဖိုးကြီးလက်ရာများကို မကုန်နိုင်မန်းနိုင်အောင်တွေ့ရပါမယ်။ အဲ့ဒီ လက်ရာအများစု ဟာ ပြတိုက်ရဲ့အပေါ်ဆုံး(၅) ထပ်မြောက်မှာရှိတာမို့၊ အချိန်မရသူတွေအနေနဲ့ ပြတိုက်ထဲဝင်ပြီးပြီးချင်း (၅)ထပ်ကိုတိုက်ရိုက်တက်သွားကြည့်နိုင်ကြကြောင်းပါ။

(၇) Gallery Lafayette Haussmann ဟာကမ္ဘာပေါ်မှာအကြီးဆုံး shopping mall ဖြစ်သလို၊ အဓိက major brand designers တွေရဲ့ပစ္စညး်များရောင်းချရာနေရာဖြစ်ပါတယ်။ အမျိုးသမီးနဲ့ကလေးများ အတွက်၊ အမျိုးသားများအတွက် နဲ့အစားအသောက်ကုန်ပစ္စညး်တွေအတွက်ဆိုပြီးစတိုးဆိုင်တိုက် ကြီး(၃)ခုဖိုခနောင့်ဆိုင်ဖွင့်ထားပါတယ်။ ဥရောပမှာစျေးအသက်သာဆုံးဆိုင်ပေါင်းထောင်နဲ့ချီပြီး၊ စျေး ၀ယ်သူပျားပန်းခတ်အောင်များပါတယ်။ မြန်မာနိုင်ငံမှလာတဲ့စျေးဝယ်ကြသူတွေအပြင်၊ America လိုနိုင်ငံကြီးတွေကတောင်သွားဝယ်ကြပါတယ်။ Asians တွေအရသာတွေ့တဲ့နေရာပေါ့။ တချို့ကလည်း ပြန်ရောင်းကြတယ်။ အတော်မြတ်တယ်လို့ဆိုပါတယ်။ အရေးကြီးတာကတော့ တန်းစီတာ (၂-၃) နာရီအနဲဆုံးကြာတတ်ပါတယ်။ ကိုယ်နိုင်ငံကိုကိုယ်ပြန်သယ်သွားမယ်ဆိုရင် ရောင်းခွန် (sales tax)ပြန်အမ်းပေးတာမို့၊ ကိုယ့် passport ကိုစျေးဝယ်ချိန်ယူသွားကြဘို့မမေ့ ကြပါနဲ့။ ဘယ်လိုငွေပြန် အမ်းမလဲဆိုတာသေသေခြာခြာမေးပါ။ အပြန်လေဆိပ်ကိုလည်းစောနိုင်သမျှစောသွားပါ။ ကိုယ့်လို refund လုပ်ဖို့တန်းရှည်ကြီးနဲ့ဆုံမှာမို့ပါ။ အဲ့ဒီစတိုးဆိုင်ရံအပေါ်ဆုံး လေဟာပြင်ခေါင်မိုးဟာ အနားယူ လို့ကောင်းတဲ့နေရာပါ။ Paris တမြို့လုံးကိုစီးပြီးမြင်နိုင်တာမို့ လူစည်ကားတဲ့နေရာပါ။ မြင်ကွင်းပန်းချီဆွဲ သူ၊ ဓါတ်ပုံရိုက်သူစုံတွဲတွေများပါတယ်။

(၈) Champ Elysees လို့ခေါ်တဲ့ store ဆိုင်ကြီးတွေရာနဲ့ချီတဲ့ Paris ရဲ့ပင်မစျေးဆိုင်တန်းမှာလည်း ၀ယ်လို့ရတယ်ဆိုပေမဲ့ Haussmann Center လောက်စျေးမပေါပါ။ အရေးကြီးတာတော့ အဲ့ဒီနေ ရာတွေကိုသွားဖြစ်အောင်သွားပါ။ အမျိုးသမီးများရဲ့ဓါတ်စာဆိုသဘော ပေါက်ကြပါလိမ့်မယ်။


ခရီးသွားတဲ့အလေ့အထဟာလူတိုင်းမက်မောတဲ့ကိစ္စဖြစ်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးမှာ ကြိုတင် လက်မှတ်ဝယ်ယူတဲ့အလေ့အကျင့်ဟာမရှိမဖြစ်လိုအပ်လာပါပြီ။ ရောက်ဖို့ခဲယဉ်းတဲ့ဒေသ တွေကိုသွားပြီးရှေ့ကိုရောက်မှ လက်မှတ်ကုန်သွားလို့ လှည့်ပြန်ရတဲ့အဖြစ်မျိုးတွေမကြံုရအောင် ကြိုတင်မှုကောင်းကောင်းလုပ်ဖို့လိုပါတယ်။ online reservation လုပ်ခြင်း၊ တဲ့ခရီးစဉ် itinerary တိတိကျကျအချိန်လုံလုံလောက်လောက်ရရေးဟာ အလွန်အရေးကြီးသလို၊ လိုအပ်တက်စာရွက် စာတမ်းတွေပြည့်စုံမှသာ သာယာချောမွေ့အောင်မြင်တဲ့ခရီးစဉ်ဖြစ်ပြီး၊ ဘဝရဲ့ပီတိကိုရရှိနိုင်ပါမယ်။ ပြင်ဆင်မှုကောင်းကောင်းမရှိလို့ ခရီးသွားရမှာကြောက်သွားရတာမျိုးမဖြစ်ဖို့၊ ငွေကုန်လူပမ်းမဖြစ်ဖို့ အရေးကြီးပါတယ်။ 

ခရီးသွားခြင်းကိုအများအားဖြင့် နွေဦးရာသီမှစလုပ်ကြတဲ့အလေ့အရင်ကရှိခဲ့ကြပါတယ်။ ခုချိန်မှာတော့ အထက်ကဆိုခဲ့တဲ့တင်ကြိုစီစဉ်မှုတွေလုပ်ဖို့၊ ပွင့်လင်းရာသီမရောက်ခင်စောနိုင်သမျှစောလုပ်ကြရဘို့ အလွန်လိုအပ်ပါတယ်။ တိုက်တွန်းလိုတဲ့အကြံပြုချက်ကောင်းတခုကတော့ ခရစ်စမတ် holiday ကာလမှာကတည်းကစတင်စီစဉ်ကြဘို့လိုပါတယ်။ အဲ့ဒီအချိန်မှာ မိသားစုဝင်တွေတွေ့ဆုံကြချိန်၊ စုစည်းကြချိန်မို့ အကောင်းဆုံးအချိန်ဖြစ်ကြောင်း vacation planners များက အကြံပြုကြပါ ကြောင်းလို့…………………။