Monday, November 19, 2012

မြန်မာ-အမေရိကား ရွှေလမ်းငွေလမ်းဖေါက်ပြီးနောက်ဝယ်….


(၂၀၁၄) မြန်မာကအာဆီယံ ဥက္ကဌရာထူးရယူချိန်မှ လာရောက်မယ်လို့တွက်ဆကြသူတွေအားလုံးကို အံ့အားသင့်စေမဲ့ အမေရိကားပြည်ထောင်စုသမ္မတအိုဘားမားရဲ့ ပထမဆုံးမြန်မာခရီးစဉ်ဟာ တိုတောင်းလှပေမဲ့ နှစ်နိုင်ငံ ရဲ့ နောက်ဆက်တွဲ့  နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို အမှန်တကယ်ဘဲမြန်ဆန်သွားစေပါတယ်။ သေချာတာကတော့ မြန်မာနဲ့ geopolitics အရ ရော၊ စစ်ရေးနိုင်ငံရေးဆက်ဆံမှုမှာ ကနဦးလမ်းခင်းပြီးဖြစ်တဲ့ အင်အားကြီး တရုတ်နဲ့ ရုရှ နိုင်ငံများကတော့  မျက်စေ့ဒေါက်ထောက်ကြည့်နေမယ်ဆိုတာမလွဲပါဘူး။ ဒုတိယသက်တမ်းရဲ့ ကနဥိးပြည်ပခြေလှမ်းလည်းဖြစ်၊ နကိုကတည်းက နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံမှာ အာဏာရှင်စနစ်ကိုတည်ငြိမ်တဲ့ နည်းလမ်းနဲ့လျင်မြန်စွာအသွင်ကူးပြောင်းယူနေတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ဖြစ်စဉ်ကိုလည်း၊ ကွင်းဆင်းလေ့လာချင်တဲ့ အာသီသရှိတာကြောင့်လည်းပါလိမ့်မယ် လို့ယူဆရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲမှာ နိုင်ငံတကာကသြချရလောက်တဲ့ ကြိုတင်မဲပေးစနစ်ဘုံးဘောလအောနဲ့ တက်လာတဲ့အစိုးရမို့ အများက ရစရာမရှိအောင်ဝိုင်းဝေဖန်တိုက်ခိုက်ခြင်းခံရတဲ့  အခြေအနေအသိုက်အမြုံကနေ၊ ပေါ်ထွက်လာတဲ့အစိုးရမို့ ဒိလောက်ကြီးမြန်ဆန်မဲ့ပြုပြင်ပြောင်းလဲမှုရှိလာလိမ့်မယ်လို့ ဘယ်သူကမမှမထင်ခဲ့ပါဘူး။ ဒေသတွင်းအာဆီံယံနိုင်ငံများသာမက၊ အနောက်နိုင်ငံများကပါ အံ့သြလောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေကိုဇောက်ချလုပ်လာတဲ့ သမ္မတဥိးသိန်းစိန်ရဲ့ ခြေလှမ်းများဟာ၊ နိုင်ငံတကာကအာရုံစိုက်လာစေတဲ့အဓိကအချက်ကြီးဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုကို အမေရိက ကစံနမူပြု ခိုင်းနှိုင်းစရာအဖြစ် အာဏာရှင်စနစ်ကြီးစိုးတဲ့ နိုင်ငံအချို့ကို လက်ညှိုးထိုးပြောဆိုလာရလောက်အောင်အထိဖြစ်လာတဲ့အတွက်၊ အရင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအားနည်းချက်ကို အသံသေးအသံကြောင်နဲ့အကျိုးလိုသလိုနဲ့ ၀ိုင်းတွန်းကြတဲ့ အိမ်နီးချင်းတွေတောင်၊ ခုချိန် နှုတ်ဆိတ်နေရပါပြီ။ ဒီလိုပြုပြင်မှုတွေလုပ်နိုင်ရခြင်းရဲ့အဓိကမောင်းနှင်အားကတော့၊ သမ္မတဦးသိန်းစိန်အနေနဲ့သူ့ရဲ့အစိုးရအဖွဲ့မှာ မူလကပါဝင်တဲ့ ခေတ်ဟောင်း အစိုးရအဖွဲ့ဝင်များကို ပညာတတ် technocrats တွေနဲ့အစားထိုးနိုင်ခဲ့ခြင်းကြောင့်လို့သုံးသပ်မိပါတယ်။  ဒီနေရာမှာ မြန်မာအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုအလေးထားမှု ဟာ ဒုတိယမောင်းနှင်အားဖြစ်သလို၊ ပြည်သူ့ရင်ထဲကခံစားချက်နဲ့စည်းချက်ညီညီ လိုက်ပါဆောင်ရွက်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုကြောင့်လဲပါပါတယ်။ ပြည်သူကလိုလားတဲ့ အဓိကအတိုက်အခံတွေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလူသိရှင်ကြား နေရာပေးလာရုံမက၊ နိုင်ငံတကာဆက်သွယ်ရေးမှာ ပဓါနကျတဲ့ အဖွဲ့အစည်းတွေ (principle organizations) တွေနဲ့ လက်တွေ့ကျကျ ထိတွေ့ပူးတွဲလုပ်ဆောင်ပေးနိုင်တဲ့အတွက်ကြောင့်လူထုရဲ့ ထောက်ခံအားပေးမှု၊ လူထုကြားနှစ်ပရိစ္ဆေဒကြာကိန်းအောင်းနေတဲ့ အစိုင်အခဲကိုအတော်ပြေလည်သွားစေတာတွေလည်းပါပါတယ်။ ဒါပေမဲ့ အစိုးရက လူထုရဲ့ လိုအင်ဆန္ဒကိုဖြည့်တဲ့အချိန်မှာ လူ့အခွင့်အရေး၊ နိုင့်ထက်ပြုကျင့်မှုတွေကို လုံးဝလက်မခံတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ချိန်ထိုးချိန်မှာ၊ နိုင်ငံတကာရဲ့ စံနှုန်းကိုလိုက်နာဘို့ကြိုးစားကြရစမြဲဆိုတဲ့အချက်ကိုသိပြုရပါမယ်။ယာယီအနေနဲ့ လူထုရဲ့လိုအင်ကိုလိုက်လျောရပေမဲ့ တဖက်က ဖိအားပေးလာတဲ့ နိုင်ငံတကာစံနှုန်းတွေရဲ့လိုအပ်ချက်ဖြည့်ဆီရေးဟာ မဖြစ်မနေလိုအပ်လာပါတယ်။ ဒါဟာလည်းတကယ်တော့ လူထုအတွက်ရေရှေအကျိုးကိုမျှော်ကိုးတဲ့သဘောထားဖြစ်ပါတယ်။ Edison Research ရဲ့ဒီကနေ့ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ သမ္မတအိုဘားမားအောင်နိုင်ရေးအတွက် အဓိကအင်အားစုကတော့ minority တွေဖြစ်တဲ့ African-Americans, Asian American နဲ့Latinos တွေဖြစ်တာမို့၊ Asian တွေရဲ့ အခန်းကဏ္ဍဟာ အမေရိကနိုင်ငံရေးသမိုင်းမှာပဓါနကျတဲ့အပိုင်းရောက်လာပြီလို့ဆိုရပါမယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ Asian-America (၇၃%) က သမ္မတအိုဘားမားကိုထောက်ခံမဲ့ပေးထားတယ်လို့ စာရင်းထုတ်ပြန်ချက်ကဆိုထားတဲ့အတွက်ကြောင့်၊ Latinos တွေရဲ့ထောက်ခံမဲ့ (၇၁%) ကိုသာလွန်သွားပြီလို့ဆိုရပါမယ်။ ရွေးကောက်ပွဲအောင်နိုင်တဲ့ညက သမ္မတကိုယ်တိုင်သူ့ကိုနေ့ညမအားလုပ်အားပေးမဲဆွဲခဲ့ကြတဲ့သူတွေဆီခနရောက်ချိန်မှာမျက်ရေမဆည်နိုင် အောင်ဖြစ်ခဲ့ရသလို၊ Asian တွေရဲ့အခန်းကဏ္ဍဟာ အမေရိကရဲ့အနာဂါတ်ကို ပုံဖေါ်ပြောင်းလဲပေးနိုင်မဲ့ အင်အားစုအဖြစ်ရွေးကော်ကပွမြဲဆွယ်စဉ်ကာလကတည်းက အသိအမှတ်ပြုလိုက်ပုံရပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီထွန်းသစ်စမြန်မာနိုင်ငံအပါအ၀င် ရျေ့ဖျားအာရှနိုင်ငံတွေဖက်ခြေဆန့်ခဲ့ခြင်းဖြစ်ပုံရပါတယ်။ အမေရိကသမ္မတတစ်ဦးရဲ့ပြည်ပခရိးစဉ်တိုင်းဟာလုံခြုံးရေးအစီအမံတွေ အကြီးအကျယ်လုပ်ရတာမို့၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းမှာ လများစွာကတည်းကကြိုတင်ရောက်ရှိနေကြတဲ့၊ အမေရိကန်တွေအတွက်စီမံခွင့်ကို ခွင့်ပြုပေးခဲ့ရတဲ့မြန်မာအစိုးရအနေနဲ့လည်း လိုက်လျောမှုတွေကို အတော်ကြီးပေးခဲ့ရတယ်ဆိုတာထင်ရှားပါတယ်။ (၁၉၆၂) ခုနှစ်နောက်ပိုင်း အနောက်နိုင်ငံများနဲ့ အမေရိကရဲ့ပြည်တွင်းရေးပါဝင်ပါတ်သက်လာမှုကို၊ တတ်နိုင်သမျှ ရှောင်ခဲ့တဲ့ အရင်မြန်မာအစိုးရအဆက်ဆက်ရဲ့ သဘောထားကိုဆန့်ကျင်ပြီး၊ ဒီလိုလိုက်လျောမှုတွေပြုလာရခြင်းဟာလည်းနိုင်ငံ တိုးတက်ထွန်းကားမှု။ သန်း(၆၀)သောပြည်သူတွေဘ၀အဆင့်မြင့်မားမှုကို အမှန်တကယ်လိုလားတဲ့ သမ္မတဥိးသိန်းစိန်ရဲ့ သဘောထားဘဲဆိုတာထင်ရှားနေပါတယ်။ သူ့အစိုးရနဲ့သူ့အသိုင်းအ၀န်းကြာ်းမှာဒီလိုလမ်းဖွင့်ပေးမှုတွေကိုယဉ်ပါးခြင်းမရှိသေးတာတော့သေချာပါတယ်။ ဒါပေမဲ့ ဒီလိုရှိနေမဲ့သူတွေကိုရအောင်စည်းရုံနိုင်ခြင်းဟာ၊ သမ္မတဦးသိန်းစိန်ရဲ့ပြောင်မြောက်တဲ့ ဗျူဟာလို့ဆိုရပါလိမ့်မယ်။ အာဆီယံကိုမြန်မာကလိုအပ်တာထက်၊ အာဆီယံကမြန်မာကိုလိုအပ်တယ်ဆိုတဲ့အချက်ဟာ၊ ယခင်ကစကားအဖြစ်ဇွတ်မှိတ်ပြောတဲ့ဘ၀ကနေ၊ ခုအချိန်လက်တွေ့အရာထင်လာတဲ့အဖြစ်ရောက်နေပါပြီ။ ဒေသတွင်း နိုင်ငံရေးချိန်ခွင်ရှာပြောင်းလဲမှုမှာထင်ရှားလာပါပြီ။  အရင်က အမေရိကအပါအ၀င်အနောက်နိုင်ငံတွေနဲ့ဆက်သွယ်ရေးမှာ (စစ်ရေး နိုင်ငံရေးအပါအ၀င်) ကြားခံ နိုင်ငံတွေဖြစ်တဲ့ စင်္ကာံပူ၊ မလေးရှား၊ ထိုင်းဆိုတဲ့နိုင်ငံတွေလိုအပ်ပေမဲ့ခုချိန်မှာ၊ သူတို့ရဲ့ကူညီမှုတွေလိုအပ်တော့မယ်မထင်ပါဘူး။ မဟာအာရှနိုင်ငံသွေးစည်းညိညွတ်ရေးဗျူဟာအခင်းအကျင်းမှာ၊ မလွဲအရှောင်သာရင်ဆိုင်ရမဲ့ တရုတ် နဲ့ ရုရှတို့ရဲ့၊ ၀င်ရောက်ချယ်လှယ်လိုမှုအလားအလာဟာ (၂၁)ရာစုမှာအတော်နည်းပါးလာပါပြီ။ သာဓကအနေနဲ့ စင်္ကာံပူ၊ မလေးရှား၊ ထိုင်းဆိုတဲ့နိုင်ငံတွေရဲ့နမူနာကိုကြည့်ရင် အဓိကဖြစ်တဲ့တရုတ်နိုင်ငံအပေါ်စီးပွားရေးမူဝါဒတသားထဲကျရေး အစီအမံများကိုသာ စနစ်တကျဖန်တီးထားတတ်ဖို့ဘဲလိုပါတယ်။ဆိုလိုတာက ပူးပေါင်းဈေးကွက်တွေကိုသာ အကျအနဖန်တီးထားပေးဘို့ဘဲလိုအပ်ပါတယ်။ Cobra Gold ထဲပါဝင်လာရေးနဲ့ပါတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့စတင်လေ့လာနေတာကခုမှမဟုတ်ဘဲ၊ ယခင်ဗိုလ်ချုပ်မှူးကြီးသိန်းရွှေလက်ထက်၊ ကတည်းကရှိပြီးသားမို့၊ ခုမှကတိုက်ကရိုက်လုပ်ရတော့မဲ့ကိစ္စမဟတ်ုပါဘူး။ စစ်ရေးခြေလှမ်းသစ်လှမ်းရာမှာ မိမိနိုင်ငံတွင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေရဲ့အရှိန်အဟုန်ကိုထိခိုက်မဲ့ ခြေလှမ်းများကိုသာသတိထားဘို့နဲ့၊ နိုင်ငံတကာနဲ့အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေကစစ်ရေးပူးပေါင်းမှုကိုမှားယွင်းစွာအဓိပ္ပါယ်မဖွင့်မိစေဘို့သာ အရေးကြီးပါတယ်။

အမှန်ပြောရရင်တော့ မြန်မာနိုင်ငံရဲ့သမိုင်းမျက်နှာစာကိုဖွင့်ပေးတဲ့ အာဏာရှိအမေရိကသမ္မတတစ်ဥိးရဲ့ခရီးစဉ်ဖြစ်မြောက်ရေးဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အားတက်သရော်အားပေးမှု နဲ့ သမ္မတဥိးသိန်းစိန်ရဲ့ ထူးခြားမက်မောလောက်စရာကောင်းတဲ့ နိုင်ငံရေးကိုင်တွယ်မှုတွေကြောင့်ဘဲဖြစ်ပါတယ်။ ခုကစပြီး မြန်မာနိုင်ငံအတွင်းအခြေစိုက်ရုံးထိုင်နေပြီဖြစ်တဲ့ အမေရိကသံရုံးဟာ၊ လွန်ခဲ့သော နှစ်များစွာကရှိခဲ့တဲ့ ယဉ်ကျေးမှု နဲ့ လူမှုရေးဖလှယ်ရေးသာမာန် တာဝန်ခံသံမှူးအဆင့်ကနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအုပ်ချုပ်ရေး ကဏ္ဍတွေအပါအ၀င်၊ အသွင်းကူးပြောင်းထူထောင်ေ၇းလုပ်ငန်းတွေမှာပါဝင်ပါတ်သက်လာတော့မယ့်သံအမတ်ကြီးအဆင့်ရောက်နေပြီ၊ ဆိုတဲ့အချက်ကိုသတိမူမိကြဘို့လိုပါတယ်။ ဒါဟာ အမေရိက လို့ခေါ်တဲ့ Uncle Sam ရဲ့ နိုင်ငံခြားလုပ်နည်းဗျူဟာပါဘဲ။ ဒါကို active engagement လို့ဆိုထားတာကြောင့်ဒီအပေါ်မှာ၊ ပြည်သူအများယုံထင်ကြောင်ထင်မဖြစ်ကြဘို့ကလည်းသိပ်အရေးကြီးပါတယ်။ အမေရိကအစိုးရဟာ ကျန်ကမ္ဘာ့နိုင်ငံအားလုံးနဲ့ကွာခြားတဲ့အချက်က democracy ကို democracy တရပ်အနေနဲ့ ရာနှုန်းပြည့်သုံးစွဲခြင်းပါဘဲ။  ဆိုလိုတာက မြန်မာပြည်သူလူထုနဲ့ယဉ်ပါးခဲ့တဲ့ socialist-democracy ဒီမိုကရေစီဗဟိုဥိးစီးစနစ်ဆိုတဲ့ ဒွေးရောယှက်တင်မှုအလျင်းမရှိပါဘူး။ democracy ကိုရိုးရိုးစင်းစင်းဘဲမြင်ပါတယ်။ သမ္မတဟာ ဒီမိုကရေစီလမ်းစဉ်ကိုဖေါ်ထုတ်ရာမှာ ကမ္ဘာမှာအာဏာအရှိဆုံးသူတယောက်ဖြစ်သလို၊ ကမ္ဘာမှာအာဏာအမဲ့ဆုံးသူတယောက်လည်းဖြစ်ကြောင်း၊ သမ္မတ ဂျရယ်လ်ဖိုဒ်က အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ လက်ရှိနိုင်ငံတကာ မျက်နှာစာမှာ မိမိကျင့်သုံးတဲ့democracy ကျင့်စဉ်ကို မူရင်းအတိုင်းကိုင်စွဲကျင့်ခဲ့လို့ မဖြစ်သင့်မဖြစ်ထိုက်တဲ့အဖြစ်တွေဖြစ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ -အီရတ်နိုင်ငံရေးကိစ္စမှာစစ်ရေးနည်းလမ်းအရ ဒီမိုကရေစီလမ်းစဉ်ချမျတ်ဖို့ဆောင်ရွက်ခဲ့ခြင်းရဲ့ဆိုးကျိုးတွေ၊ ခုထိအဲ့ဒီနိုင်ငံမှာခံစားနေရပါတယ်။  မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း မိမိနိုင်ငံရေမြေသဘာဝနဲ့ကိုက်ညီမဲ့ democracy နည်းလမ်းတွေကို လမ်းကြောင်းချပြီးနေပြီဖြစ်ပေမဲ့၊ ဆန်းသစ်တဲ့အယူဝါဒကိုမက်မောတတ်တဲ့လူသားတို့ရဲ့ သဘာဝကို၊  သတိတရားလက်ကိုင်ထားပြီးရှောင်ရှားသွားကြရပါမယ်။

သမ္မတရဲ့ နောက်ကြောင်းပြန်မလှည့်ရေး လမ်းကြောင်းတည့်မတ်ပြီးရေရှည်တည်တံ့ခိုင်မြဲရေးဟာ လူထုရဲ့ ပါဝင်ပူးပေါင်းမှုအပေါ်မှာများစွာမူတည်ပါတယ်။ မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးဝိ၀ါးကွဲပြားမှုတွေက အဲ့ဒီလမ်းကြောင်းကိုတိမ်စောင်းစေနိုင်တယ်ဆိုတာကိုလဲသတိထားကြဘို့လိုပါတယ်။ Uncle Sam ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့တတ်ကျွမ်းမှူဆိုင်ရာအကူအညီပေးရေး၊ မြန်မာနိုင်ငံအစိုးရရဲ့လျင်မြန်တဲ့ ပြုပြင်ပြောင်းလဲရေးဟာ တို့ဟာ ဟန်ချက်ညီညာစည်းချက်ကျဘို့နဲ့ နှစ်နိုင်ငံအကြီးအကဲများရဲ့ အပြန်အလှန်နားလည်မှု၊ အရှည်ကိုကြည့်တတ်မှုတို့အပေါ်များစွာမူတည်နေပါပြီ။

No comments:

Post a Comment