In almost 30 years, we are reunited! Tom, my brother, who fiercely
resists his so-called 'dictatorial' Burma, and his family landed on the
first world U.K just before civil unrest in Burma. My family arrived
safely in The U.S.where the humanity prevails, on my 42nd birthday.
Since then we met briefly once in London. Although we have different
views in today's political development, we are surely making the most
democratic part in this world our homes; the homes where many 3rd.countries nationals including Burmese are desperately seeking to establish their new lives. This will definitely continue!
I am overwhelmed when I met Tom. We talked and picked up many missing
parts of our lives during this hiatus. We have no doubt we now live in
the promised lands.
Sandhi, Phillips, Angela, Monica and Barbara,
in the first time, reconnected. Their endless conversations, using
today's communication, give us the great pleasure. Surely they will find
their own ways to connect the dots. Each of them are now or on the way
to become the first world's top professionals. Proud parents!
Life
is filled with ups and downs. We all travel in our own directions and
shape our lives. With age, our generation faces challenges especially
our health conditions. But we agree that our next generation is
momentarily taking our places faster and greater than what We thought.
One day, our generation will surely leave our beloved next generation.
We need to be prepared for this painful departure; whether we like it or
not. After all, we all are life-long travelers! This "wheel" of life
will continue until we find the final place where pains and sufferings
are universally free; called Nirvana once Lord Buddha has proven. Buddha
had shown the world the eight paths of means (vehicles) to attain
Nirvana. But we, the sinners, simply miss to follow these practice.
Tom and my family want to extend our thanks to all those for your
wonderful friendship and thoughtful gifts during my brother and wife
brief visit.
Virtual Life of Maung Moe Nyo and His Impression of Yesterday,Today and Tomorrow's Burma
Monday, March 30, 2015
Saturday, March 21, 2015
အမေရိကပြည်ထောင်စု၊ Census ၂၀၂၀ အကြို ဆယ်စုနှစ်လယ် မြန်မာ့လူဦးရေအခြေပြ (နောက်ဆုံးပိုင်း)
ပြီးခဲ့သော
လစဉ်ထုတ် “မြန်မာဂဇက်” တို့တွင်ဖေါ်ပြခဲ့သော American Community Survey (ACS) စစ်တမ်းကောက်ယူခြင်းအတွက်
(၃)နှစ်ပါတ် အစီရင်ခံစာအပြီးသတ်ကို၊ ဇန္န၀ါရီလက Census Bureau မှ ထုတ်ပြန်ခဲ့ပါသည်။
အမေရိကနိုင်ငံတွင်း လူဦးရေ (နှစ်သောင်း)ရှိမြို့များနှင့်အရပ်ဒေသအားလုံးတွင် ပုံမှန်ကောက်ခံခဲ့သောထိုလုပ်ငန်းစဉ်ကြီးက
(၂၀၁၁)မှ(၂၀၁၃)အတွင်းလူနေမှုလူမှုရေးဘ၀ကိုတစိပ်တပိုင်း ဖေါ်ညွှန်းနိုင်သည်ဟုဆိုရမည်။
စာဖတ်သူတို့နားလည်သင့်သောအချက်တရပ်မှာ၊ ဤ(၃)နှစ်ပါတ်လည်စစ်တမ်း သည်၊ ဆယ်စုနှစ်တိုင်းကောက်ယူသော
Census (head-count) ခေါင်းခေါက်ကောက်ယူသောစစ်တမ်း မဟုတ်ဘဲလူဦးရေရည်ညွှန်းကောက်ကွက်
(reference target population area) များကိုသာကောက်ခံပြီး၊ ထိုအချက်အလည်များပေါ်မူတည်၍၊
ဖေါ်ထုတ်သောညွှန်ပြကိန်း (indices) များဖြစ်သဖြင့်တိကျသောကိန်း ဂဏန်း မဟုတ်သော်လည်း
statistical indices များအဖြစ်၊ နိုင်ငံစီမံခန့်ခွဲမှုနှင့်ပံ့ပိုးကူညီမှုပျံ့နှံ့နိုင်ခြေကို
တွက်ချက်ရာတွင် အထောက်အကူများစွာဖြစ်စေပါသည်။ နှစ်ပေါင်းများစွာကသမရိုးကျတွက်ချက်ခဲ့သော
ကိန်းဂဏန်းထက်၊ ယင်းကိန်းဂဏန်းအချိုးကျပြညွှန်းကိန်း (statistical projections) များက
ပိုမိုထိရောက် ပြီးလက်တွေ့အသုံးဝင်စေကြောင်းသိမြင်လာသည်နှင့်အညီ၊ နှစ်အလိုက် ကာလပိုင်းခြားကောက်ခံသော
periodical data collection ပုံမှန်ဖြစ်လေ၊ ယင်း statistical projection တည်ငြိမ်လေဖြစ်လာသည်
ဆိုသည့်အချက်ကိုတွေ့ရသည်။ ထိုနည်းတူစစ်တမ်းကောက်ခံသောနည်းစနစ်
unbiased-methodology ကို ပညာရှင်များကတီထွင်လာနိုင်ကြသည်နှင့်အမျှပိုမိုတိကျသောညွှန်ပြကိန်းများပေါ်ထွက်လာသည်။
ဤနေရာတွင် ထိုစစ်တမ်းကောက်ယူမှုကို နိုင်ငံရေးအပါအ၀င်အခြားဘက်လိုက်မှုများကင်းစင်နိုင်ခြင်းမရှိသမျှ၊
ယုံကြည်စိတ်ချအားကိုးလောက်ဖွယ်ရှိသောညွှန်ပြကိန်း (indicators)များမပေါ်ထွက်နိုင်ပေ။
ဥပမာ-ဖွားသေနှုန်း၊ တမျိုးသား လုံးဝန်ဆောင်မှုနှင့်ကုန်ထုပ်လုပ်မှုအချိုး၊ သက်တမ်းရှည်နှိုင်မှုနှုန်း၊
သန့်စင်သောသောက်သုံးရေရ ရှိမှုနှုန်း၊ အခြေခံ စာရေးစာဖတ်တတ်မြောက်မှုနှုန်း၊ စသည့်
ပဓါနကျသောညွှန်ပြကိန်းများသည်၊ ယင်းကဲ့သို့ စစ်တမ်းများ ပေါ်များစွာမူတည်လှပေသည်။ အဓိကကျသောအချက်တခုကားတည်ငြိမ်သော
ညွှန်ပြကိန်း ရရှိရေးပင်။ ယင်းအတွက်ဘက်လိုက်မှုကင်းစင်ရေးကားအသက်တမျှအရေးကြီးလှပေသည်။
ဤလတွင်ဖေါ်ပြမည့်အချက်အလက်များမှာ
အမေရိကဗဟိုအစိုးရမှယခုနောက်ဆုံးထုတ်ပြန်သော (၃)နှစ် ပါတ်လည် ACS ပြန်တမ်းအပေါ်အခြေခံထားပါသည်။
ဤပြန်တမ်းကိုတာဝန်ယူကောက်ခံသော Census Bureau ကြီးမှနောက်ဆုံအကြိမ်အဖြစ်သာကောက်ခံရန်အစိုးရလွှတ်တော်သို့တင်သွင်းခွင့်ပြုချက်
တောင်းထား သည်မို့၊ လွှတ်တော်မှအတည်ဖြစ်လျင်၊ နောင် (၂၀၂၀) သန်းခေါင်စာရင်းကောက်ခံမှုမတိုင်မှီ၊
နောက်ဆုံး အကြိမ်ကောက်ခံခြင်းဖြစ်နိုင်ဖွယ်ရှိနေပါသည်။ နှစ်စဉ်ကောက်ခံမှုများဆက်လက်ရှိနေမည်မှာ
မှန်သော်လည်း၊ လူဦးရေ (၆၅၀၀၀)အထက်ရှိမြို့ကြီးများတွင်သာကောက်ခံမည်ဖြစ်သဖြင့်၊ တစ်နိုင်ငံလုံးလွှမ်းခြုံ
နိုင်မှုအတိုင်း အတာလျော့နည်းသွားဘွယ်ရှိကြောင်းပညာရှင်အချို့ကဆိုထားကြသည်။
အမေရိကရောက်မြန်မာများအတွက်အရေးတကြီးသိထားသင့်သောအချက်မှာ၊
ဤACS-3ညွှန်ပြကိန်းများက၊ နောင် (၂၀၂၀)သန်းခေါင်စာရင်းကောက်ခံမှုကိုများစွာအထောက်အပံ့ပြုမည်ဖြစ်သည်ဆိုသည့်အချက်ကိုပင်။
အထူးသဖြင့်၊ လူမျိုးလူဦးရေ (Racial scarcity) ကျဲပါးခြင်းကြောင့်၎င်း၊ စုစုပေါင်းလူဦးရေပါဝင်ကိန်းအချိုး
အနည်းဆုံအဆင့်တွင်ရှိခြင်း (racial composition ratio)တို့ကရှိသင့်သောအမှန်တကယ်လူဦးရေကို
အမှန်အတိုင်းရောင်ပြန်ဟပ်နိုင်ရန်ခက်ခဲသွားနိုင်ပါသည်။ တနိုင်ငံလုံးလူဦးရေပေါင်းညွှန်ပြကိန်းသည်၊
လူမျိုးကြီး များအတွက်သိပ်အရေးမပါသော်လည်း၊ မြန်မာလူမျိုးဦးရေအမှန်ထက်လျော့ပါးနေမှုက၊
ရသင့်သော စီးပွားလူမှု ပံ့ပိုးကူညီမှု (socio-economic assistances) နှင့်ဒေသအလိုက်ကိုယ်စားပြုနိုင်မှု
(representativeness) အခွင့်အလမ်းများ၊ နည်းပါးသွားနိုင်ပါသည်။
ဤ ACS-3 သည်အမေရိကရောက်မြန်မာလူထုတစ်ရပ်လုံးအတွက်(၂၀၂၀)သန်းခေါင်စာရင်း၏ရှေ့ပြေးညွှန်ပြ
ကိန်းဟုဆိုရမည်ဖြစ်သည်။ ဤစစ်တမ်းအရထွက်ပေါ်လာသောဇယားများထဲတွင်၊ မြန်မာလူမျိုးတိုင်းရင်းသား
ပေါင်းစုံနှင့်တိုက်ရိုက်စပ်ဆိုင်သော ဇယားကြီး အမှတ် (S0201) ပါကိန်းဂဏန်းဖေါ်ညွှန်းချက်
နှင့်သုံးသပ်ချက် များကိုစာရေးသူ၏ရှုထောင့်မှလေ့လာတင်ပြအပ်ပါသည်။
(၁) (၂၀၁၀)
သန်းခေါင်စားရင်းချုပ်ကြီးအရ မြန်မာလူမျိုးတိုင်းရင်းသား ပေါင်းစုံ (၁၀၀၂၀၁)ဦးရှိခဲ့သည်
ဟုဆိုသော်လည်း၊ ဤACS-3 စစ်တမ်းက (၁၂၄၉၇၀)ရှိပြီဟုခန့်မှန်းတွက်ချက်ထားသဖြင့်၊
လူဦးရေ (နှစ်သောင်းခွဲ)ခန့် (၃)နှစ်အတွင်းတိုးတက်လာကြောင်းတွက်ချက်သိနိုင်သည်။ သို့သော်ဤACS-3
သည် စာရင်းကွာဟနိုင်မှု (margin of error) (၆၄၁၀-ဦး)ဟုဆိုထားသဖြင့်၊ လျော့နည်းသည်ပင်ဆိုဦးတော့
မြန်မာလူမျိုးတိုင်းရင်းသားပေါင်းစုံ (၁၈၃၀၀)ခန့်တိုးတက်နေသေးသည့်အတွက်၊ (၂၀၁၀)သန်းခေါင်စာရင်း
တွင်စာရင်းလျော့နည်းပေးပို့မှုရှိနိုင်ဘွယ်သာဓကပိုထင်ရှားလာပါသည်။
(၂) မြန်မာလူမျိုးသက်သက်ဟုဆိုနိုင်သူ
(၉၆%)နှင့်လူမျိုးခြား(တိုင်းရင်းသားသော်၎င်း၊ နိုင်ငံခြားသားနှင့်စပ်သူ) (၄%)ရှိကြပါသည်။
မိမိကိုယ်တိုင်ကတိုင်းရင်သားဖြစ်သော်လည်း၊ “မြန်မာ”ဟူ၍သတ်မှတ်စာရင်းပေးသူဦးရေ တိုးတက်လာသောအလားအလာကောင်းများတွေ့ရပါသည်။
(၃) (၂၀၁၀)သန်းခေါင်စာရင်းကောက်ခံမှုတွင်
(ကျား/မဦးရေ) အချိုးပါဝင်မှု (၅၀%)အချိုးညီတွေ့ရသော်လည်း၊ ဤစစ်တမ်းတွင် (၅၁%: ၄၉%)
တွေ့၇ပါသည်။
(၄) (၁၈)နှစ်အောက်လူဦးရေ
(၃၅%)တွေ့ရသဖြင့်စုစုပေါင်းဦးရေ၏(၁/၃)ကမြန်မာမိသားစု အတွင်းအကျ နေရာယူထားသဖြင့်၊ ကလေးငယ်ရွယ်သူများကိုမိဘများကအမေရိကကဲ့သို့နိုင်ငံကြီးများတွင်
နေထိုင် ကြီးပြင်းပညာ/အလုပ်အခြေကျ စေချင်သောသာဓကကောင်းများထင်ရှားတွေ့လာရသည်။ အသက်(၆၅)
အထက်ရှိသူ (၄%)ဟုပြဆိုထားသဖြင့်ဤအသက်အပိုင်းခြားရှိမြန်မာသက်ကြီးများ၊ နိုင်ငံ၏အထောက်
အပံ့ကိုရရှိခံစားနေကြကြောင်းတွေ့နိုင်ပါသည်။
(၅) အိမ်ထောင်စုတခုအဖြစ်နေထိုင်သူထဲတွင်
တမိထဲပေါက်မိသားစုအသွင်နေထိုင်သူ(၈၀%) နှင့် သွေးသားတော်စပ်သူ အမျိုးနှင့်နေထိုင်သူ
(၁၅%) နှင့် သွေးသားတော်စပ်ခြင်းလုံးဝမရှိသူ (unmarried partner/living together အပါအ၀င်)
(၅.၁%)ရှိသည်ကိုတွေ့ရသည်။ ဤနေရာတွင် unmarried partner (၀.၆%)ဟုဆိုထားသဖြင့်၊ ဤသို့အတူနေစုံတွဲဟုဗြောင်စာရင်းသွင်းနိုင်သောမြန်မာဦးရေ
(၁%)နီးပါးခန့် ရှိနေကြောင်းစိတ်ဝင်စားဘွယ်တွေ့ရသည်။
(၆) အိမ်ထောင်စုအသွင်တအိမ်ထောင်ရှိပျမ်းမျှ
အိမ်ထောင်စုဝင် (၄.၂၅-ဦး)ဟုပြဆိုထားပြီး၊ မိသားစုအသွင် တမိသားစုရှိပျမ်းမျှမိသားစုဝင်
(၄.၆၁-ဦး)၊ ဟုဆိုထားသည့်အတွက်၊ မိရိုးဖလာမိသားစုတည်ဆောက်မှုစနစ်ကို၊ မြန်မာတို့ထဲတွင်မြင်နေရဆဲဟုဆိုရမည်။
(၇) အိမ်ထောင်ရှိဟုကြေငြာသူ(၅၉%)၊
တစ်ခုလပ်အပါအ၀င်လင်/မယားကွဲ(၈%)၊ လူပျိုအပျိုလူလွတ် (၃၃%)။
(၈) မူကြိုအပါအ၀င်
မူလတန်း၊ အလယ်တန်းနှင့်၊ အထက်တန်းကျောင်းတွင်စာရင်းသွင်းတက်ရောက်ဆဲ (၈၀%)နှင့်၊ တက္ကသိုလ်ကောလိပ်များတွင်
(၁၉%)ဟုပြဆိုထားသော်လည်း၊ အမျိုးသမီးဦးရေက (၂၀%)နှင့် ယင်းထက်လျော့နည်းလျက် အမျိုးသားဦးရေက(၁၈%)သာတက္ကသိုလ်တက်ရောက်နေကြကြောင်း
တွေ့ရ သည်။ ထိုနည်းတူအမျိုးသမီးဘွဲ့ရဦးရေ (၂၉%)တွေရချိန်တွင်အမျိုးသား (၂၇%)သာဘွဲ့ရကြောင်းနှိုင်းယှဉ်
တွေ့ရသည်။
(၉) ပြီးခဲ့သော
(၁၂)လတာကာလအတွင်းမြန်မာအမျိုးသမီး(၃၁၆၉-ဦး)ကလေးမွေးဖွားပြီးကြောင်းစာရင်းတွင်၊ တခါဘူးမျှလက်မထပ်ဖူးဘဲကလေးမွေးဖွားပေးသူ(single
mother) မြန်မာအမျိုးသမီး (၁၇၇-ဦး)ပါရှိ သည်ဟုဆိုထားသည်။
(၁၀) အဖိုးအဖွားများမှမြေးထိမ်းကျောင်းပေးသောရာနှုန်း
(၁၃%)ဟုဆိုထားသဖြင့်၊ ကလေးစောင့်ရှောက်ရန်၊ အမေရိကတွင်နေထိုင်ကြရသူမြန်မာအဖိုးအဖွားဦးရေလည်းမနည်းလှကြောင်းတွေ့ရသည်။
(ဤကိန်းဂဏန်း သည်အသက်-၃၀အထက်မြန်မာလူဦးရေအပေါ်တွင်အခြေခံထားသဖြင့်မည်မျှမှန်ကန်ကြောင်း
သိရန်ခက် ခဲလှသော်လည်း၊ လူလတ်ပိုင်းအရွယ်အလုပ်မလုပ်ဘဲအမေရိကတွင်ရှိနိုင်သော မြန်မာအဖိုးအဖွားဦးရေမှာ
သိပ်မရှိနိုင်ဟုယူဆရသည်။)
(၁၁) မသန်စွမ်းသူ(disability)
မြန်မာဦးရေစုစုပေါင်း(၇%) ရှိပြီး အသက်(၆၅)နှစ်အထက် (၄၅%)ဟု ဆိုထားသဖြင့်၊ အစိုးရအထောက်အပံ့ခံစားခွင့်ရရှိခံစားနေရသူမြန်မာဦးရေမသေးလှကြောင်းတွေ့ရသည်။
(၁၂) မိမိနေထိုင်ဆဲပြည်နယ်မှအခြားပြည်နယ်သို့ပြောင်းရွှေ့သူ၊
ပြီးခဲ့သောတစ်နှစ်ပါတ်လည်အတွင်း (၃% နီးပါး)ရှိကြောင်းတွေ့ရသည်။ ရေပြောင်းမြေပြောင်းရာရေစီးကြောင်းတွင်မြန်မာတို့လိုက်ပါနေပြီလော
ဟုထင်မြင်မိပါသည်။
(၁၃) (၂၀၀၀)ခုနှစ်မတိုင်မှီအထိအမေရိကသို့ပြောင်းရွှေ့အခြေချသူ
(၁၆%)သာရှိသော်လည်း၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်(၂၀၀၀ မှ ၂၀၀၉)အတွင်း (၅၇%) ထိမြင့်တက်လာပြီးသော်လည်း၊
လက်ရှိ (၂၀၁၀) နောက်ပိုင်းတွင် (၂၈%)ဖြစ်သွားပြီဖြစ်ပါသည်။
(၁၄) အာရှတိုက်မှ
(အဓိကမြန်မာနိုင်ငံမှ) ပြောင်းရွှေ့လာသူ (၉၉%) ဟုဆိုထားပြီး၊ မြန်မာများမှအာဖရိကမှ
(၀.၂%) နှင့် ဥရောပမှ (၀.၃%) နှင့် လက်တင်အမေရိကမှ (၀.၁%) ရှိကြောင်းစိတ်ဝင်စားဘွယ်တွေ့ရသည်။
အလုပ်အကိုင်အခွင့်အလမ်းပေါ်မူတည်၍မြန်မာမဟုတ်သောနိုင်ငံများမှပြောင်းရွှေ့အခြေချခြင်းဖြစ်နိုင်ကြောင်း
တွေ့ရသည်။
(၁၅) မြန်မာစကားသက်သာသူပြောနိုင်သူဟုယူဆရသူ(၉၁%)တွင်၊
အင်္ဂလိပ်ဘာသာစကားကို အနဲအပါး သာပြောဆိုနိုင်သူမြန်မာဦးရေ(၇၀%)ရှိပြီး၊ အင်္ဂလိပ်စကားသက်သက်ပြောသူမြန်မာ
(၈.၈%)ရှိကြောင်းတွေ့ ရသည်။
(၁၆) အလုပ်အကိုင်(workfoce)/၀င်ငွေရှိသူ
(unemployed ခံစားခွင့်ရနေသူ ၆% အပါအ၀င်) မြန်မာ(၆၃%) ရှိချိန်တွင်၊ အလုပ်လက်မဲ့(not
in workforce) (၃၇%)ရှိနေသေးကြောင်းတွေ့ရသည်။
(၁၇) ယဉ်မျိုးစုံသုံးလျက်အလုပ်သွားပြန်သူ
(၅၅%) တွင် carpool သူ (၂၈%)ရှိကြောင်းတွေ့ရသည်။
(၁၈) အဆင့်မြင့်စီမံခန့်ခွဲမှု၊
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာသက်မွေးဝမ်းကြောင်းပညာ အလုပ်အကိုင်ရှိသူ
မြန်မာ (၂၂%)ရှိကြောင်းဝမ်းမြောက်ဘွယ်တွေ့ရသည်။ စက်ရုံအလုပ်ရုံနှင့် အလုပ်ကြမ်း လုပ်ကြရသူ
(၃၇%)ရှိနေသေးကြောင်းတွေ့ရသည်။
(၁၉) ပုဂ္ဂလိကလုပ်ငန်း/ကုမ္ပဏီမျိုးစုံတွင်အလုပ်လုပ်သူ
မြန်မာ(၈၈%)ရှိချိန်တွင်၊ အစိုးရ၀န်ထမ်း(၉%) နှင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်
(၃%)ရှိကြသည်။ မြန်မာအိမ်ထောင်စု/မိသားစုအများစု၏ တစ်နှစ်ပါတ်လည် (medium) ၀င်ငွေမှာ
(US$ ၃၆၀၀၀)ရှိပါသည်။
(၂၀) ၀င်ငွေရရှိသူမြန်မာများထဲတွင်၊
social security ခံစားနေသူ (၇%)၊ Supplemental SSI ခံစားနေသူ (၅.၁%)၊ Food-stamp ရရှိနေသူ
(၄၃%) နှင့် public assistance cash aid ရရှိနေသူ (၉%)ရှိနေသဖြင့်၊ အစိုးရခံစားခွင့်ရနေကြသူ
ဦးရေမသေးလှကြောင်းအထင်အရှားမြင်ရသည်။ (စကားချပ် - အမေရိကအစိုးရနှင့် အုပ်ချုပ်ရေးစနစ်ကိုပြစ်တင်ဝေဖန်လိုသောအာသီသပြင်းထန်ကြသူများသိမြင်ကြစေရန်။)
(၂၁) မိမိလုပ်ငန်းရှင်မှတဆင့်သော်၎င်း၊
မိမိကိုယ်တိုင်ဝယ်ယူခြင်းဖြင့်၎င်း ကျန်းမာရေးအာမခံ (health insurance
coverage) လက်ဝယ်ရှိကြသူ (၃၅%) ရှိချိန်တွင်၊ အစိုးရထောက်ပံ့ကူညီမု
(Medi-Caid)အပါအ၀င် market exchange မှဝယ်ယူလက်ဝယ်ရှိနေသူ (၄၆%)ရှိကြောင်း၊ အံ့သြဘွယ်တွေ့ရသည်။
အာမခံလုံးဝမရှိသူ (၂၂%)ရှိနေသေးကြောင်းစိတ်မကောင်း/စိုးရိမ်ဘွယ်တွေ့ရသည်။
(၂၂) အိမ်ခြေပိုင်ဆိုင်မှုရှိမြန်မာလူမျိုး
(၃၁%)ရှိချိန်တွင်ငှားရမ်းနေထိုင်ကြရသေးသူ (၆၉%) ရှိနေသေးသည်။ မြန်မာတို့ပျမ်းမျှနေထိုင်သောကိုယ်ပိုင်အိမ်တန်ဖိုးမှာ
(US$၂၅၂၀၀၀) ရှိပြီး၊ တနှစ်စာ အိမ်တန်ဖိုးပေးသွင်း ရသောငွေ (mortgage) (US$ ၇၂၉၅) ပျမ်းမျှရှိနေကြောင်းတွေ့ရသဖြင့်၊
အိမ်အတွက်ကုန်ကျစရိတ် သိပ်မများလှကြောင်းယေဘူယျသုံးသပ်မိသည်။ မြန်မာတို့၏ပျမ်းမျှ အိမ်ငှားရမ်းခတစ်နှစ်စာသုံးစွဲငွေကား
(US$ ၁၉၃၇၃) ဟုဆိုသဖြင့်၊ အိမ်ပိုင်ဆိုင်သူတစ်ဦးကကုန်ကျခံသော mortgage ကုန်ကျစရိတ်ထက်
များစွာကုန်ကျခံနေကြကြောင်းတွေ့ရသည်။ ပိုမိုအိမ်ပိုင်ဆိုင်မှုတည်းဟူသော အနာဂါတ်မျှော်မှန်းချက်ကြီး
မျက်ခြေမပြတ်ကြစေရန်လိုနေသေးကြောင်းတွေ့ရသည်။
ဤဆောင်းပါးလစဉ်တွဲ၏အဓိကရည်ရွယ်ရင်းကား၊
နောင်လာမည့် (၂၀၂၀) သန်းခေါင်စာရင်းကောက်ခံမှုနှင့် ကာလတို (၃)/(၅)နှစ်စစ်တမ်းကောက်
ခံမှုများသည်၊ လူနည်းစုဘ၀မှရုန်းထနေဆဲမြန်မာကွန်မြူနတီအတွက် အသက်တမျှအရေးကြီးလှသော
ကိစ္စကြီးဖြစ်ပါသည်။ ကိုယ်ကပါဝင်ပါတ်သက်စာရင်းတင်ပြရသောဤ လုပ်ငန်းကြီးသည်၊ လူမျိုးရေး၊
နိုင်ငံရေး စိတ်ဓါတ်ကင်းစင်စွာဖြင့်၊ ယုံကြည်စိတ်ချစွာလုပ်နိုင်သောကိစ္စ ဖြစ်ပါသည်။
အပမ်းကြီးသောကိစ္စ၊ အချိန်ကုန် သောကိစ္စမဟုတ်ဘဲ၊ အချိန်တိုအတွင်း၊ မိမိတို့တစ်ဦး ချင်းပါဝင်မှုသည်၊
မိမိအတွက်ထက်နောင်လာ နောက်သား များအတွက်အကျိုးထူးများကြိမ်းသေပေါက်ရရန် အသေချာဆုံးသော၊
အလွန်မွန်မြတ်သည့်လူမှုရေးအလှူ စိတ်ဓါတ်ကြီးတခုအဖြစ်အသိအမှတ်ပြုရန်လိုအပ် မည်ဖြစ်ပါကြောင်း။
(ACS-3 (2011-13) တွင်လူအားစိတ်အားဖြင့်နေ့ညမအား၊
ကာလကာနောက်ကွယ်မှပါဝင်ကူညီခဲ့ကြသော မြန်မာကွန်မြူနတီအကျိုးပြုမိတ်ဆွေကြီးများကိုဦးညွှတ်လျက်။)
မှတ်ချက်။ ဤဆောင်းပါး၏အခြေခံကိန်းဂဏန်းအချက်အလက်များကို
www.census.gov (သို့မဟုတ်) www.factfinder.census.gov တို့တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြသလို၊
ACS-3 ပါမြန်မာတိုင်းရင်း သားများနှင့်တိုက်ရိုက်သက်ဆိုင်သော စာရင်းဇယားကိုဤ မြန်မာဂဇက်
တာဝန်ခံအယ်ဒီတာထံတွင် email ဖြင့်တောင်းယူနိုင်ပါကြောင်း။
Subscribe to:
Posts (Atom)