နိုင်ငံရေးဒီရေပြောင်းလဲမှုအဟုန်ကို
မြန်မာတို့မျက်မြင်တွေ့ကြုံခံစားနေရချိန်တွင်၊ ဥပဒေပြုကဏ္ဍဟုခေါ်သော စည်းဝိုင်းကြီးအတွင်းချင်းနင်းဝင်ရောက်လာသော
ပူပူနွေးနွေးရွေးကောက်ခံအမတ်မင်းတို့နေပြည်တော်လွှတ် တော်ကြီးအား (နိုင်ငံ့စီးပွားရေးချွတ်ခြုံကျသည်နှင့်မလိုက်အောင်ခန်းနားထည်ဝါနေမှုကို)
ကျီးကန်းတောင်း မှောက် မယုံနိုင်ဘွယ်ကြည့်နေကြချိန်ဟုဆိုရမည်။ အတိုက်အခံပါတီဘ၀မှနေ့ချင်းညချင်း၊
အနိုင်ရလူများစုပါ တီအဖြစ် “ပင်နီလွှမ်းသော”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်ကုလားထိုင်များတွင်အကျနေရာယူနေ ကြပြီဖြစ်သည်။
ဝက်ဝက်ကွဲအရှုံးနှင့်ရင်ဆိုင်ရသောစစ်တပ်တဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီကြီးမှအမတ်မင်းတို့
တိတ် ဆိပ်ငြိမ်သက်စွာဖြင့်လွှတ်တော်ကုလားထိုင်များကိုကျောခိုင်းကြရချိန်လည်းဖြစ်သည်။
ထိုကုလားထိုင်များ နှင့်အ တူ၊ မိမိအာဏာစည်းစိမ်ခံစားခွင့်များအားလုံးတို့ကိုလည်းလက်မလွှတ်ချင်ဘဲလက်လွှတ်ကြရသောခံစားချက်
ကား၊ အာဏာစွန့်အမတ်ဟောင်းတို့အတွက်ကြီးစွာသောအိပ်မက်ဆိုးကြီးများပင်ဖြစ်ပါသည်။
လွတ်လပ်ရေးရပြီး၊
ခေတ်အဆက်ဆက်တို့တွင်ကျင်လည်ကြကုန်သော ဖဆပလအစိုးရအဖွဲ့၊ ပြည်ထောင်စု (ပထစ) အစိုးရအဖွဲ့၊
တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ (မဆလ)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့
(န၀တ) နှင့် ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရ
အဖွဲ့ဝင်တို့ အခွင့်ထူးခံစားရမှုသည်၊ တခေတ်ထက်တခေတ်ပို၍တို့ပြီးသာကြီးထွားခဲ့သည်။ နိုင်ငံနှင့်အများပြည်
သူကားကုန်းကောက်စရာမရှိအောင်ဆင်းရဲတွင်းနက်ပြီးရင်းနက်ရင်းဖြစ်ခဲ့သည်။ အစိုးရအဖွဲ့ဝင်များနှင့်နီးစပ်
သောအသိုင်းအ၀ိုင်းတို့၏ချမ်းသာကြွယ်ဝမှုကိုတိုင်းတာပြရန်ပင်လွန်စွာခဲယဉ်းသောအချိန်သို့ရောက်မှန်းမသိ
ရောက်နေသည်။ “မဆလ”ခေတ်မှစတင်၍နောက်ပိုင်းခေတ်များတွင် အစိုးရပိုင်းသာမကလွှတ်တော်ကိုယ်စား
လှယ်များပါ အိမ်ခန်း၊ မြေယာနှင့်အခြားအခွင့်ထူးများခံစားခွင့်ရလာကြသောအခါ၊ အများပြည်သူ၏မျက်စိထဲ
တွင်၊ ဤအခွင့်ထူးများသည် မိမိရာထူးဌာနန္တရအရအလိုအလျောက်ရခွင့်ရှိသောရပိုင်ခွင့်များဟုထင်မြင်ယူဆ
လာကြသည်။ ရာထူးနှင့်အဆိုပါအခွင့်အရေးများသည်ခွဲခြား၍မရသောဒွန်တွဲနေသောကိစ္စရပ်များဟုယူဆ
လာ ကြသည်။ ဤအခွင့်ထူးများ၏အရင်းအမြစ်သည် “ကုလားထိုင်”ဟုယုံမှတ်မှားကြသည်။ ရာထူးဟူသော
ကုလား ထိုင်ကိုမြင်တိုင်း ထိုကုလားထိုင်ကိုနည်းမျိုးစုံနှင့်ရအောင်ယူပြီး၊ အသေဆုပ်ကိုင်လိုသောစိတ်ဓါတ်သည်၊
အများ ပြည်သူတို့စိတ်တွင်သံမှိုနှက်သည့်သဖွယ်စွဲနေပေပြီ။ ခေတ်စနစ်နှင့်အစိုးရသာပြောင်းလျင်ပြောင်းမည်၊
ဤအ ဖြစ်တွေကတက်လာသမျှအစိုးရနှင့်အတူတွဲကပ်ပါလာသည်။ အစိုးရသစ်တက်ပြီး၊ အလွန်ဆုံးကြာလျင်
ခြောက်လမှတစ်နှစ်ပေါ့။ “ဒီပုတ်ထဲမှဒီပဲတွေပါဘဲ” ဟူသောစကားသည်ရိုးသော်လည်းမဆန်းတော့သော၊
ဆိုရိုးစကားဖြစ်မှန်းမသိဖြစ်နေပေပြီ။
စာရေးသူတို့ကောင်းစွာမမှီလိုက်သော်လည်း၊
ကြားဖူးရသော ဖဆပလအစိုးရရာထူးစွန့်ရချိန်(၁၉၅၈)နှင့် (၁၉၆၂) တို့တွင်၊ လူထု၏နေ့စဉ်ဗြောင်ဝေဖန်မှုကိုမကြားချင်ဆုံးခံစားခဲ့ရသော
ဖဆပလ အစိုးရအဖွဲ့ဝင်တို့၊ စိတ်ဓါတ်ကျဆင်း၍၊ ငယ်ငယ်ရွယ်ရွယ်နှင့်အခြေမဲ့ကြသူ၊ သေဆုံးကြသူ၊
ဘ၀ပျက်ကြသူတွေကိုတွေ့ဖူးကြုံဖူး ခဲ့ရသည်။ မရှိခဲ့သောအာဏာကိုတမ်းတကြသည်။ အခွင့်ထူးများသိသိသာသာမရခဲ့ရသော
ကုလားထိုင်ကို အိပ်မက်မြင်မက်ကြသည်။ အာဏာရာထူးမဲ့နှင့်ခေါ်ပြောသူမဲ့ပြီး၊ နောက်လိုက်မရှိသောသုညဘ၀၏လောဂဓံကို
ခါးစီးခံကြရသည်။ ယခင်ကရွှမ်းရွှမ်းဝေအောင်စကားပြောနိုင်သောဘ၀မှ၊ လူကြားသူကြားထဲမ၀င်ဝံ့သော၊
မဖြစ် မနေ၀င်ခဲ့ရလျင်လည်း၊ ကိုယ်ကိုယ်ကိုချိုးနှိမ်အောက်ကြို့လျက်ယခင်နှင့်မတူအမူယာများသိသိသာသာကြီး
ပြောင်းလဲကြရကုန်၏။ ထိုထက်ဆိုးသောတော်လှန်ရေးကောင်စီနှင့် မဆလပါတီခေတ်တွင်မူ၊ ရာထူးရှိတုံးအခွင့်
အရေးကိုကုန်းကြုံးယူကြလေကုန်၏။ အနယ်နယ်အရပ်ရပ်ရှိပါတီယူနစ်အမည်ခံမြို့နယ်အဖွဲ့အစည်းဝင်ဖြစ်လျင်
ပင်အခွင့်ရေးတို့ကားဝင်လာမစဲပင်။ တနယ်ထဲရှိတပ်ရင်းတပ်ဖွဲ့များကပင်မနာလိုဝန်တိုဖြစ်လောက်အောင်ပင်။
(၁၉၈၈)အထွေထွေအရေးအခင်းဖြင့်နိုင်ငံအာဏာကိုထိမ်းသိမ်းရယူပြီးနောက်တက်လာသော စစ်အစိုးရခေတ်
ကား အဆိုးဆုံးအကျင့်ပျက်ချစားသောခေတ်သို့ရောက်သွားသည် ဟုဆိုရမည်။ ယခင် မဆလခေတ်အစိုးရ
ကပင်ဆလံတိုက်ရလောက်အောင်ဆိုးရွားလှသည်မှာ ယနေ့အထိပင်။ တပ်ရင်းတပ်ဖွဲ့မှူးဖြစ်လျင်ပင်၊
အိမ်ယာ၊ မြေ၊ စီးပွားရေးနှင့်လုပ်ပိုင်ခွင့်တို့သည် အရှိန်အဟုန်နှင့်ချင်းနင်းဝင်ရောက်လာသည်။
တိုင်းမှူး(၂)နှစ်လောက် လုပ်ခွင့်ရလိုက်ချင်ပါရဲ့ဟုစိတ်ကူးယဉ်ကြလေသောစစိဗိုလ်တွေမနည်းတော့။
ကိုယ်ကမတောင်းရဘဲ၊ အလုအ ယက်အိမ်တိုင်ရာရောက်လာပေး ကြသူတွေကတားမရအောင်ဒုနှင့်ဒေးပင်။
ပေးကမ်းကြသူတွေက မိမိတို့ပေး ကမ်းသည်ကိုလက်ခံရယူကြအတွက်ဝမ်းသာလုံးဆို့ကြရသောခေတ်ဟုဆိုလျင်လွန်အံ့မထင်။
အများရှေ့တွင် အဂတိတရားကို ရေလဲနှင့်ပြောဆိုနေချိန်တွင် အဆိုပါလာဘ်လာဘတို့သည် မိမိအိမ်နောက်ဖေးမှသာမက၊
အိမ်ရှေ့ပေါက်မှပင် ဗြောင်ကျကျနှင့်ခတ်တည်တည်ပင်ဝင်ရောက်နေကြသည်ကို ထိုအစိုးရမင်းစစ်ဗိုလ်ချုပ်များ
မသိကြလေရော့ သလား။
ထိုထိုသော
“ကုလားထိုင်”မှမျိုးစေ့ချပေးသောလူနပ်ချမ်းသာရေးလမ်းစဉ်ကိုမြန်မာတို့ယဉ်ပါးနေသည်မှာနှစ်ပရိ
စ္ဆေဒကြာခဲ့ပြီ။ နောင်တက်လာမည့်အစိုးရသည် အရပ်ဖက်အုပ်ချုပ်ရေးစနစ်နှင့်ကျွမ်းဝင်မှုနည်းပါးနေသည့်အ
တွက် ထိုအဂတိတရားကိုကျော်လွှားနိုင်အောင်ကြိုးပမ်းရာတွင်၊ ပိုမိုခက်ခဲကြမ်းတမ်းဘွယ်ရာအခြေအနေရှိနိုင်
ကြောင်းလေ့လာသူတို့ကသုံသပ်ပြကြသည်။ လူထုမျက်နှာကိုအစဉ်ကြည့်ပြီး နိုင်ငံကောင်းစားရေးကိုအဂတိ
ကင်းစွာဇောက်ချလုပ်မည်ဟုကြွေးကြော်ပြီးခါမှ လမ်းလွဲပြီးယခင်အစိုးရလုပ်နည်းလုပ်ဟန်အတိုင်းလမ်းဆက်
လျှောက်မည်ကိုလူထုကအထူးစိုးရိမ်သည်။ ယခင်အစိုးရအဆက်ဆက်က ဖိနှိပ်ချုတ်ချယ်မှုကြောင့်မပြောရဲ
မဆိုရဲခဲ့သော်လည်း၊ ဒီမိုကရေစီတံခါးကိုကိုယ်တိုင်ဖွင့်ပေးခဲ့သူတွေအနေနှင့်၊ လူထုကဝေဖန်ပြစ်တင်မှုကို
ကြံ့ကြံ့ ခံနိုင်ပြီးအမြန်ဆုံးပြုပြင်သင့်သည်တို့ကိုပြုပြင်ခြင်း၊ ရဲရဲဝန့်ဝန့်အရေးယူသင့်သည်များကိုအရေးယူခြင်းတို့မပြုနိုင်
လျင် မြှားဦးကိုယ့်ဘက်လှည့်လာနိုင်သည်ကိုသိရှိကြရန်လိုသည်။ တာဝန်အရှိဆုံးပါတီခေါင်းဆောင်ပိုင်း
က လည်း၊ အဂတိတရားကင်းစင်ရေးနေ့ချင်းညချင်းမဖြစ်နိုင်ဟူသော အကြောင်းပြချက်များရေလဲနှင့်သုံးလာ
သော အဖြစ်သို့မရောက်အောင်ကြိုးပမ်းရတော့မည်။ လွှတ်တော်ကိုယ်စားလှယ်ဟူသည်လူထု၏အစေခံ
(သို့မဟုတ်) အလုပ်အကြွေးပြုသူများဟူသောကနဦးကြွေးကြော်ချက်များသည်၊ မီဒီယာလောကထဲက စာနယ်ဇင်း
စာသား များအဖြစ်သာရှိတော့သောအဖြစ်သို့ရောက်ရှိမသွားရန်အထူးလိုပေသည်။
မှတ်မှတ်ရရ
ယခုကျင်းပဆဲဒုတိယအကြိမ်လွှတ်တော်တွင် ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခံရသူကိုအများ လူထုက
တာမွေမြို့နယ်မှအရွေးချယ်ခံရှေ့နေတစ်ဦးဆိုသောအချက်မှလွဲ၍ အဆိုပါပုဂ္ဂိုလ်အကြောင်းဘာတခုမျှ
မသိရပေ။ ယင်းသာမက ထိုပုဂ္ဂိုလ်တစ်ဦးထဲကို နှစ်ရာကျော်သောလွှတ်တော်တက်အမတ်အားလုံးကအမေး
အမြန်းဆွေးနွေးငြင်းခုံမှုအလျင်းမရှိဘဲရွေးချယ်လိုက်သည်ဟူသောသတင်းကအံ့ဘွယ်ကောင်းနေပေပြီ။
မဆလခေါ်လမ်းစဉ်ပါတီ (တစ်ပါတီ) ခေတ်က ပါတီဗဟိုကော်မတီကချပေးလိုက်သောလူစာရင်းအတိုင်း၊
နောက်တနေ့လွှတ်တော်တွင်အစိုးရအကြီးအကဲများစာရင်းထွက်လာသည်နှင့်များစွာထပ်တူကျနေပေသည်။
သမ္မတအဖြစ်ရွေးရာတွင်လည်း၊ မေးမြန်းငြင်းခုံမှုမရှိ နိုင်ငံ့အာဏာအရှိဆုံးပုဂ္ဂိုလ်ကိုရွေးချယ်ကြမည်ကို
စိုးရိမ် မကင်းဖြစ်မိသည်။ ထိုမှတဖန် ရွေးချယ်ခံလွှတ်တော်ဥက္ကဌကြီးအတွက် သတ်မှတ်ထားသော
မာစီးဒီးကား များ ရောက်ရှိလာပုံဓါတ်ပုံများကိုမီဒီယာကွန်ယက်တွင်ဖေါ်ပြလာမှုများမြင်ရသောအခါ၊
စာရိတ္တပိုင်းကိုထိုးနှက်မည့် အရိပ်အယောင်များ၊ ရာထူးရပြီးနာရီပိုင်းအတွင်းတွေ့လာရသည်။
ကာယကံရှင်က စိတ်ဓါတ်ခိုင်မာသည်ဟုယူဆ ရသော်လည်း၊ ဤထိုးနှက်ချက်များသည် အရှိန်အဟုန်နှင့်ရောက်လာမစဲပြီဆို
သည့်အချက်ကိုလူထုကမျက်ဝါး ထင်ထင်မြင်ကြရပြီ။ အဝေဖန်ခံနိုင်ရည်နည်းလွန်းလှပြီး၊ လူထု၏ပျိုတိုင်
း ကြိုက်သော နှင်းဆီခိုင်အဖြစ်ခရီးနှင်ခဲ့ သောအမတ်မင်းများအတွက်ရှောင်ရန်တို့ကားများလှပါဘိတောင်း။လေ့လာကြည့်ရသည်မှာ
အာဏာရှင်စနစ် မှအကူးအပြောင်းကာလအတွင်းကမောက်ကမ ဖြစ်နိုင်စရာ၊ စစ်တပ်မှအကြောင်းစုံပြလျက်
အာဏာပြန်ရယူမှု ကိုရှောင်ရှားလိုသဖြင့်၊ အချင်းချင်းစည်းဝါး ရိုက်လျက်ရွေးချယ်လိုက်ပုံရပေသည်။
ဒီမိုကရေစီရေးကြုံးဝါးချက်များအတောမသတ်နိုင်အောင်ကြွေးကြော်ထားပြီမို့၊
အသစ်ကြပ်ကြွပ်အမတ်မင်းများ နှင့်များမကြာမှီအာဏာရယူလာမည့်အစိုးရမင်းတို့ ကိုယ့်စကားကကိုယ့်ကိုပြန်ဒုက္ခရောက်စေခြင်းမှကင်းစေခြင်း
အလို့ငှာ လူထုကြားမှမြန်မာတစ်ဦးအနေဖြင့် အောက်ပါဆန္ဒမွန်များပြုလိုက်ပါသည်။
(က) ဆယ်လီဘရီတီအစိုးရနှင့်အမတ်မင်းများအဖြစ်ရောက်ရှိစေမည့်၊
အခန်းအနားတက်၊ မီဒီယာကြည့်ကောင်း သောဘ၀များတွင်မနစ်မွန်းကြစေဘို့။
(ခ) အများလူထုနှင့်တိုက်ရက်သက်ဆိုင်သောကိစ္စကြီးငယ်မဟူအတွက်
ဆုံးဖြတ်ချက်ချမည်ဆိုတိုင်း လူထုမျက် နှာကိုပြန်မြင်ယောင်ကြဘို့။
(ဂ) နိုင်ငံတကာနှင့်ပြောဆိုဆက်ဆံနိုင်သောဘ၀သို့ရောက်ရန်ခေတ်နောက်ကျနေသောအတွေးအခေါ်များကို
ခ၀ါချကြဘို့။
(ဃ) လူမျိုးကြီး/တယူသန်ဘာသာရေးအစွဲများကြီးစိုးသောခေတ်ကုန်နေပြီဆိုသည်ကိုမြင်တတ်ကြဘို့။
(င) လက်အောက်ငယ်သားများကပြောသမျှယုံတတ်ခြင်း၊
စီးပွားရေးလုပ်ငန်းရှင်များကသဘောကောင်းမနော ကောင်းမှုတို့တွင်ရစ်မူးမနေကြဘို့။
(စ) အဝေဖန်ခံနိုင်သော၊
ဝေဖန်မှုကိုအလေးထားသော အရွေးချယ်ခံများအဖြစ်ရောက်အောင်ကြိုးစားကြဘို့။
စသည်တို့ကိုမီးမောင်းထိုးပြလိုက်ပါသည်။
အရေးကြီးဆုံးအချက်ကား၊
မင်းအာဏာဟူသည်လူမျိုး/စနစ်မရွေးတွင်သည်းခြေကြိုက်စာဖြစ်သည်မို့၊ မိမိ သက်တမ်း (၅)နှစ်အတွင်းအကောင်းဆုံးနှင့်အမှန်ကန်ဆုံးဖြစ်အောင်မျက်နှာမလိုက်ဆောင်ရွက်နိုင်ကြပြီး၊
နောင်သက်တမ်းကိုစိတ်ကူးယဉ်တမ်းတစိတ်ကိုကြံဖန်မွေးမြူကြဘို့အထူးပန်ကြားလိုက်ပါသည်။
No comments:
Post a Comment