Saturday, May 13, 2017

ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားအားလုံးတို့အပေါ်စေတနာအရင်းခံ - ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတို့၏ကိုယ်ပိုင်အခြေခံဥပေးရေးဆွဲပြဌာန်းခွင့်သဘောတူညီခြင်း

Ministry of Information



ဒီနေ့ဖတ်လိုက်ရတဲ့သတင်းဟာ မြန်မာ့သမိုင်းစာမျက်နှာသစ်ကိုဖွင့်လှစ်လိုက်တဲ့
နိုင်ငံရေးပြောင်းလဲမှုတခုဆိုရင်မမှားပါဘူး။ ဘာ့ကြောင့်လဲဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တဲ့
ငြိမ်းချမ်းရေးဦးဆောင်အစည်းအဝေးကြီးက မြန်မာ့သမိုင်းမှာ
တကြိမ်တခါမျှမရရှိခဲ့ဘူးတဲ့ (အလွန်အရေးပါတဲ့)
တိုင်းရင်းသားခေါင်းဆောင်စုံသဘောတူညီချက်တခုကိုရရှိလိုက်ခြင်းဘဲဖြစ်ပါတယ်။
အဲ့ဒါကတော့ - "ကိုယ်ပိုင်ပြဌာန်းခွင့်တန်းတူရေး နဲ့ ဖက်ဒရယ်မူ"ပါဘဲ။
ဒီသဘောတူညီချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အနောက်နဲ့ဥရောပခရီးစဉ်ကပြန်ရောက်ပြီးချင်း၊
ရရှိခဲ့တဲ့ပြည်နယ်ပြည်မ သဘောတူညီမှုတခုဖြစ်တာကြောင့်၊ သူမရဲ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကအပြန် ပင်လုံစာချုပ်ကို
အလျင်အမြန်ချုပ်ဆိုနိုင်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်နဲ့အလားတူနေပါတယ်။
နောက်ဆက်တွဲ အတွေးစတွေထဲမှာ-
(က) မြန်မာပြည်သူအများက တန်းတူရည်တူမှုရဲ့အနက်အဓိပ္ပါယ်ကိုအတိုင်းအတာဘယ်လောက်အထိသဘောပေါက်နိုင်မလဲ။
(ခ) တပ်မတော်ရဲ့အားတက်သရော်ပါဝင်နိုင်မှု။

(ဂ) တိုင်းရင်းသားလူမျိုးစုမျိုးစုအားလုံးက မျှတသော federal principles
များရဲ့အခြေခံသဘောတရားကိုလုံးစေ့ပါစေ့နားလည်နိုင်မှုနဲ့
အကြွင်းမဲ့လိုက်နာနိုင်မှုအတိုင်းအတာ။
(ဃ) အစွန်းရောက်လူမျိုးရေးနဲ့ဘာသာရေးဝါဒီများရဲ့ ပါဝင်နိုင်မှုကဏ္ဍ။

(င) အာဏာရNLD အပါအဝင် နိုင်ငံရေးနဲ့လူထုလူတန်းစားအချေပြု
အဖွဲ့အစည်းအားလုံးတို့ရဲ့ "ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်"
ဆိုတဲ့ရာစုတခုနီးပါး လူထုနဲ့ (အထူးသဖြင့်
တိုင်းရင်းသားလူမျိုးစုငယ်တိုင်းရဲ့ အန္တိမတောင့်တချက်ကြီး)
အကြောင်းထဲထဲဝင်ဝင်နားလည်နိုင်တဲ့အတိုင်းအတာ - စသည်တို့အပေါ်အခြေတည်နေပါတယ်။

ဒီသမိုင်းမှတ်တိုင်ဟာ မြန်မာတိုင်းရင်းသားဘာသာလူမျိုးစုံအားလုံးတို့အတွက်
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရင်တွင်းက ပကတိစေတနာ အရင်းခံဖြစ်သလို၊
တစ်နှစ်လည်သား အစိုးရရဲ့ထူးခြားတဲ့အောင်မြင်မှုခြေလှမ်းတခုအမှန်ပါ။

သူမရဲ့ခက်ခက်ကြိုးပမ်းနေတာတွေဟာ သူမတသက်တာအတွင်း ရတောင့်ရခဲတဲ့
ငြိမ်းချမ်းရေးလုပ်ဆောင်မှုကို တိုင်းရင်းသားအားလုံးနဲ့ stakeholders
အားလုံးတို့ကမြင်အောင်ကြည့်ပြီး ခရီးဆုံးတိုင် ပန်းတိုင်ထိရောက်အောင်
အတူလက်တွဲပြီး ရအောင်ယူနိုင်ကြပါစေ။ KW

No comments:

Post a Comment