Tuesday, April 26, 2016

အရေးပါအရာရောက်သူ



လွန်ခဲ့သော(၅)နှစ်ကျော်ခန့်ကအတိုက်အခံပါတီအဖြစ်ရပ်တည်ခဲ့ရသော National League for Democracy (NLD)ပါတီဝင်တို့နှင့် မိမိတို့လူချင်းထိပ်တိုက်တွေ့ခဲ့လျင်တောင်၊ အတတ်နိုင်ဆုံးရှောင်ပြေးခြင်းခံခဲ့ကြရသူတို့ နေ့ချင်းညချင်း၊ နိုင်ငံ ထိပ်ပိုင်း ရာထူးများ တွင်နေရလာကြသောအခါ၊ ဝေးဝေးရှောင်သူတို့ကသူ့ထက်ငါအပြေး အလွှားချဉ်းကပ်ကြသောသတင်းများလွှမ်း သောအချိန်ဟုဆိုကြပါစို့။ ထိုသို့အတင်းတိုးဝှေ့ချဉ်းကပ်ကြရင်းက အချင်းချင်းစောင်မြောင်မှုများမှတဆင့်၊ ဂိုဏ်း ဂဏကွဲ အုပ်စုဖွဲ့မှုတွေမဖုံးနိုင်မဖိနိုင်ဖြစ်ပေါ်လာချိန်လည်းဖြစ် သည်။ ပါတီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ကမကြာမတင်ကဆိုခဲ့သောစကားတခုကို သတိရမိပါသည်။ “မြန်မာများအ ချင်းချင်းမတဲ့ရခြင်းအကြောင်းကား၊ အတော်များများကအပြိုင်အဆိုင်အရေးပါလိုကြခြင်းကြောင့်” ဟူသောစကားလူမှုကွန်ယက်တွင်း ပျံ့နှံ့သည်ကစသည်ဟုဆိုရမည်။ ပုဂ္ဂိုလ်ရေး အရနီးစပ်ကြသူတွေသာမက၊ မနီးစပ်ကြသူတွေကလည်းနီးစပ်သူများမှတဆင့် တိုးတိုးတမျိုး၊ ဗြောင်တဖုံ ချဉ်း ကပ်ကြသည့်အတွက်၊ ပါတီ ခေါင်းဆောင်ပိုင်းကအတော်ဖြေရှင်းပေးရသည့်ပြဿနာများစွာရှိခဲ့သည်။ လွှတ်တော်အမတ်အတွက်နေများ ရာထားသတ်မှတ်စဉ်ကလည်း၊ မြို့ရွာအနှံ့ အချင်းချင်းအပုတ်ချခြင်း၊ ငယ်ကျိုးငယ် နာများဖေါ်ထုတ်ခြင်းစသော အောက်လမ်းနည်းမျိုးစုံတို့ကိုသုံးကြ၍ အမတ်နေရာလုမှုများ ဖြစ်ခဲ့သည်။ အမတ်မှ သည်အစိုးရအဖွဲ့နှင့်ဆက်စပ် ရာထူးတာဝန်များရလေမည်လား ဟူသောမြှော်လင့်ချက်များပြင်းထန်ခဲ့ကြသည်ဟုဆိုရလျင်လွန်မည်မထင်။ တကယ်အစိုးရအဖွဲ့ကြေငြာသော အခါအမတ်များကိုကျော်လျက်၊ ပြင်ပပညာရှင်အတော်များများကိုခန့်အပ်တာ ၀န်ပေးခဲ့ခြင်းကဂယက်များစွာရိုက်ခတ်သွားစေသည်။ ယခင်ကနိုင်ငံရေးအရေးအခင်းအသွယ်သွယ်တို့တွင်ပါဝင် ခဲ့ကြပြီး၊ မိမိနှင့်မိသားစု ဆွေမျိုးများဘ၀ပျက်ကြရသူတွေကလည်း၊ ငါတို့ကိုချန်လှပ်ရလေခြင်းဟူသောမကြေနပ် သည့်လေသံထွက်လာကြသည်။ အမှန်အားဖြင့်ဆိုရသော် မြန်မာ့ နိုင်ငံရေးအစိုးရခေတ်အဆက်ဆက်တို့တွင် အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်ရာထူး နေရာဆိုသည်ကား၊ မိမိ မိသားစု သာမကဆွေမျိုးတို့နေ့ချင်းညချင်းဘ၀အခြေ ပြောင်းပြီး၊ အနေတောင့်သော အခြေဆိုက်နိုင်သည်မဟုတ်ပါလား။ ဒါကိုဘဲလူထုနှင့်အုပ်ချုပ်သူအစိုးရတို့က မြန်မာ့သမိုင်း မျက်နှာစာတွင်တွေ့ဘူးသည်။ အစိုးရလုပ်ပြီးမွဲပြာဆိုက်သွားသောဝန်ကြီးဟူ၍မကြားစဖူးပေ။ မည်မျှ ပင်ရိုးသား သည်ဆိုပါစေ၊ နေကောင်းထိုင်သာသောဘ၀ထူးကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက် သွားနိုင်သည်။ သေခြာသည့် အချက်ကား ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီခေါင်းဆောင်ပိုင်းမှရွေးချယ်ခဲ့သော အစိုးရအဖွဲ့ဝင်အဆင့်ဆင့် တို့သည်၊ လုပ်သက်အတွေအကြုံနှင့်ရိုးသားမှုကိုရှေ့တန်းတင်ကြသူတွေဆိုသည် ကိုတော့ငြင်း၍ရမည်မထင်။
မြန်မာအစိုးရအဆက်ဆက်အုပ်ချုပ်ရေးစနစ်ကိုအသေအခြာလေ့လာကြည့်ပါက၊ အစိုးရကမူဝါဒပိုင်းဆိုင်ရာ ချမှတ်ပြီး၊ မိမိချမှတ်သောမူဝါဒထက်ကျော်လွန်ပြီး၊ အများပြည်သူကလုပ်နိုင်သောလုပ်ငန်းမျိုးကိုလက်ဝါးကြီး အုပ်ခဲ့သောအစဉ်လာဆိုးကောင်းစွာထွန်းကားခဲ့သည်။ ဥပမာဆောင်ရသော် - စက်မှုဝန်ကြီးဌာနကစက်မှု လက်မှုမူဝါဒကိုချမှတ်ယုံမက၊ ကိုယ်တိုင်ပင်စက်မှုထုတ်ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း စသည် တို့တွင်လက်ဝါးကြီးအုပ်သောအလေ့အထကိုကြည့်ခြင်းဖြင့်သိနိုင်သည်။ ယင်းလုပ်ပိုင်ခွင့်ကြီးကိုအများပြည်သူ အားလုပ်ကိုင်စေခြင်းဖြင့်လွတ်လပ်သောဈေးကွက်စီးပွားရေးကိုဖန်တီးပေးရမည့်အစား၊ ကိုယ်က၀င်စားခွက်လု ယူထားခြင်းနှင့်တူနေသည်။ သို့သော်လည်းဤအချက်ကိုမှားသည်ဟု၊ မည်သူကမျှထောက်ပြဝေဖန်ခြင်းမပြု သည်သာမက၊ ခပ်တည်တည်နှင့်ကိုယ်ကပါဝင်ရောက်လက်ဝါးကြီးအုပ်ထားကြသည်။ “လုပ်ပိုင်ခွင့်” ဟူသော အခွင့်ထူးကြီးပေကိုး။ အကြီးအကဲလုပ်သူကလုပ်ကွက်နယ်နမိတ်ကြီးလေ၊ စားကွက်ကြီးလေပင်။ စားကွက် ကြီးလေ၊ လုပ်ပိုင်ခွင့်နယ်ပယ်ကျယ်ပြောလေပင်။ ယင်းနယ်ပယ်ကျယ်ပြောလေ၊ အာဏာတန်ခိုးကြီးထွားလေ ပင်။
အချို့အချို့သောရာထူးရှိကြသူတွေက လုပ်ပိုင်ခွင့်တာဝန်ပေါ်မူတည်၍၊ အရေးပါယုံပါကြသည်။ အရာကားမ ရောက်။ အချို့ကားအရာတော့ရောက်သည်၊ အရေးကမပါကြ။ ကိုးလိုးကန့်လန့်ရာထူးများပင်။ သို့သော် ယင်း တာဝန်သတ်မှတ်ချက်ကား corruption ခေါ်အဂတိတရားကိုကင်းစေသည်။ အမေရိကအပါအ၀င်၊ တိုးတက် သောနိုင်ငံကြီးများရှိ တာဝန်ကြီးရာထူးလက်ကိုင်ပြုသူတွေကိုကြည့်ပါ။ ရုံးလုပ်ငန်းတခုတွင် မန်နေဂျာ လုပ်သူက၊ မိမိလက်အောက်ငယ်သားများအဆင့်ဆင့်အလိုက်နေ့စဉ် ဆောင်ရွက်နေကြမှုတွင်၊ စည်းမျဉ်းကို ကျော်၍၀င် စွက်ဖက်ခြင်းမရှိ။ ဖြေရှင်းမရသောကိစ္စရှိမှသူ့ဆီ ရောက်လာသည်။ လက်အောက်ငယ်သား ကလည်း မိမိမှန်လျင်၊ ကျိုးကြောင်းနှင့်ပြန်ခုခံဖြေရှင်းခွင့် အပြည့်ရှိသည်။ အများပြည်သူစားသုံးသူတို့ကကိစ္စ အတော် များများကို တယ်လီဖုံး/အင်တာနက်တို့မှ သာပြီးစီးကြသဖြင့်၊ လာဘ်ပေးလာဘ်ယူမှုစသည်ကိုမီးထွန်း ရှာရန်ခက်ခဲလှပါဘိ။ ကိစ္စအ၀၀အတွက် အဆက်အသွယ်၊ အမျိုးတော်စပ်မှု၊ ပေးကမ်းရမှုဆိုသည်ကားဝေးလား ဝေး။ ထိုအမေရိက နှင့်တိုးတက် သောနိုင်ငံရောက်သူတို့ကိုမေးကြည့်ပါ။ မိမိနေထိုင်စဉ်ကာလအတွင်းယင်း ချဉ်းကပ်မျိုး မည်ရွေ့ မည်မျှ လုပ်ခဲ့ရဘူးသနည်း။ အရေးပါယုံမအရာပါရောက်ပြီဆိုလျင်တော့ကြီးလေးသော သတိထားကြရတော့ မည်ဖြစ်သည်။ အကျင့်စာရိတ္တပျက်ရန်အလွန်နီးစပ်လာသောကြောင့်ဖြစ်သည်။
မျက်မှောက်မြန်မာ့နိုင်ငံရေးနယ်ပယ်တွင်အစိုးရရာထူးစတင်တာဝန်ယူကြသူတွေတွင်လည်းကြီးလှစွာသော အချုပ်အနှောင်များနှင့်အတူပခုံးပြောင်းတာဝန်ယူနေကြရသည်။ ဖြောင့်မတ်သန့်ရှင်းသောအစိုးရ ဟူသောကြွေး ကျော်ချက်များအဖန်ဖန်တလဲဆိုထားကြပြီမို့၊ အခွင့်အရေးတည်းဟူသောနတ်သုဒ္ဓာကြီး ကိုသာမြင်ယောင်နေ ကြသောမိမိ၏မိသားစုများကအစအားလုံးကိုနိုင်နင်းအောင်ထိန်းသိမ်းကြရမည့် မဟာတာဝန်ကြီးရှိလာသည်။ နီးစပ်ရာချဉ်းကပ်ကြသူများကိုလည်းသတိနှင့်ဆက်ဆံနေကြရသောအချိန်အခါကြီးလည်းဖြစ်သည်မို့၊ “ရာထူးရှိ မှကြီးကျယ်လိုက်တာ” ဟူသောအသံများထွက်လာတော့မည်ဖြစ်သည်။ ယခင်ကကဲ့သို့ဟေးလားဝါးလားလက် လွတ်စပါယ်နေရသောဘ၀မဟုတ်ကြတော့။ ယခုအစိုးရ ၀န်ကြီး/၀န်ကလေးတို့ ယခင်အပေါင်းအသင်းဆွေမျိုး များကိုရှောင်ခြင်းရှားခြင်းအလုပ်ကိုလုပ်လာ ကြမည်ကို ကြိုတင်မြင်ယောင်လာပါသည်။ ထစ်ကနဲရှိFacebook ကဲ့သို့လူမှုကွန်ယက်တွင်တင်ပြီးကြေငြာမောင်းခတ်ရန်စောင့်ဆိုင်းနေသောမ,တထောင်သားများ၏ လက်မနှေး သော၊ ကလောင်ချက်များကလည်းအဆင်သင့်။
အစိုးရအဖွဲ့ဝင်နှင့်ဒေသဆိုင်ရာအစိုးရအဖွဲ့ကြီးတို့ယခုအချိန်၊ ရိုးရိုးသားသားနေကြကြောင်းသက်သေထူ သည့် အနေဖြင့်၊ စက်ဘီး/ဆိုက္ကားတို့ဖြင့်ရုံးတက်ပြခြင်း။ လမ်းဘေးလဖက်ရေဆိုင်တို့တွင်အရပ်သားများ နှင့်အတူ လဖက်ရေသောက်ပြခြင်း၊ မိမိပိုင်စုဆောင်းငွေမဖြစ်စလောက်ကို မမေးမြန်းရဘဲနှင့်အိပ်သွန်ဖာ မှောက်ကြွား လုံးထုတ်ကြရခြင်းတို့ဖြင့်၊ လူမှုကွန်ယက်သို့သတင်းလွှင့်ကြရချိန်ဖြစ်သည်။
နောင်(၅) နှစ်ကြာ၊ ရာထူး တာဝန် လွှဲရချိန်တွင်၊ ဤလိုဘ၀မျိုးဆက်တည်နိုင်၊ကြွားနိုင်သောအဖြစ်မျိုးကို လူထုကဆက်တွေ့ချင်မည်မှာအမှန်။ (၅)နှစ်ဟူသောကာလအတွင်းလူထုသန်း(၅၀)ကျော်ကိုဇိကုတ်နတ်ပြည်
တင်ရန်မှာလွယ်သောအလုပ်မဟုတ်။ သို့သော် အများလူထုကတော့လုံခြုံသောမိသားစုလူနေမှုစနစ်ကို အခြေ တည်နိုင်သည့်၊ အုပ်ချုပ်မှုဝန်ထုပ်ဝန်ပိုးရှိမှန်းမသိရသည့် (၀ါ) အစိုးရရှိမှန်းပင်မသိရသည့် လူနေမှုဘ၀ကိုတော့ အစပျိုးနိုင်လိမ့်မည်ဟုတောင့်တမိသည်မှာအမှန်။    

No comments:

Post a Comment