"ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ၊ လေးတန်စုံစေ့၊ ဗုဒ္ဓနေ့"..လို့ခေါ်တဲ့
ကဆုန်လပြည့်နေ့မှာ၊ ပျဉ်းမနားမြို့ကုတင်(၅၀)ဆန့်ဆေးရုံကြီးမှာ သမီး "သိမ့်"
နဲ့ "သက်"တို့ကို ကိုယ်တိုင်မွေးဖွားပေးခဲ့ပါတယ်။
အဲ့ဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ကဆုန်လပြည့်နေ့ဖြစ်သလို၊ သောကြာနေ့လည်းကျရောက်တာကို
သတိထားမိပါတယ်။
မွေးဖွားစဉ်မှာကူညီပေးခဲ့ကြတဲ့ သူနာပြုဆရာမကြီး ဒေါ်မြင့်မြင့်၊
ဒေါ်သန်းမြင့်၊ ဒေါ်တင်အောင်၊ ဒေါ်တင်ညိုလေး နဲ့ဆေးရုံဝန်ထမ်းများအားလုံး၊
နေ့စဉ်ရက်ဆက်ကူညီစောင့်ရှောက်ပေးကြတဲ့မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးနဲ့ ဘက်စုံသားဖွားဆရာမများအားလုံး တို့ရြဲ့ကျေးဇူးကိုသတိရအောက်မေ့လျက်ပါ။
အတောင်အလက်စုံလင်ကြလို့ဘ၀ရဲ့လောကဓံ(၈)ပါးရောပြွန်းတဲ့ဘ၀ခရီးကိုရှောက်လှမ်းနေကြပါပြီ။
ကွယ်လွန်သူမိခင်ကြီးရဲ့တောင့်တချက် မာ(၂)မာဖြစ်တဲ့
သမီးလေးတွေကျန်းမာခြေင်း၊
လိမ္မာရေးခြားရှိခြင်းတို့နဲ့ပြီးပြည့်စုံကြပါစေ...လို့.။
No comments:
Post a Comment